ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန် လွယ်ကူထိရောက်သည့် အခြေအနေများ ဖန်တီးဆောင်ရွက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်ရန် လွယ်ကူထိရောက်သည့် အခြေအနေများ ဖန်တီးဆောင်ရွက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်စေရန် လွယ်ကူထိရောက်သည့် အခြေအနေများဖန်တီးဆောင်ရွက် နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့တွင် ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်စေရန် လွယ်ကူထိရောက်သည့် အခြေအနေများဖန်တီးဆောင်ရွက် နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့တွင် ပြောသည်။

မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တိုကျိုမြို့သို့ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကုန်သည်ကြီးများအသင်းနှင့်တွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။‘‘အသေးစားနဲ့ အလတ်တန်းစား ရင်းနှီးမြှုပ်နှံမှုကို အများကြီး ကြိုဆိုပါတယ်။ ဒါက ကျွန်မတို့ နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်သလို အခုဂျပန်နိုင်ငံမှာရှိနေတဲ့ အသေးစား နဲ့ အလယ်လတ်တန်းစားရင်းနှီး မြှုပ်နှံမှုကို တခြားမှာ ရွှေ့ဖို့လိုအပ် လာတယ်လို့ တချို့က မြင်နေပါ တယ်’’ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ဂျပန်ကုန်သည်ကြီးများအ သင်းနှင့် တွေ့ဆုံပွဲတွင် မြန်မာလူ ငယ် စီးပွားရေးလုပ်ငန်းရှင်များ အား ချီးကျူးပြီး ပူးပေါင်းဆောင် ရွက်မှုကို ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။

ယမန်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက သဘာပတိ အဖြစ် ဆောင်ရွက်သည့် မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေးသို့ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့နှင့်အတူတက်ရောက်ခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများအကြား အခြေခံအဆောက်အအုံမျှတစွာ တိုးတက်မှုရှိရန် အဓိကထား သည့်သုံးနှစ်မဟာဗျူဟာသစ်ကို သဘောတူ ချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်ကာကွယ် ရေးတို့ကို အဓိကထားသည့် ပူး ပေါင်းဆောင်ရွက်ရေးအတွက် လည်း မဲခေါင်ငါးနိုင်ငံမှ ခေါင်း ဆောင်များနှင့် ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့က အတည်ပြုသည်။

ယင်းနောက် မြောက်ကိုရီး ယား၏ နျူကလီးယား၊ ဒုံးလက် နက်အစီအစဉ်များနှင့် တောင် တရုတ်ပင်လယ်တွင် တရုတ်၏ စစ်အင်အားတိုးချဲ့သည့်ဖြစ်စဉ် များအပေါ် စိုးရိမ်ပူပန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

မဲခေါင်ငါးနိုင်ငံနှင့် ဂျပန် နိုင်ငံတို့သည် ဆက်သွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ရုပ်သံ ထုတ်လွှင့်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ခြင်းသာမက လူသား ရင်းမြစ်ဖွံ့ဖြိုးမှုမှ ဖန်တီးအသိ ဉာဏ်တု (AI) ၏ အရေးပါမှု၊ ဒစ် ဂျစ်တယ် ဆက်စပ်နယ်ပယ်များ နှင့် နိုင်ငံတကာစီးပွားရေးလုပ် ငန်းများကို အဓိကထားဆွေးနွေး ခဲ့သည်ဟု Japan Today သတင်း ဌာနက ဖော်ပြသည်။

ထို့အပြင် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး၏ စီးပွား ရေးဆွေးနွေးပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြီး ဒီမိုကရေစီအသွင် ကူးပြောင်းမှုနှင့် ရေရှည်ဖွံ့ဖြိုးမှု တိုးတက်ရေး ကူညီသည့် ဂျပန် အစိုးရကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၀ ရက်) တွင် နေပြည်တော်သို့  ပြန်လည်ရောက်မည်ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky