ရစ်ချက်ဆန် နုတ်ထွက်သော်လည်း ရခိုင်အရေး အကြံပေးအဖွဲ့၏ ရပ်တည်မှုကို မထိခိုက်ဟု ဆူရာကီရတ်ဆို

ရစ်ချက်ဆန် နုတ်ထွက်သော်လည်း ရခိုင်အရေး အကြံပေးအဖွဲ့၏ ရပ်တည်မှုကို မထိခိုက်ဟု ဆူရာကီရတ်ဆို



ထင်ရှားသော အဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွားသည့်တိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အ ကြံပေးအဖွဲ့၏ ရပ်တည်မှုနှင့် သမာသမတ်ကျမှုများကို ထိခိုက်စေမည်မဟုတ်ကြောင်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီရတ် ဆာသီရာထိုင်းက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထင်ရှားသော အဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွားသည့်တိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အ ကြံပေးအဖွဲ့၏ ရပ်တည်မှုနှင့် သမာသမတ်ကျမှုများကို ထိခိုက်စေမည်မဟုတ်ကြောင်း အဖွဲ့ဝင် တစ်ဦးဖြစ်သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီရတ် ဆာသီရာထိုင်းက ပြောကြား သည်။

ထိုင်းအစိုးရတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ဖူးသည့် ဆူရာကီရတ်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ အဆိုပါအဖွဲ့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦး ဆောင်သော ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ ထောက်ခံတင်ပြမှုများ အကောင်အထည်ဖော်ရာတွင် ကူညီအကြံပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည်။

မကြာမီက ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားကွဲလွဲမှု ကြောင့် အမေရိကန်ဝါရင့်နိုင်ငံရေးသမားဟောင်း ဘီလ်ရစ်ချက်ဆန် အကြံပေးအဖွဲ့ဝင်အဖြစ်မှ  နုတ်ထွက်ပြီးနောက် ယခုအခါ အဆိုပါအဖွဲ့တွင် ဆူရာကီရတ်  အပါအဝင် နိုင်ငံတကာမှ လေးဦးနှင့် မြန်မာနိုင်ငံမှ ငါးဦးတို့သာ ကျန်ရှိတော့သည်။ ရစ်ချက်ဆန်သည် အဖွဲ့ဝင်အားလုံးအနက် နိုင်ငံတကာမျက်နှာစာတွင် အ ထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်တိုင် လက်ကျန်ကိုးဦးက  အကြံပေးအဖွဲ့၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်စွမ်း ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

‘‘နိုင်ငံတကာက အဖွဲ့ဝင် လေးဦးနဲ့ မြန်မာဘက်က အဖွဲ့ဝင် ကိုးဦးစလုံးမှာ လုပ်နိုင်စွမ်း အများကြီး ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အများကြီး ပိုင်ဆိုင်ထားသလို ဒီအတွေ့အကြုံတွေအပေါ် အခြေခံပြီး အကြံပေးတင်ပြမှုတွေ ပြုလုပ်သွားမှာပါ’’ဟု ဆူရာကီရတ်က ဖေဖော်ဝါရီ ၁ ရက် အင်တာဗျူးတွင် ပြောကြားသည်။

အမေရိကန်နိုင်ငံ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချက်ဆန်က ၎င်းသည် မြန်မာအစိုးရအပေါ် ဂုဏ်တင်ချီးမြှောက်ပေး  နေရသည့် အဖွဲ့အစည်းတစ်ခု၏ အစိတ်အပိုင်း မဖြစ်လိုကြောင်းပြောကြားခဲ့သလို အကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များသည် အခြေအနေမှန်များကို ဖုံးကွယ်သကဲ့သို့ ဖြစ်နေကြောင်း စွပ်စွဲခဲ့ သည်။ နိုင်ငံတကာမီဒီယာများ တွင် ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ ရစ်ချက်ဆန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား သဘောထားကွဲလွဲပြီး ရစ်ချက်ဆန် နုတ်ထွက်ခဲ့ကြောင်း ဖော်ပြခဲ့ သည်။

ဆူရာကီရတ်က ‘‘အုပ်ချုပ်ရေးမှူး ရစ်ချက်ဆန်က သတင်းခေါင်းကြီးပိုင်းတွေကို အသုံးချဖို့ ဆုံးဖြတ်လိုက်တာကတော့ ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ပြောရမှာပေါ့။ ရခိုင်ပြည်နယ် အ ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ဖွင့်ဆိုတာနဲ့ ပြည်တွင်းမှာ ဖွင့်ဆိုတဲ့ အမြင်တွေက ကွာဟချက် အရမ်းကြီးပါတယ်။ အကြံပေး အဖွဲ့လုပ်ရမယ့် ကိစ္စတစ်ခုက အဲဒီကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ပါ’’ဟု မှတ်ချက်ပေးခဲ့သည်။

ရစ်ချက်ဆန်က ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်၍ ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံရသောကိစ္စအပေါ် အလေးထား ဝေဖန်သော်လည်း ဆူရာကီရတ် ကမူ ၎င်းအပါအဝင် အကြံပေး အဖွဲ့ဝင် အားလုံးသည် ထိုအမှု၌ဥပဒေနှင့်အညီ စီမံကိုင်တွယ်ခဲ့မှု ရှိ၊ မရှိ အကြိမ်ကြိမ်အဖန်ဖန် ဆန်းစစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆူရာကီရတ်က အကြံပေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်သို့ မီဒီယာများ သွားရောက်နိုင်မှု ပိုမိုခွင့်ပြုပေးရေး တိုက်တွန်းသွားရန် လိုလားကြောင်းလည်း ထည့်သွင်း ပြောဆိုသည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky