သတ္တမအကြိမ် လွှတ်တော်လည်ပြန်

သတ္တမအကြိမ် လွှတ်တော်လည်ပြန်


ဒုတိယအကြိမ် လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများကို ဇန်နဝါရီ ၁၅ ရက်မှ မတ်လ ၃၀ ရက်အထိ နှစ်လခွဲကြာကျင်းပခဲ့ သည်။ ယခုတစ်ကြိမ်လွှတ်တော် အစည်းအဝေးကာလအတွင်း နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောင်းအလဲ တို့က အထင်ရှားဆုံးဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒုတိယအကြိမ် လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများကို ဇန်နဝါရီ ၁၅ ရက်မှ မတ်လ ၃၀ ရက်အထိ နှစ်လခွဲကြာကျင်းပခဲ့ သည်။ ယခုတစ်ကြိမ်လွှတ်တော်  အစည်းအဝေးကာလအတွင်း နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောင်းအလဲ တို့က အထင်ရှားဆုံးဖြစ်သည်။

ထို့အပြင် ပွဲဆူစေခဲ့သော ဥပဒေပြဋ္ဌာန်းရေး ကိစ္စရပ်များ ကြောင့်လည်း ယခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးကို လေ့ လာစောင့်ကြည့်မှု မြင်တက်ခဲ့ သည်။ အခွန်သက်သာခွင့်ပြု၊ မပြု လွှတ်တော်နှင့် အစိုးရ အားပြိုင် ခြင်း၊ ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက် အပေါ် အငြင်းပွားခြင်းစသည့် အ ခြေအနေတို့ကြောင့် လှုပ်လှုပ်ခတ် ခတ်ရှိခဲ့သည်။

သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့မှ ထင်ရှားသည့် ဆောင်ရွက်ချက်အ ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။

ခြောက်လဘတ်ဂျက်  အတည်ပြုခြင်း

သတ္တမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ခြောက် လဘတ်ဂျက်အတွက် ပြည်ထောင် စုလွှတ်တော်၏ အတည်ပြုချက်ရ ယူခြင်းသည် အဓိကအစိတ်အ ပိုင်းအဖြစ် ပါဝင်သည်။ ကြားကာ  လခြောက်လဘတ်ဂျက် (၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ) အ တွက် ပြည်ထောင်စု၏ စုစုပေါင်း အသုံးစရိတ်ကို ကျပ် ၁၀,၆၇၈ ဘီ လီယံတောင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က ၁၀၅ ဘီလီယံဖြတ် တောက်၍ ခွင့်ပြုခဲ့သည်။

ဘတ်ဂျက်အများဆုံးဖြတ် တောက်ခံရသည့် ဝန်ကြီးဌာန သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖြစ် သည်။ ထို့နောက်ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည် ဖြင့် အစဉ်လိုက်ဖြတ်တောက်ခံရ သည်။

 ဘတ်ဂျက်အများဆုံး တောင်းခံသည့် ဝန်ကြီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ နဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၂၇ ရာခိုင်နှုန်းကျော် တောင်းခံခဲ့ သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ၂၁ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကာကွယ် ရေးဝန်ကြီးဌာနက ၁၂ ရာခိုင်နှုန်း ကျော်ဖြင့် တတိယအများဆုံး တောင်းခံခဲ့သည်။

အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရ အသုံးဆိုင်ရာဥပဒေ ကြမ်းတို့အပေါ် အမတ်များ၏ တင်ပြဆွေးနွေးချက်များနှင့် ပတ် သက်၍ အစိုးရဝန်ကြီးဌာနအများ စုက ယေဘုယျလက်ခံသဘောတူ ပြီး အကြံပြုချက်များကို လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်သို့ ပြောကြား ခဲ့သည်။

အကြိတ်အနယ်ဖြစ်ခဲ့သည့်အခွန်အကောက်ဥပဒေ

၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အ တည်ပြုရာတွင် အကြိတ်အနယ် ဖြစ်ခဲ့သည်။ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ယင်းဥပဒေ ကြမ်းကို လွှတ်တော်သို့ စတင်တင် သွင်းချိန်တွင် ယခင်နှစ်ဥပဒေ အတိုင်းများစွာ ပြင်ဆင်မထားဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်များကို လာမည့် အခွန်ဘဏ္ဍာနှစ် ပထမခြောက်လပတ်၌ ၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လပတ်၌ ၅ ရာ ခိုင်နှုန်းအခွန် ပေးဆောင်ရန်တင်ပြခဲ့သည်။

သို့သော် ပြည်ထောင်စုလွှတ် တော်  ဥပဒေကြမ်းပူးပေါင်းကော် မတီက ယင်းဥပဒေကြမ်းအပေါ် ပုဒ်မ ၂၅ နှင့် ပတ်သက်၍ အခွန် ကောက်ခံမှုနှုန်းထားကို အနည်း ဆုံး ၃ ရာခိုင်နှုန်းမှ အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ပြင်ဆင်ခဲ့သည်။

ယခင်နှစ်အခွန်အကောက် ဥပဒေတွင် စည်းကြပ်မှုမှ လွတ် ကင်းနေသော ဝင်ငွေအပေါ်၌ လည်းကောင်း၊  ဝင်ငွေရလမ်းတင် ပြခြင်းမရှိပါက အထက်ပါကိစ္စရပ် များအတွက် အသုံးပြုသည့်ဝင်ငွေ အပေါ်၌လည်းကောင်း၊  ကျပ် သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးရာထက်ကျော်လွန် ပါက ကျပ် သိန်းတစ်ထောင်အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ် ထောင် အထက်ဖြစ်ပါက ၃၀ ရာ ခိုင်နှုန်း ပေးဆောင်စေရန် သတ် မှတ်ထားသည်။

ယင်းသို့ အခွန်နှုန်းထားများ ကို ကန့်သတ်ချက်ဖြင့် လျှော့ချ ကောက်ခံရန် စီစဉ်လာမှုကို လွှတ် တော်ကိုယ်စားလှယ် ၂၈ ဦးပါဝင် ဆွေးနွေးခဲ့ပြီး အများစုက အခွန် လျှော့ချကောက်ခံရန် အစီအစဉ် ကို ပြန်လည်သုံးသပ်ရန် တိုက် တွန်းခဲ့သည်။

ထို့အတွက် ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင် သန်းက ယင်းဥပဒေကြမ်းကို သက်ဆိုင်ရာအဖွဲ့အစည်း အသီး သီးပြန်လည်ဆွေးနွေး ညှိနှိုင်းရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးတွင် ကန့်သတ် ချက်ဖြင့် အခွန်သက်သာခွင့်ပြု မည့် အစီအစဉ်သည် သီးခြားဥပ ဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရမည့် ကိစ္စဖြစ်၍ ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၌ ထည့်သွင်းခြင်းမပြုရန် ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ် သည်။

အခွန်သက်သာခွင့်ပြုမည့် အစီအစဉ်ကို စီးပွားရေးလုပ်ငန်း ရှင်များက စိတ်ဝင်တစားစောင့် ကြည့်ခဲ့ပြီး ခွင့်ပြုသင့်၊ မသင့် ငြင်းခုန်ခဲ့သည်။

ထို့ကြောင့် ၂၀၁၈ ပြည် ထောင်စု၏ အခွန်အကောက်ဥပ ဒေကြမ်းတွင် ယမန်နှစ်အခွန်အ ကောက် ဥပဒေအတိုင်း အခွန်နှုန်း ထားများ ပြောင်းလဲမှုမရှိဘဲ ကောက်ခံမည်ဖြစ်သည်။

ပွဲဆူစေသည့် ငြိမ်းစုစီ

ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဝေဖန်ခံ နေရသည့် ငြိမ်းစုစီဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်က အတည်ပြုခဲ့ သည်။ အတည်မပြုမီ ယင်းဥပဒေ ကြမ်းနှင့်ပတ်သက်၍ ဒီချုပ်အမတ် များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ကန့်ကွက်သူများရှိသော်လည်း မဲ ခွဲဆုံးဖြတ်ချိန်တွင် အတည်ပြုရေး က အသာရခဲ့သည်။

ငြိမ်းစုစီ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၌ အတည်ပြုပြီးနောက် နှစ်ရက်အကြာတွင် ပြည်သူ့လွှတ် တော်သို့ ရောက်ရှိလာသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက အမျိုးသားလွှတ် တော်က အတည်ပြုသည့် ယင်း ဥပဒေကြမ်းကို စကားရပ်အချို့ သာ ပြင်ဆင်ခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်ပတ် သက်၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် အမည်စာရင်းပေး သွင်းထားသည့် လွှတ်တော်ကိုယ် စားလှယ် ၈၀ ဦး ရှိသည်။ ယင်းပ မာဏသည် ဒုတိယအကြိမ်လွှတ် တော်သက်တမ်း ၂ နှစ်ကျော်အ တွင်း ကိုယ်စားလှယ်အများဆုံး ပါ ဝင်ဆွေးနွေးသည့် ဥပဒေကြမ်း တစ်ခု ဖြစ်လာသည်။ ယင်းလွှတ် တော်ကိုယ်စားလှယ် ၈၀ ဦးစာ ရင်းတွင် တပ်မတော်သားကိုယ် စားလှယ် ၆၀ ဦးပါဝင်သည်။

သို့သော် ပြည်သူ့လွှတ်တော် ၌ ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးမည့်ရက် မကြေညာမီ သမ္မတအပြောင်းအလဲနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယနေရာများ အပြောင်းအလဲဖြစ်ခဲ့၍ ယင်းဥပဒေကြမ်းကို  ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးများ၌ အပြီးသတ်ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။

ပြည်ပချေးငွေများ

သတ္တမပုံမှန်လွှတ်တော်အ စည်းအဝေးများအတွင်း ပြည်ပ ချေးငွေရယူမှုသည် လက်ရှိအစိုးရ လက်ထက်အများဆုံး ရယူသည့် ပမာဏဖြစ်ခဲ့သည်။

အဆိုပါ အစည်းအဝေးများ အတွင်း ပြည်ပနိုင်ငံများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများထံမှ ချေး ငွေရှစ်ခုကို ပြည်ထောင်စုလွှတ် တော်က ဆွေးနွေးအတည်ပြုနိုင်ခဲ့ သည်။

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ချေး ငွေပေးနိုင်ရေး ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ယန်း ၁၄ ဘီလီယံကျော်ချေးယူရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ တင် ပြ၍ အတည်ပြုချက်ရယူခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန က JICA ထံမှ ယန်း ၁၅ ဘီလီယံ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အာဆီယံအခြေခံ အဆောက်အ အုံရန်ပုံငွေ (AIF) တို့ ထံမှ စုစု ပေါင်းကန်ဒေါ်လာသန်း ၄၄၀ ချေး ယူရန် ပြည်ထောင်စု လွှတ်တော် သို့ တင်ပြခဲ့သည်။

JICA ထံမှ ယန်း ၁၅ ဘီလီ ယံ ချေးယူခြင်းသည် ပြည်သူများ အတွက် တန်ဖိုးနည်းနှင့် တန်းဖိုး သင့်အိမ်ရာများ တည်ဆောက်ရန် ဖြစ်သည်။ ADB နှင့် AIF တို့ထံမှ ချေးငွေကန်ဒေါ်လာသန်း  ၄၄၀ သည် မဟာမဲခေါင်ဒေသခွဲ အ တွင်းရှိ လမ်းမကြီးသုံးလမ်းကို အ ဆင့်မြှင့်တင်ရန်နှင့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများဆောင်ရွက်ရန်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက တင်ပြသည်။

ထို့အပြင် ထားဝယ်အထူးစီး ပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်သည့် မေတ္တာ-ထီးခီး လမ်း အဆင့်မြှင့်တင်ရန် ထိုင်းအ စိုးရကိုယ်စားပြုအဖွဲ့ (NEDA) ထံ မှ  ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ချေးယူရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ် တော်ထံမှ အတည်ပြုချက်ရယူခဲ့ သည်။ဝန်ကြီးဌာနသုံးခုပေါင်း၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ယန်း ၈၇ ဒသမ ၀၉၁ ဘီလီယံချေးယူရန် ပြည် ထောင်စုလွှတ်တော်၏ သဘော တူညီချက်ရယူခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနတို့က အထက်ပါချေးငွေ ကို သုံးစွဲမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြင်သစ်ဖွံ့ဖြိုးတိုး တက်ရေး အေဂျင်စီထံမှ ယူရို ၂၂ သန်းနှင့် ထောက်ပံ့ကြေး ယူရို ၅ သန်းရယူလိုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြု ချက်ရယူခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်  လွှတ်တော် ဥက္ကဋ္ဌအပြောင်းအလဲ

ပြီးခဲ့သည့်လွှတ်တော် အ စည်းအဝေးတွင် နိုင်ငံတော်သမ္မတ အပြောင်းလဲဖြစ်ခဲ့ရာ ဒုတိယအ ကြိမ်လွှတ်တော် သက်တမ်းအ တွက် အလှုပ်ခတ်ဆုံး အခိုက်အ တန့်ဖြစ်ခဲ့သည်။ သမ္မတဦးထင် ကျော်က မတ်လ ၂၁ ရက်တွင် တာဝန်မှနုတ်ထွက်ခဲ့ပြီး တစ်နေ့ တည်းမှာပင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခဲ့သည်။

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ တို့ နုတ်ထွက်ပြီးနောက် တစ်ရက် တည်းတွင်ပင် ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခဲ့သည်။ ပင်နီ လွှမ်းသော လွှတ်တော်တွင် ပြည် ခိုင်ဖြိုး ပါတီဝင်ဟောင်း ဦးတီ ခွန်မြတ် ဥက္ကဋ္ဌဖြစ်လာခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဦးတီခွန်မြတ်သည် လက်ရှိ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူဖြစ်၍ ၎င်းကိုဥက္ကဋ္ဌနေရာပေးခြင်းသည် အံ့သြဖွယ်မရှိဟု နိုင်ငံရေးလေ့လာ သူအချို့က ဆိုသည်။ ဥက္ကဋ္ဌနေရာ ရေပန်းစားသူများ စာရင်းတွင် ပါဝင်ခဲ့သည့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။

လွှတ်တော်ဥက္ကဋ္ဌပြန်လည် ရွေးချယ်ပြီးနောက်တစ်ရက်တွင် နိုင်ငံတော်သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်စတင်ရာ လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်သည် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က တင် မြှောက်သည့် ဒုတိယသမ္မတဖြစ် လာသည်။

ပြည်သူ့လွှတ်တော်တွင် ဒီ ချုပ်ပါတီဝင်၂၅၃ ဦး သာရှိသော် လည်း ဦးဝင်းမြင့်သည် ထောက်ခံ မဲ ၂၇၃ မဲဖြင့် ဒုတိယသမ္မတဖြစ် လာသည်။ ထူးခြားချက်မှာ ကိုယ် စားလှယ် ၃၀ ဦးသာရှိသော ပြည် ခိုင်ဖြိုးပါတီက လွှတ်တော်ဥက္ကဋ္ဌ နေရာနှင့် ဒုတိယသမ္မတနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင် ခြေ စမ်းခြင်းဖြစ်သည်။

အဆိုပါရာထူးနှစ်ရပ်စလုံး အတွက် ပြည်ခိုင်ဖြိုးပါတီက ပျော် ဘွယ်အမတ် ဦးသောင်းအေးကို အမည်စာရင်းတင်သွင်းခဲ့ပြီး နှစ် ရက်အတွင်း နှစ်ကြိမ်ဆက်အရှုံး နှင့် ရင်ဆိုင်ခဲ့ရသည်။ ရရှိသော မဲရလဒ်များအရ ဦးသောင်းအေး ကို ပါတီတူအမတ်များနှင့် တပ် မတော်သား အမတ်များမှအပ ထောက်ခံသူမရှိခဲ့သော အခြေအ နေဖြစ်သည်။

ဦးသောင်းအေးသည် ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌနေရာအ တွက် ယှဉ်ပြိုင်စဉ် ထောက်ခံမဲ ၁၄၁ မဲရရှိခဲ့ပြီး ဥက္ကဋ္ဌဖြစ်လာသည့် ဦးတီခွန်မြတ်က ထောက်ခံမဲ ၂၈၀ ရသည်။ ထို့အပြင် ဒုတိယသမ္မတ နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဦးသောင်းအေးက ထောက်ခံမဲ ၂၇ မဲသာရရှိပြီး ဦးဝင်းမြင့်က ထောက်ခံမဲ ၂၇၃ မဲရရှိခဲ့သည်။

ဦးဝင်းမြင့်သည် မတ်လ ၂၁ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် မှ နုတ်ထွက်ပြီးနောက် တစ်ပတ် အကြာ မတ်လ ၂၈ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲပေးရွေးချယ်မှုဖြင့် နိုင်ငံတော် သမ္မတဖြစ်လာသည်။ ဦးဝင်းမြင့် သည် ထောက်ခံမဲ ၄၀၃ မဲရရှိကာ သမ္မတသစ်အဖြစ် တင်မြှောက်ခံရ သည်။ ထို့နောက် မတ်လ ၃၀ ရက် တွင် ၎င်း၏ ပထမဆုံး မိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်၌ ပြော ကြားခဲ့သည်။

သမ္မတနှင့် လွှတ်တော်သဘော ကွဲလွဲခဲ့သော စာရင်းစစ်ချုပ် ဥပဒေ

အပြန်အလှန်ထိန်းကျောင်းမှု အားနည်းကြောင်း ဝေဖန်ခံနေရ သည့် လက်ရှိလွှတ်တော်အနေဖြင့် အပြန်အလှန်ထိန်းကျောင်းမှုရှိနေ ကြောင်း သက်သေပြနိုင်သည့် ဆောင်ရွက်ချက်တစ်ရပ်ကို ပြီးခဲ့ သည့် အစည်းအဝေးကာလအ တွင်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ သ ဘောထားကို ဆန့်ကျင်၍ ပြည် ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်က ဇန်နဝါရီ ၁၉ ရက်တွင် အတည်ပြု ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် သည် နိုင်ငံတော်၏ ရသုံးငွေစာ ရင်းသာမက လုပ်ငန်းများအ ကောင်အထည်ဖော်ဆောင်ရွက် ခြင်းနှင့်ပတ်သက်သည့်  ကိစ္စရပ် များကိုလည်း စစ်ဆေးနိုင်မည့် ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သမ္မတ က သဘောမတူသော်လည်း ကိုယ်စားလှယ်အများစု ထောက် ခံမှုဖြင့် လွှတ်တော်ကအတည်ပြု ခဲ့သည်။

လွှတ်တော်က ပြင်ဆင်ထား သော စာရင်းစစ်ချုပ် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မကိုက် ညီဟုဆိုကာ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ရှစ်ချက် ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ ခဲ့သည်။ သို့သော် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက လွှတ်တော်၏ ပြင်ဆင်ချက်ကို ထောက်ခံခဲ့သည်။

ထိုသို့ ပြင်ဆင်ပြဋ္ဌာန်းပါက နိုင်ငံတကာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီကြောင်း ဦးမော်သန်းကဆိုသည်။ တပ်မ တော်သားကိုယ်စားလှယ်များကမူ သမ္မတ၏ သဘောထားကို ထောက်ခံကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီသာ ဆောင်ရွက် သင့်ကြောင်း ပြောသည်။

သို့သော်မဲခွဲဆုံးဖြတ်ချက်အ ရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥ ပဒေနှင့်ပတ်သက်၍ သမ္မတ၏ သဘောထားမှတ်ချက် ရှစ်ချက်အ နက် နှစ်ချက်ကိုသာ လွှတ်တော်က ပြန်လည်ပြင်ဆင်ပေးခဲ့သည်။ လွှတ်တော်၏ အတည်ပြုအချက် အရ ပြည်ထောင်စုစာရင်းစစ်ချုပ် သည် အစိုးရဌာန၊ အဖွဲ့အစည်း များ၏ ဖွဲ့စည်းပုံအင်အားနှင့် ထမ်းဆောင်သည့် လုပ်ငန်းတာဝန် လျော်ကန်မှုရှိ၊ မရှိခွင့်ပြုဝန်ထမ်း အင်အားအတွင်းခန့်ထားခြင်းရှိ၊ မရှိ စစ်ဆေးနိုင်တော့မည်ဖြစ် သည်။

ထို့အပြင် ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းများ၊ ၀န်ကြီး ဌာနများ၊ အစိုးရဌာန၊ အဖွဲ့အ စည်းများနှင့် နေပြည်တော်ကောင်  စီတို့၏ စီမံကိန်းနှင့် လုပ်ငန်းအ ကောင်အထည်ဖော် ဆောင်ရွက် မှုများသည် ပြည်သူတို့အတွက် အ မှန်တကယ်အကျိုးသက်ရောက်မှု ရှိ၊ မရှိစစ်ဆေးခြင်း၊ သမ၀ါယမ ပိုင် ပစ္စည်းများ ရယူထိန်းသိမ်း ခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း တို့ကို ပြည်ထောင်စုစာရင်း စာချုပ်၏ လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ထားသည်။

အငြင်းပွားဖွယ် လွှတ်တော်အဖွဲ့ ဥပဒေ

သတ္တမပုံမှန် အစည်းအဝေး ကာလအတွင်း အာဏာရပါတီနှင့် အတိုက်အခံ အင်အားစုတို့ အငြင်းပွားခဲ့ရသည့် ကိစ္စများတွင်  မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပ ဒေကြမ်း အတည်ပြုရေးလည်းပါ ၀င်သည်။ ယင်းဥပဒေကြမ်းသည် ဗဟိုဦးစီးချုပ်ကိုင်ရန် ပြင်ဆင် သောခြေလှမ်းတစ်ရပ်အဖြစ်  အ တိုက်အခံများက ရှုမြင်သည်။

သို့သော် အာဏာရပါတီက မူ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ    ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် လွှတ်တော်များ ပူပေါင်းဆောင် ရွက်မှု အားကောင်းစေရန် ပြဋ္ဌာန်း ခြင်းဟုဆိုသည်။ လွှတ်တော်နှစ် ရပ်စလုံး၌ယင်းဥပဒေကို ဆွေးနွေး ရာတွင် ရခိုင်အမျိုးသားပါတီဝင် အမတ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက အတည်မ ပြုသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

ဥပဒေပါ ဖွဲ့စည်းပုံအရပြည် ထောင်စုအဆင့်လွှတ်တော်များ က ပြည်နယ်နှင့် တိုင်းလွှတ်တော်  များကို ထိန်းချုပ်လိုသည့် သဘော ဖြစ်နေကြောင်း အတိုက်အခံအ မတ်များနှင့် တပ်မတော်သားကိုယ်  စားလှယ်များက ဝေဖန်သည်။

သို့သော် ထိုသို့ရည်ရွယ်ပြ ဋ္ဌာန်းခြင်းမဟုတ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက မန်း ၀င်းခိုင်သန်းက ဥပဒေပြဋ္ဌာန်းပြီး နောက် ပထမဆုံးအကြိမ် ပြုလုပ် သည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့  အစည်းအဝေးတွင် ရှင်းလင်းပြော ကြားသည်။

 ဥပဒေပြဋ္ဌာန်းခြင်းသည် လွှတ်တော်အဖွဲ့၏ လုပ်ငန်းများ ကို တိတိကျကျဆောင်ရွက်နိုင်စေ ရန်ဟု ၎င်းကဆိုသည်။ ထိုသို့ရှင်း လင်းပြောကြားမှုများ ရှိသော် လည်း မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကြမ်းသည် လွှတ် တော်သို့ တင်သွင်းချိန်မှ အတည် ပြုထုတ်ပြန်ပြီးချိန်အထိ အငြင်း ပွားမှုနှင့် ဝေဖန်မှုများရှိခဲ့သည်။

လွှတ်တော်ကကန့်ကွက်ခဲ့သော ရခိုင်အရေး ဆုံးဖြတ်ချက်

နိုင်ငံတကာ အသိုင်းအ၀ိုင်း ၏ အာရုံစိုက်မှုနှင့် ဖိအားပေးမှု ဖြင့် ရင်ဆိုင်နေရသော ရခိုင်ပြည် နယ်အရေးသည် လွှတ်တော်သို့ လည်း ရိုက်ခတ်ခဲ့သည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့၌ ယမန်နှစ်အောက်တိုဘာက ကျင်းပသည့် နိုင်ငံတကာပါလီ မန်များအဖွဲ့ ညီလာခံတွင် ဘင်္ဂါ လီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော် ပြထား) များအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှု များအဆုံးသတ်၍ မြန်မာနိုင်ငံရှိ မူလနေရာသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးဆုံးဖြတ်ချက် အတည် ပြုခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို တုံ့ ပြန်သည့်အနေဖြင့် ပြည်ထောင်စု လွှတ်တော်က ပြန်လည်ကန့်ကွက် ခဲ့သည်။ ညီလာခံတက်ရောက်ခဲ့ သည့် ဦးတီခွန်မြတ် ဦးဆောင် သော မြန်မာလွှတ်တော်ကိုယ်စား လှယ်အဖွဲ့က အဆိုပါ  ပါလီမန်၏ ညီလာခံအတည်ပြုချက်ကို ပယ် ချခဲ့သည့်အပြင် ပြည်ထောင်စု လွှတ်တော်ကလည်း ကန့်ကွက် ပေးရန် အစီရင်ခံစာတင်သွင်းခဲ့ သည်။

ထို့ကြောင့် လွှတ်တော်ကိုယ် စားလှယ် ၂၈ ဦးက မြန်မာလွှတ် တော်ကိုယ်စားလှယ်အဖွဲ့၏ အစီ ရင်ခံစာကို ထောက်ခံဆွေးနွေး၍ နိုင်ငံတကာ ပါလီမန်ညီလာခံ၏ ရခိုင်အရေးဆုံးဖြတ်ချက်ကို ကန့် ကွက်ကြောင်း အတည်ပြုခဲ့သည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky