ရန်ကုန်ဆေးရုံကြီးအား အဆင့်မြှင့်ရန် လုပ်ငန်းများစွာရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်ဆေးရုံကြီးအား အဆင့်မြှင့်ရန် လုပ်ငန်းများစွာရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ရန်ကုန်၊ နိုဝင်ဘာလ ၁ ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအခြေအနေမှာ လိုချင်သည့်အဆင့်အတန်းထိ မရောက်ရှိသေးဘဲ အဘက်ဘက်မှ ပြန်လည်လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိသေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်၊ နိုဝင်ဘာလ ၁ ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအခြေအနေမှာ လိုချင်သည့်အဆင့်အတန်းထိ မရောက်ရှိသေးဘဲ အဘက်ဘက်မှ ပြန်လည်လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိသေးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်နေ့က ရန်ကုန် ဆေးတက္ကသိုလ် (၁) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထို့်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှေးယခင်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် တစ်တိုင်းပြည်လုံးမှ အားကိုးအားထားပြုရသော ဆေးရုံကြီး အဖြစ်ရှိခဲ့သော်လည်း နောက်ပိုင်း ကာလများတွင် ပံ့ပိုးမှုများအားနည်းခဲ့ခြင်း အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အဆင့်အတန်းနိမ့်ကျခဲ့ရပြီး မိမိတို့အစိုးရသစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလမှစ၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

"အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ကောင်းမွန်လာရင် ပြည်သူတွေ အနေနဲ့ ဆေးရုံတွေမှာ လာရောက်ကုသမှုခံယူဖို့အတွက် လိုအပ်ချက်နည်းပါးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူသူနည်းပါးလာမယ်ဆိုရင် ဆေးရုံတက် လူနာ တစ်ဦးတစ်ယောက် ချင်းစီကိုလည်း ပြုစုကုသစောင့်ရှောက်မှုတွေ ပိုပြီးတိတိကျကျ အဆင့်မြင့်မြင့်၊ ပြည့်စုံစွာနဲ့ ကုသမှုပေးနိုင်မှာ ဖြစ်ပါတယ်"ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆေးရုံနှင့် ဆေးရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ သန့်ရှင်းသာယာလှပရေးအတွက် စာသင်ကျောင်းများမှ စတင်၍ လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ပြီး ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် အဆောက်အဦတစ်ခုချင်းသီးသန့်သာ ဆောင်ရွက်ရန်မဟုတ်ဘဲ အားလုံးကိုခြုံငုံသုံးသပ်ပြီး ရေရှည်တွင် မည်ကဲ့သို့တိုးတက်မှု ပုံစံမျိုး ရရှိလိုသည်ကို စဉ်းစားပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာလာရောက် ကုသမှုမှာ ၂ဝ၁၃ ခုနှစ်တွင် ၂၄၅,၇၉ဝ ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၄၄ဝ,၂၃၁ ဦး ဖြင့် လူနာဦးရေ နှစ်ဆခန့် မြင့်မားလာသည်။

၂ဝ၁၇ ခုနှစ်တွင် အတွင်းလူနာဦးရေ ၈၉,၈၇၂ ဦး၊ ခွဲစိတ်ကုသလူနာ ၂၃,၇၄၅ ဦးတို့ တက်ရောက်ကုသမှုခံယူနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky