အစိုးရကိုချစ်လျှင် အစိုးရမမှန်မကန် လုပ်နေပါက မထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်ပြော အစိုးရဆောင်ရွက်သည့် အလုပ်တိုင်းကို အပြစ်ရှာရန်

 အစိုးရကိုချစ်လျှင် အစိုးရမမှန်မကန် လုပ်နေပါက မထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်ပြော အစိုးရဆောင်ရွက်သည့် အလုပ်တိုင်းကို အပြစ်ရှာရန်

အစိုးရက မမှန်မကန်ပြု လုပ်နေပါက မထောက်ခံဘဲ ထောက်ပြသင့်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ယမန်နေ့ တွင်ပြုလုပ်သည့် ပခုက္ကူမြို့နယ် ဒေသခံပြည်သူများနှင့် စကားဝိုင်း ၌ ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရက မမှန်မကန်ပြု လုပ်နေပါက မထောက်ခံဘဲ ထောက်ပြသင့်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ယမန်နေ့ တွင်ပြုလုပ်သည့် ပခုက္ကူမြို့နယ် ဒေသခံပြည်သူများနှင့် စကားဝိုင်း ၌ ပြောကြားခဲ့သည်။

‘‘ကျွန်မတို့အစိုးရကို တ ကယ်ပဲချစ်ခင်လေးစားတယ်ဆို ရင် မမှန်တာကိုလုပ်နေလို့ရှိရင် မထောက်ခံသင့်ဘူး။ မမှန်တာကို လုပ်နေလို့ရှိရင် ဒါကိုမမှန်ပါဘူး ဆိုတာကို ထောက်ပြသင့်တယ်။ ဒါပေမဲ့လည်း တချို့ကျတော့  ဒါ လည်းပြည်သူတွေအသိပဲ။ ကျွန်မ တို့အစိုးရဘာလုပ်လုပ်အပြစ်ရှာ ဖို့စောင့်ကြည့်နေတဲ့သူတွေလည်း ရှိတယ်။ အဲဒီဟာက နိုင်ငံအပေါ် မှာ စေတနာရှိလို့တော့မဟုတ် ဘူး။ သူတို့အပေါ်မှာ သူတို့စေတ နာရှိလို့ပဲလို့ ဒီလိုပဲ ကျွန်မတို့သတ် မှတ်ရမှာပဲ’’ ဟု နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်ပြီး ပခုက္ကူဒေသခံ ရှစ်ဦးပါဝင်သည့် စကားဝိုင်းကို ဩဂုတ် ၉ ရက်ကပခုက္ကူမြို့နယ် ချောက် ကန်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစိုးရဆောင်ရွက်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ် များကို နှစ်နာရီကျော်ကြာဆွေး နွေးခဲ့သည်။

နည်းပညာတက္ကသိုလ်မှ ကို ဇေယျာမင်းနှင့် မဖြိုးသီရိလွင်၊ ပခုက္ကူတက္ကသိုလ်မှ မခိုင်သဇင် အောင်နှင့် မယမုံဖြိုး၊ ကိုင်းကျေး ရွာမှ တောင်သူဦးသက်ခိုင်၊ပညာ  ရေးကောလိပ်မှ မအိစံပယ်ဖြိုး၊ ယာဉ်လိုင်းဥက္ကဋ္ဌဦးကျော်နိုင်၊ အ ရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင် သူ ဦးမြင့်ဝင်းတို့ ပါဝင်ဆွေးနွေးသည်။

လူထုအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားရန်လိုအပ်ကာ ပြည် သူတစ်ယောက်အနေဖြင့်လိုချင် သည့်အခွင့်အရေးနှင့်တာဝန်ကို မမေ့ရန်လည်း ၎င်းကပြောသည်။ ပြည်သူလူထုအရည်အချင်းပြည့် ၀ပါက အရည်အချင်းမဲ့သည့်အစိုး ရတစ်ခုတက်ရန်ခက်ခဲကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘မဖြစ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ဖြစ်ခဲ့ပါတယ်။ အင်မတန်မှ ပြည်သူလူထုက အ ရည်အချင်းရှိတဲ့ နိုင်ငံတွေမှာ မထင်မှတ်ဘဲနဲ့ အရည်အချင်းမရှိ ဘူး (သို့မဟုတ်)ကောင်းတဲ့အ ရည်အချင်းနဲ့ မပြည့်စုံတဲ့ခေါင်း ဆောင်တွေ အုပ်စိုးသွားတာ လည်း သမိုင်းမှာရှိခဲ့ပါတယ်။ ဒါ ပေမဲ့လည်း ပြည်သူလူထုကနေ ဆင်ခြင်တုံတရားရှိလေလေ အစိုး ရတွေကောင်းလေလေပဲ’’ ဟု ပြောသည်။

ဆင်ခြင်တုံတရားရှိရန်ဆိုရာ ၌ ပြည်သူလူထုကနေ သိက္ခာရှိရှိ၊ သတ္တိရှိရှိဖြင့် ကိုယ်ယုံကြည်ရာ ဘက်က ရပ်တည်ရန် အလွန်အ ရေးကြီးကြောင်းနှင့် အထူးသဖြင့် ပြည်သူလူထုက ငြိမ်းချမ်းရေး ဘက်က ရပ်တည်ရန်အရေးကြီး ကြောင်း ပြောကြားသည်။

ခေါင်းဆောင်များကြောင့် ငြိမ်းချမ်းရေးမရသည်ဆိုခြင်းမှာ လည်း ဟုတ်မှန်ကာ ခေါင်း ဆောင်များသာ ငြိမ်းချမ်းရေးရလို ပါက မရစရာအကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ငြိမ်းချမ်းရေးမရခြင်းသည် နားလည်မှုလွဲမှားခြင်းကြောင့်ဟု နည်းပညာတက္ကသိုလ်ကျောင်းသူ မဖြိုးသီရိလွင်က ဆွေးနွေးရာဒေါ် အောင်ဆန်းစုကြည်က ‘‘မှန်ပါ တယ်။ နားလည်မှုဆိုတာ ဘာအ ပေါ်မှာ အခြေခံသလဲဆိုရင်တစ်ဦး နဲ့တစ်ဦး လေးစားခြင်းအပေါ်မှာ လည်း အခြေခံပါတယ်’’ ဟု ပြန် လည်ဆွေးနွေးခဲ့သည်။

‘‘ကျွန်မတို့ အားလုံးပေါ့ နော်။ အထူးသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်နေကြတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား လုံးက တကယ်ပဲ နိုင်ငံ့အပေါ်မှာ စေတနာထားမယ်ဆိုလို့ရှိရင် ကျွန်မတို့ငြိမ်းချမ်းရေးရမှာပါ။ အ ခုလို ပခုက္ကူလိုငြိမ်းချမ်းရေးရဲ့အ ကျိုးဆက်ကို ရှည်ကြာစွာခံရတဲ့ ဒေသတစ်ခုတောင်မှ ဖွံ့ဖြိုးသင့် သလောက် မဖွံ့ဖြိုးဘူး။ ဘာဖြစ် လို့လဲ။ ကျွန်မတို့နိုင်ငံတစ်ခုလုံးက မှ မဖွံ့ဖြိုးသေးဘဲ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

အတိတ်ကိုပြန်သွား၍ အ တိတ်၏ အကျဉ်းသားများမဖြစ် သင့်သလို အနာဂတ်ကိုမျှော်ကိုး၍ မဖြစ်သေးသည့်ကိစ္စကိုသာ အာရုံ စိုက်နေခြင်းမျိုးလည်းမဖြစ်သင့် ကြောင်း ပြောသည်။

ပညာရေးနှင့်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး

ဒေသခံ ကျောင်းသား၊ ကျောင်းသူများက ကျောင်းပညာ ရေးစနစ်၏ အားနည်းချက်များနှင့် လူငယ်များ ငြိမ်းချမ်းရေးစိတ်ဝင် စားမှုနည်းပါးသည့်အပေါ် ချိတ် ဆက်ဆွေးနွေးခဲ့သည်။

မျိုးဆက် နှစ်ဆက်ခန့် ကောင်းမွန်သည့်ပညာရေးစနစ် ကို မမီခဲ့ကြောင်း၊ လက်ရှိကောင်း မွန်သည့်ပညာရေးစနစ်ထူထောင် ရာတွင် ဆရာ၊ ဆရာမများအား ဦးစွာအရည်အချင်းဖြည့်ဆည်း ရန် လုပ်ဆောင်ရကြောင်းဒေါ် အောင်ဆန်းစုကြည်က ဖြေကြား သည်။ ထိုသို့ပညာရေးစနစ်တိုး တက်ရေးဆောင်ရွက်ရာတွင် ငွေ ကြေးနှင့်အချိန်လိုအပ်သည်ဟု ၎င်းကဆိုသည်။

‘‘အတတ်နိုင်ဆုံး အချိန်တို အတွင်းမှာ တိုးတက်မှုရှိအောင် ကြိုးစားမယ်။ ကျောင်းသူ၊ ကျောင်းသားတွေ လူငယ်တွေက လည်း ကိုယ့်ဘာသာကိုယ် ကိုယ့် ရဲ့ အရည်အချင်း မြှင့်တင်ရေးအ တွက် ရုန်းကန်ရမယ်’’ ဟု ၎င်းက ပြောသည်။

မိဘများသည် သားသမီး များကို စာဖတ်ဝါသနာပါစေရန် အားပေးရုံသာမက လက်တွေ့ကျ ကျကူညီပေးရန် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

‘‘ပိုက်ဆံအပိုလေးရှိလို့ရှိရင် အဖေက ဆေးလိပ်ဝယ်မယ့်အစား သားလေးအတွက် စာအုပ်လေး တွေ ဝယ်ပေး။ အဲဒီလိုလုပ်မယ်ဆို ရင် ကျွန်မတို့ရဲ့ ကလးတွေအ များကြီး တိုးတက်မှာပါ’’ ဟု ၎င်း က ပြောသည်။

ထို့အပြင် ကျောင်းဆရာမ ရာခိုင်နှုန်း အလွန်များနေ၍ ယောက်ျားလေးများ ကျောင်းဆရာလုပ်ရန်လည်း နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းခဲ့ သည်။

ဒေသတွင်းလူငယ်များ အ လုပ်အကိုင်မရှိခြင်းအပေါ် အစိုးရ ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရာ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ၍ လက်ရှိတွင်အလုပ်လက်မဲ့ ဘွဲ့ရများစွာရှိနေသည်ဟု ပြောကြားသည်။ လက်ရှိအစိုးရအနေဖြင့် တာဝန်ယူစဉ်ကပင်က အလုပ်အကိုင် ဖန်တီးရေးကို အဓိကထား ဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ပြဿနာသည် အလုပ်အကိုင်မရှိခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အစိုးရအနေဖြင့်လည်း အ သက်မွေးဝမ်းကျောင်း ပညာရပ် ကို အားပေးနေကြောင်းနှင့် မိဘ များအနေဖြင့် သားသမီးများကို အသက်မွေးဝမ်းကျောင်း ပညာ ရေး ကျောင်းများသို့ လွှတ်ရန် လည်း တိုက်တွန်းသည်။

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါး သုံးစွဲခြင်း သည် အလုပ်လက်မဲ့ ပြဿနာမှ တစ်ဆင့် ကူးလာနိုင်သည့်ကိစ္စ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး ကိစ္စတွင် သမ္မတက ထဲထဲဝင်ဝင်ဆောင် ရွက်နေသလို ပြည်သူများက သ တင်းပေးတိုင်ကြားရန်လည်း ၎င်း က တိုက်တွန်းသည်။ ‘‘အဲဒီလိုဟာ မျိုးတွေရှိလို့ရှိရင် တိုင်ပါ။ ဌာန များဟာ တာဝန်ပျက်ကွက်မှုရှိခဲ့ တယ်လို့ မြင်လို့ရှိရင် တိုင်ပါ’’ ဟု ဆိုသည်။

ကျန်းမာရေး

ဆွေးနွေးပွဲတွင် ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးကျော်နိုင်က  ပခုက္ကူမြို့နယ် ခုတင် ၂၀၀ ဆံ့ဆေးရုံ၌ အဆင်မပြေမှုများကို တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်က  ကျန်းမာရေးနှင့် အားကစား ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးကို ဖြေကြားပေးရန် ညွှန် ကြားသည်။

ဆေးရုံ အဆင့်မြှင့်တင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကာကြား ဖြတ်အစီအစဉ်အနေဖြင့် ဆရာ ဝန်များ ပို့ဆောင်ပေးမည်ဖြစ် ကြောင်း ဒေါက်တာ  မြင့်ထွေးက ပြန်လည်ဖြေကြားသည်။ ရန် ကုန်ဆေးရုံကြီးနှင့် မန္တလေးဆေး ရုံကြီးကဲ့သို့ ဆေးရုံကြီးများမှ အ တွေ့အကြုံရှိဆရာဝန်များကို ပို့ ပေးမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း ဆရာဝန်နှင့် သူနာပြု အင်အားဖြည့်တင်းနိုင်ရေး ပိုမိုခေါ်ယူရန်ရှိကြောင်း ဒေါက်တာ မြင့်ထွေးက ရှင်းပြ သည်။

‘‘ကျွန်တော်တို့က လာမယ့် နှစ်မှာ ဘဏ္ဍာငွေတိုးပြီးတော့ ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ အဓိကကတော့ ဆရာဝန်တွေရ အောင်လုပ်မှာပါ’’ ဟု ဒေါက်တာ မြင့်ထွေးက ပြောသည်။ ယခုနှစ် တွင် သူနာပြုဦးရေ နှစ်ဆခေါ်ယူ မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် ကျန်းမာရေးဝန် ထမ်းများ မယဉ်ကျေးသည့်ကိစ္စ များဖြေကြားရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားရာဒေါက် တာမြင့်ထွေးက ‘‘အဲဒါကတော့၊ ကျွန်တော်ထင်တာကတော့ တစ် ယောက် မယဉ်ကျေးလို့လည်းဖြစ် နိုင်ပါတယ်။ အကုန်လုံးကတော့ ကျွန်တော် အာမခံရဲတာတော့ တော်တော်များများကတော့ ယဉ် ကျေးပါတယ်’’ ဟု ဖြေကြားသည်။ ထို့အပြင် ဝန်ထမ်းမလုံလောက်မှုကြောင့် ဆေးရုံတွင် ဆက်ဆံရေးပြဿနာများ ရှိနေခြင်းဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသည်။

ဒေသဖွံ့ဖြိုးရေး

နယ်စပ်တွင် ပဋိပက္ခများဖြစ် တိုင်း ပခုက္ကူဒေသအပါအင် ဒေ သအသီးသီးရှိ ကုန်စည်များစီး ဆင်းမှုရပ်တန့်ပြီး သီးနှံဈေးကွက် များ ကျဆင်းလေ့ရှိသည်ဟု တောင်သူကိုသက်ခိုင်က ဆွေး နွေးသည်။

‘‘ဒါဟာ ဘာကို ဆိုလိုသလဲ ဆိုရင် ငြိမ်းချမ်းရေးဟာ ဘယ်နေ ရာ၊ ဘယ်ဒေသမှာနေနေ မငြိမ်းချမ်းခြင်းရဲ့ အကျိုးကို အားလုံးခံစားနေရတာပဲလို့ မြင်မိပါတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် စိုက်ပျိုးရေးဌာန သည် တောင်သူများနှင့် ကင်းကွာ နေသည်ဟု ခံစားရကြောင်း၊ ဆီ ထွက်သီးနှံစိုက်ပျိုးသည့်တောင် သူများကို စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ချေးပေးရန်၊ ပဲစင်းငုံဈေး ကွက်ကျဆင်း၍ တောင်သူများ ထိခိုက်ခဲ့ရပြီး ကူညီပေးရန်၊ ခိုင်း နွားများ ပြည်ပသို့ တင်ပို့ရောင်းချနေသည့် မူဝါဒကို ပြန်လည်သုံးသပ်ပေးရန်၊ သိမ်းဆည်းခံလယ်ယာမြေများ  ပြန်လည်ရရှိရေးဆောင်ရွက်ပေးရန်လည်း ၎င်းက တောင်းဆိုသည်။

သိမ်းဆည်းခံမြေများကို မူလတောင်သူများအား ပေးလို၍ကြိုးစားဆောင်ရွက်နေကြောင်း နှင့် လယ်ယာကဏ္ဍဆိုင်ရာကိစ္စ ရပ်များအပေါ် ဆောင်ရွက်နေမှု များကို မကွေးတိုင်းဒေသကြီးစိုက် ပျိုးရေးဝန်ကြီးက ပြန်လည်ရှင်းပြ သည်။  ဝန်ကြီးများ အနေဖြင့် တောင်သူလယ်သမားများက မိမိ ကို သိရှိနေသည်အထိ ကွင်းဆင်း ၍ လုပ်ငန်းများလုပ်ဆောင်နေရ မည်ဟု ဒေါ်အောင်ဆန်းစုကြည် က မှာကြားသည်။

ပခုက္ကူမြို့နယ် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက ပခုက္ကူကားဝင်းအသစ် တည်ဆောက်ပေးရေးကိစ္စကို တင်ပြခဲ့သည်။

စီမံကိန်းတွေအကောင်အထည်ဖော်ရာတွင် ကြန့်ကြာနေမှုများကို သတိပြုမိကြောင်း၊ ကြန့်ကြာနေရသည့် အကြောင်းရင်းများအနက် တင်ဒါခေါ်ယူရေးကိစ္စသည် အချက်တစ်ချက်ဖြစ်ကြောင်း၊ တင်ဒါကိစ္စများသည် အဂတိလိုက်စားမှုအတွက် အခွင့်အရေးများစွာရသည့်ကိစ္စ ဖြစ်၍ သေချာစိစစ်နေကြောင်း၊ တိုင်းနှင့် ပြည်နယ်များရှိ စီမံကိန်းများ နှောင့်နှေးနေမှုကို အမြန်ပြီးအောင် လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

‘‘ပြည်သူလူထုနဲ့တွေ့တယ် ဆိုတာ ပြည်သူတွေရဲ့တွေ့ဆုံနေ ရတဲ့ ပြဿနာတွေကို ဝိုင်းဝန်းပြီး တော့ ဖြေရှင်းဖို့ လုပ်ချင်ပါတယ်။ သို့သော်ငြားလည်း ယခုတင်ပြ သွားတဲ့ကိစ္စတွေဆိုလို့ရှိရင် တိုင်း အစိုးရနဲ့ တိုက်ရိုက်ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

စကားဝိုင်းဆွေးနွေးပွဲအပြီး တွင် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ တက်ရောက်လာ သူသုံးဦးကို ဆွေးနွေးမေးမြန်းရန် ဖိတ်ခေါ်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ပခုက္ကူသို့လာရောက် ခြင်းသည် ငြိမ်းချမ်းရေးစကားဝိုင်း အတွက် လာခြင်းဖြစ်သလို ဝန်ကြီးချုပ် (ဒေါက်တာ အောင်မိုးညို) လိမ္မာသလား  ဆိုသည်ကိုလည်း ကြည့်လို၍ လာခြင်းဖြစ်ကြောင်းနှင့် မကွေးတိုင်းဝန်ကြီးချုပ်သည် လိမ္မာပုံရသည်ဟု ပြောကြားသည်။

ဝန်ကြီးများကို ပြည်သူများက အင်တာနက်မှ မေးနိုင်ရေး စီစဉ်နေဟုဆို

အွန်လိုင်းမှ မေးခွန်းသုံးခု မေးမြန်းရာ မင်းရသ အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က အသက်(၇၀)အရွယ် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းများ တိုင်းနှင့်ပြည်နယ် အနှံ့တွင် အပင်ပန်းခံလုပ်ဆောင် နေခြင်းကို အားတက်မိသော် လည်း မကြည့်ရက်ကြောင်း၊ ပြည်သူများဘက်က ပြည်တွင်း ငြိမ်း ချမ်းရေးကို မည်သို့ ကူညီနိုင်ပါ သလဲဟု မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ‘‘ပြည်သူတွေက ငြိမ်းချမ်းရေးလို ချင်တယ်ဆိုတာကို သေသေချာ ချာ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များသိ အောင်လို့တော့ အသံထွက်ပြီး တော့ အသိပေးကြရပါလိမ့်မယ်။   ပြည်သူတွေက ငြိမ်းချမ်းရေးလို ချင်တယ်။ ငြိမ်းချမ်းရေးမလိုချင် တာ ဘယ်သူတွေလဲဆိုတာ ပြည် သူတွေက သိဖို့လိုပါတယ်။ အဲဒါ ကြောင့်မို့လို့ ငြိမ်းချမ်းရေးလိုချင် တဲ့ ပြည်သူများအားလုံး စည်းစည်းလုံးလုံးနဲ့ တစ်သံတည်းထွက်မယ် ဆိုလို့ရှိရင် ကိုယ်လက်လှမ်းမီရာ၊ လက်လှမ်းမီရာ ငြိမ်းချမ်းရေးအ တွက် သဲတစ်ပွင့်၊ အုတ်တစ်ချပ် ငြိမ်းချမ်းရေးဗိမာန်ကြီးကို တည် ဆောက်ရေးအတွက် ပံ့ပိုးကြပါ။ တစ်ဦးနှင့်တစ်ဦး အားပေးနိုင်ရင်၊ တွန်းအားပေးနိုင်ရင် ကျွန်မတို့ အများကြီး ခရီးရောက်မှာဖြစ်ပါတယ်’’ ဟု ပြန်လည်ဖြေကြား သည်။

ထို့အပြင် Kyaw Zaw Aung အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့် ကလည်း ဒေါ်အောင်ဆန်းစုကြည် ပင်ပန်းနေ၍ တစ်လတစ်ကြိမ် ဝန်ကြီးများကို တိုင်းနှင့် ပြည်နယ် များတွင် ပြည်သူများနှင့် စကား ဝိုင်းများ၊ မေးခွန်းများ အပြန်အ လှန်ဆွေးနွေးပွဲများ လုပ်စေချင် ကြောင်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအပေါ် ဒေါ် အောင်ဆန်းစုကြည်က ဝန်ကြီး များကို ပြည်သူများက အင်တာ နက်မှတစ်ဆင့် မေးမြန်းနိုင်မည့် ပုံစံမျိုး စဉ်းစားနေပြီး ပြည်သူများ နှင့် ပုံမှန်အမေး၊ အဖြေပြုလုပ်၍ ထိတွေ့နိုင်ရန် စီစဉ်မည်ဖြစ် ကြောင်း ပြောကြားသည်။

 ‘‘ဝန်ကြီးတွေ ပြောတာမ ဟုတ်လို့ ကျွန်မပိုပြီးတော့ ပင်ပန်း တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဝန်ကြီးတွေကိုလည်း အားပေးပါ့ မယ်။ စကားဝိုင်းတွေ ဘာတွေ လုပ်ဖို့။ ပြည်သူက လိုလားတယ် ဆိုရင် ကျွန်မတို့အနေနဲ့ ဝန်ကြီး တွေကို ကန့်သတ်ထားမှာမဟုတ် ပါဘူး။ ကိုယ့်ရဲ့ သက်ဆိုင်ရာ ကဏ္ဍအရ ပြည်သူတွေနဲ့ထိတွေ့ ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်နိုင် ဖို့အတွက် ကျွန်မစဉ်းစားပါ့မယ်’’ ဟု ပြန်လည်ဖြေကြားသည်။

ငြိမ်းချမ်းရေးစကားဝိုင်းများ လုပ်ဆောင်မှသာ ပြည်သူလူထု နှင့် ထိတွေ့မှုရှိရကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိတို့၏လုပ် ငန်းများကို ပံ့ပိုးမည်ဆိုသည်ကို ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများ စကားဝိုင်းများကို ၂၀၁၇ တွင် နေပြည်တော်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းရှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky