သီပေါမြို့ လွယ်လမ်းတောင်အနီး TNLA ၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့အကြား တိုက်ပွဲပြန်ဖြစ်

သီပေါမြို့ လွယ်လမ်းတောင်အနီး TNLA ၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့အကြား တိုက်ပွဲပြန်ဖြစ်

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ။ ။ သီပေါမြို့နယ် လွယ်လမ်းတောင်အနီး၌ TNLA ၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့အကြား အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ရန်ကုန် ၊ အောက်တိုဘာ ၂၄ ။           ။ သီပေါမြို့နယ် လွယ်လမ်းတောင်အနီး၌ TNLA ၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့အကြား အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါဒေသသည် တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)  နှင့်  ရှမ်းပြည် တိုးတက်ရေးပါတီ SSPP တို့၏ ပူးတွဲလှုပ်ရှားရာနယ်မြေဖြစ်ပြီး RCSS တပ်ဖွဲ့မှာ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ နှင့် RCSS ပြောရေးဆိုခွင့်ရှိသူများအား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းသော်လည်း ယနေ့နံနက်ပိုင်းတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် နမ္မတူမြို့နယ်၌ TNLA ၊ SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့အကြား နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)  နှင့်  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်းမရှိပေ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရ နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA) ၊ တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)  စသည့် အဖွဲ့များဖြင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky