ရာသီတုပ်ကွေး ဖြစ်ပွားခဲ့သည့် ဒေသများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်

ရာသီတုပ်ကွေး ဖြစ်ပွားခဲ့သည့် ဒေသများသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက်လှူဒါန်းမည်


မန္တလေး၊ အောက်တိုဘာ ၂၂ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ရာသီတုပ်ကွေး ဖြစ်ပွား ခဲ့သည့်ဒေသများသို့ အောက်တို့ဘာ ၂၄ရက်တွင် ဒေါ်ခင်ကြည်ဖာင်ဒေးရှင်းမှ ကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သွားရောက်လှူဒါန်းမည့်အဖွဲ့မှ ကိုအောင်ဆန်းမြင့်ကပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေး၊ အောက်တိုဘာ ၂၂ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ရာသီတုပ်ကွေး ဖြစ်ပွား ခဲ့သည့်ဒေသများသို့ အောက်တို့ဘာ ၂၄ရက်တွင် ဒေါ်ခင်ကြည်ဖာင်ဒေးရှင်းမှ ကျပ်သိန်း ၁၆၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သွားရောက်လှူဒါန်းမည့်အဖွဲ့မှ ကိုအောင်ဆန်းမြင့်ကပြော သည်။

ရာသီတုပ်ကွေးပြင်းထန်စွာခံစားခဲ့ရသည့် ဟဟောင်ကျေးရွာ၊ဝန်ချက်ကျေးရွာ၊ ရှန်ဟဲနတ်ညိုကျေးရွာ၊ ရှန်ဟဲ ပေါ်ကွန်ကျေးရွာ၊ လန်းပန်းကျေးရွာ၊ ဟချွန်းဆာကျေးရွာ နှင့် ရန်နောင်စန်ရီကျေးရွာ တို့ရှိ အိမ်ထောင်စု ၆၃၉ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည် တစ်အိတ်၊ နို့ဆီဘူး ၂ ဘူး ၊ မိုင်လိုအထုတ်ကြီး ၁ ထုပ်၊ ကွေကာအုပ်အထုတ်ကြီး ၁ ထုပ်၊ Family မုန့်ပုံး ၁ ပုံးတို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

"လွှတ်တော်ကိုယ်စားလှယ်နဲ့ ဖြစ်တဲ့နေရာတွေဆီကို ခန္တီးကနေတစ်ဆင့်သွားမယ်။အရင်ကတည်းက ခပ်စော စောသွားဖို့ပါ။ရာသီဥတုမကောင်းတဲ့အတွက် ဒီနေ့မှ သွားဖြစ်တာပါ။"ဟု သွားရောက်လှူဒါန်းမည့်အဖွဲ့ မှ ကိုအောင်ဆန်းမြင့် က ပြောသည်။

၎င်းဒေသတွင် ဖြစ်ပွားနေသည့် ရောဂါကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မှ စက်တင်ဘာလ ၈ ရက်နေ့အထိ သေဆုံးသူ (၇) ဦးရှိခဲ့ပြီး ရောဂါ၏ လက္ခဏာများမှာ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာခေါင်းသွေးယို၊ အသက်ရှူကြပ်ခြင်း နှင့်အချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky