ရာသီဥတုပြောင်းလဲမှုနှင့် ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မန္တလေးတွင် ကျင်းပ

ရာသီဥတုပြောင်းလဲမှုနှင့် ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မန္တလေးတွင် ကျင်းပ


မြန်မာနိုင်ငံ၏ ရာသီ ဥတုပြောင်းလဲမှုများနှင့် ပတ်သက်၍ ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့တွင် အောက်တိုဘာ ၁၉ ရက်က ကျင်းပသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံ၏ ရာသီ ဥတုပြောင်းလဲမှုများနှင့် ပတ်သက်၍ ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့တွင် အောက်တိုဘာ ၁၉ ရက်က ကျင်းပသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (MCCA) တို့ ပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ကယား၊ ရှမ်း ပြည်နယ်နှင့် တိုင်း ခုနစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်။

MCCA နှင့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ၂၀၁၃ က စတင်ရေးဆွဲခဲ့ပြီး အဆိုပါ မူဝါဒနှင့် မဟာဗျူဟာ အစီအစဉ်များကို ပိုမိုရှင်းလင်းစွာသိရှိနိုင်ရန် ယခုအလုပ်ရုံဆွေးနွေး ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသန်းအေးက ပြော သည်။

‘‘တိုင်းဒေသကြီးနဲ့ ပြည်နယ် ကဏ္ဍအလိုက် ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေရှိတယ်။ ဒါကို ဘယ် လိုဆောင်ရွက်ရမယ်ဆိုတဲ့အပေါ် မှာ အထောက်အကူဖြစ်အောင် အခုလိုဆွေးနွေးတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးတိုင်း ဒေသကြီး၌ ရာသီဥတုပြောင်း လဲမှုများကြောင့် ရာသီအလိုက် သဘာဝဘေးအန္တရာယ် စိုးရိမ်ရ သည့် ဒေသများရှိနေကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောသည်။

‘‘မန္တလေးတိုင်းအတွင်း ဒီလို အချိန်တွေမှာ သပိတ်ကျင်း၊ ရမည်းသင်း၊ စဥ့်ကူး စတဲ့နေရာ တွေမှာ စိုးရိမ်ရတယ်။ တချို့နေ ရာတွေ မစိုးရိမ်ရဘူး။ အဲဒီနေရာ တွေမှာ ရေကြီးတယ်၊ လမ်းတွေ ပျက်တယ်၊ လူတွေ ထိခိုက်တယ်၊ ငလျင်ဒဏ်ခံရနိုင်တယ်’’ဟု ၎င်းက ဆိုသည်။

ရာသီဥတုပြောင်းလဲမှုများ သည် ယခင်က သစ်တောများကို ခုတ်၍ သစ်အလုံးလိုက် ရောင်း ချခြင်းများကြောင့် ယခုအချိန် တွင် သဘာဝဘေးအန္တရာယ်များ ကို ခံစားနေရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြော သည်။ ယခုကဲ့သို့ အလုပ်ရုံဆွေး နွေးပွဲများ ကျင်းပခြင်းမှာ အကျိုး ရှိကြောင်း ၎င်းက ဆိုသည်။ မန္တ လေးမြို့၌ ကျင်းပသည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် တတိယအကြိမ်ဖြစ်ပြီး ယခင်က ရန်ကုန်နှင့် ပုသိမ်မြို့တို့တွင် ကျင်းပခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky