သမိုင်းဝင်စစ်ရေယာဉ် မေယုကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု

သမိုင်းဝင်စစ်ရေယာဉ် မေယုကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု


ဗိုလ်ချုပ်အောင်ဆန်း လက်ခံရယူခဲ့ပြီး လက်ရှိတွင် သန် လျင်တပ်နယ်၌ ပြတိုက်အဖြစ်ထားရှိသည့် သမိုင်းဝင် စစ်ရေယာဉ် မေယုကို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင် ၁၈ ရက်တွင် သွား ရောက်ကြည့်ရှုခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စစ်ရေယာဉ်မေယု နှင့် ပတ်သက်သည့် သမိုင်းဝင်အချက်အလက်များ လေ့လာပြီး နောက် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗိုလ်ချုပ်အောင်ဆန်း လက်ခံရယူခဲ့ပြီး လက်ရှိတွင် သန် လျင်တပ်နယ်၌ ပြတိုက်အဖြစ်ထားရှိသည့် သမိုင်းဝင် စစ်ရေယာဉ် မေယုကို နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင် ၁၈ ရက်တွင် သွား ရောက်ကြည့်ရှုခဲ့သည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စစ်ရေယာဉ်မေယု နှင့် ပတ်သက်သည့် သမိုင်းဝင်အချက်အလက်များ လေ့လာပြီး နောက် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးခဲ့သည်။

၁၉၄၃ တွင် ဗြိတိသျှတော် ၀င်ရေတပ်မတော်၌ စတင်တာ ၀န်ထမ်းဆောင်ခဲ့သည့် အဆိုပါ သင်္ဘောကို ၁၉၄၇ တွင် ဗြိတိသျှ တော်ဝင်ရေတပ်မတော်က မြန်မာ နိုင်ငံ အရန်တော်ဝင်ရေတပ်သို့ ပေးအပ်ပြီး ထိုစဉ်က မြန်မာနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဖြစ် သည့် ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မြစ်လယ်၌ လက်ခံရယူခဲ့ သည်။

သင်္ဘော၏ မူရင်းအမည် သည် H.M.S FAL (RIVER CLASS) အမျိုးအစားဖြစ်သော် လည်း ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေယာဉ်ကို မေယုဟု အမည် ပေးခဲ့သည်။ သင်္ဘောကို ဗြိတိသျှ တော်ဝင်ရေတပ်မတော်မှ စစ်ရေ ယာဉ်မှူး မစ်ချယ်က ပေးအပ်ခဲ့ ပြီး အဆိုပါစစ်ရေယာဉ်၏ စစ်ရေ ယာဉ်မှူးသည် ဗိုလ်ချုပ်ခင်မောင် ဘို (မြန်မာ့ပထမဆုံးတပ်မတော် (ရေ)ဦးစီးချုပ်ဖြစ်လာသူ) ဖြစ် သည်။

မေယုသင်္ဘောသည် လွတ် လပ်ရေးရရှိပြီး ၁၉၄၈ က စတင် ၍ မြစ်ဝကျွန်းပေါ်ဒေသ၌ ရောင်စုံ သူပုန် တိုက်ခိုက်နှိမ်နင်းရာမှ အစ ပြု၍ မြန်မာ့တပ်မတော်ရေအ တွက် ၁၉၇၉ ဩဂုတ် ၂ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မေ ယုသည် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် စစ်ရေးတာဝန်များကို နှစ်ပေါင်း များစွာ ထမ်းဆောင်ပြီးနောက် ရေယာဉ်သက်တမ်း နှစ်(၄၀)သို့ ရောက်ရှိလာသည့်အခါ ရေယာဉ် ၏ကြံ့ခိုင်မှုလျော့နည်းလာသဖြင့် ၁၉၇၉ ဩဂုတ်တွင် ကာကွယ်ရေး ကောင်စီ အမှုဆောင်အစည်းအ ဝေးက တပ်တော်ဝင်အဖြစ်မှ ရပ် စဲရန် ဆုံးဖြတ်ခဲ့သည်။

ကမ္ဘာစစ်ကာလအတွင်း ဒေ သအနှံ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အဆိုပါသင်္ဘော၏ စုစု ပေါင်းသက်တမ်းသည် လက်ရှိ တွင် (၇၅)နှစ်ရှိပြီဖြစ်သည်။ စစ် ရေယာဉ် မေယုသည် လွတ်လပ် ရေးနှင့်အတူ ပါရှိလာသည့်သမိုင်း ၀င် စစ်ရေယာဉ်ဖြစ်သဖြင့် နောင် လာနောက်သားများ ကြည့်ရှုရန် သန်လျင်တပ်နယ်၌ ပြတိုက်ရေ ယာဉ်အဖြစ် ထားရှိခဲ့သည်။

မေယုမြစ်အတွင်း ဂျပန်များ ကို တော်လှန်တိုက်ခိုက်သည်ကို အမှတ်တရရှိစေရန် ဗိုလ်ချုပ် အောင်ဆန်းက H.M.S FAL သင်္ဘောကို မေယုဟု အမည်ပေးခဲ့ သည်။ မေယုသင်္ဘောတွင် ပထမ ဆုံး မြန်မာပြည်ဘုရင့်အပျော် တမ်းအရန်ရေတပ်အလံလွှင့်တင် စဉ်က ဖြုတ်ချခဲ့သည့် ဗြိတိသျှ ရေတပ်အလံကို နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌  ပြသထားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky