အဂတိမှုသည် ဆရာမွေး၊ တပည့်မွေးကာ အုပ်စုဖွဲ့ ကျူးလွန်တတ်၍ ဖော်ထုတ်ရာတွင် စိန်ခေါ်မှုကြီးမားကြောင်း ကော်မရှင် ဥက္ကဋ္ဌပြောကြား

အဂတိမှုသည် ဆရာမွေး၊ တပည့်မွေးကာ အုပ်စုဖွဲ့ ကျူးလွန်တတ်၍ ဖော်ထုတ်ရာတွင် စိန်ခေါ်မှုကြီးမားကြောင်း ကော်မရှင် ဥက္ကဋ္ဌပြောကြား


အဂတိလိုက်စားမှုသည် ဆရာမွေး၊ တပည့်မွေး အလေ့အ ကျင့်များနှင့်ပေါင်းစပ်​၍ အုပ်စုဖွဲ့ကျူးလွန်သော ပြစ်မှုအမျိုးအစား၌ အကျုံးဝင်သဖြင့် ယင်းပြစ်မှုများကို စုံစမ်းစစ်ဆေးပြီး အမှန်တရား ဖော်ထုတ်ရာတွင် စိန်ခေါ်မှုကြီးမားကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အဂတိလိုက်စားမှုသည် ဆရာမွေး၊ တပည့်မွေး အလေ့အ ကျင့်များနှင့်ပေါင်းစပ်​၍ အုပ်စုဖွဲ့ကျူးလွန်သော ပြစ်မှုအမျိုးအစား၌ အကျုံးဝင်သဖြင့်  ယင်းပြစ်မှုများကို စုံစမ်းစစ်ဆေးပြီး အမှန်တရား ဖော်ထုတ်ရာတွင်  စိန်ခေါ်မှုကြီးမားကြောင်း အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားသည်။

ထို့အပြင် အဂတိလိုက်စားမှု ပြစ်မှုသည် အခြားပြစ်မှုများနှင့် မတူဘဲကြိုတင်စီစဉ်တွက်ချက်ပြီးမှကျူးလွန်သော ပြစ်မှုအမျိုးအစားဖြစ် ကြောင်း ဦးအောင်ကြည်က ဆိုသည်။

အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်နိုင်ရန်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၀န်ထမ်း ၈၂ ဦး တိုးချဲ့ခန့် အပ်ခဲ့သည်။ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) က ကျင်းပသော သင်တန်း ဆင်းပွဲအခမ်းအနားတွင် အဂတိ  လိုက်စားမှုတိုက်ဖျက်ရေး ကော် မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်သည် ရည်ရွယ်ချက် ခြောက်ရပ်နှင့် အညီဆောင်ရွက် နေရာသန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းလာစေရန် ရည် ရွယ်ချက်သည်အရေးကြီးကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။

သန့်ရှင်းသော အစိုးရဆို သည်မှာ အဂတိလိုက်စားမှုကင်း သော အစိုးရဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးသည် နိုင်ငံဆင်းရဲနွမ်းပါး မှု လျော့ကျရေးအတွက် မဖြစ်မ နေဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်၍ အားထုတ်ကြိုးပမ်းဆောင် ရွက်ရန်ဥက္ကဋ္ဌက ထည့်သွင်းပြော ကြားသည်။

ဝန်ကြီးဌာန အသီးသီးမှ ပြောင်းရွှေ့လာသော အဆိုပါ ၀န်ထမ်း ၈၂ ဦးကို အောက်တို ဘာ ၁ ရက်ကစ၍ ရက်သတ္တ ငါးပတ်ကြာ သင်တန်းပေးပြီး နိုဝင်ဘာ ၅ ရက်တွင် လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ပြီဖြစ် ကြောင်း ကော်မရှင် ပြန်ကြား ရေးတာဝန်ခံဦးကျော်စိုးကပြော သည်။

     ယခုသင်တန်းဆင်းသည့် ၀န် ထမ်းအသစ် ၈၂ ဦးကို ခန့်အပ်ရာ တွင် ကော်မရှင် ဥပဒေပါအတိုင်း   တိုင်းနှင့် ပြည်နယ်များတွင်ရုံး စိုက်နိုင်ရန် ပြည်ထဲရေးဝန်ကြီး ဌာနမှထွေအုပ်၊ စသုံးလုံးဟူသည့် ဌာနများအပြင် ၀န်ကြီးဌာနအသီး သီးမှဝန်ထမ်းများကို ကော်မရှင် တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း  ကော်မရှင်အ ဖွဲ့ဝင်ဒေါ်လဲ့လဲ့သွင်က ရှင်းပြ သည်။

‘‘တခြားဝန်ကြီး ဌာနတွေ မှာ လက်ရှိလုပ်နေတဲ့သူတွေမှာ ဒီဌာနကို ပြောင်းချင်တဲ့သူတွေ ကို ပြောင်းဖို့အတွက် ၀န်ကြီးဌာန တွေကို တောင်းတယ်။ အဲဒီကနေဆန္ဒရှိတဲ့ ၀န်ထမ်းတွေက ပြောင်းမယ်ဆိုပြီးတော့လျှောက် လွှာတင်တယ်။ အဲဒီအပေါ်မှာ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့ဖွဲ့ပြီး  ပြန်ပြီး စိစစ်ပြီးရွေးလိုက်တော့ ၈၂ ဦးရှိတယ်’’ ဟု ၎င်းကဆက် လက်ရှင်းပြသည်။

ထို့ကြောင့် ကော်မရှင်က အင်အားတိုးချဲ့ပြီးဖြစ်၍ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကော်မ ရှင်ရုံးခွဲများဖွင့်နိုင်ရန် အစီအစဉ် ရေးဆွဲနေပြီဟု ဦးကျော်စိုးကပြောကြားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်  ကလည်း အဂတိကင်းစင်ရေး ဆောင်ရွက်နိုင်ရန် တိုင်းနှင့် ပြည် နယ်များတွင် အဂတိတိုက်ဖျက် ရေးကော်မရှင်ခွဲများဖွင့်လှစ်နိုင် ရန်စီစဉ်နေကြောင်း အောက်တို ဘာ ၆ ရက်က မကွေးတိုင်းဒေသ ကြီးရှိ ၀န်ကြီးချုပ်အပါအ၀င် ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြော ကြားခဲ့သည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင် ဖွဲ့စည်းချိန် ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၈ စက် တင်ဘာ ၁၅ ရက်အထိ တရားစွဲ ဆိုခဲ့သည့် အမှု ၁၀ မှုအထက် ရှိပြီဖြစ်သည်။

တရားစွဲဆိုသည့် အမှုများတွင် ကျပ်သိန်း ၁,၅၀၀ လာဘ်စားသည့် FDA ညွှန်ချုပ် အပါအ၀င် အကောက် ခွန်အရာရှိ ၃၂ ဦး၊ အုပ်ချုပ်ရေး မှူးများ၊ ဥပဒေအရာရှိများပါဝင် သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky