အစိုးရဆန့်ကျင်ဆန္ဒပြပွဲအချို့ကို ခွင့်မပြုမှုများ ရှိနေဟု အသံအဖွဲ့ပြော

အစိုးရဆန့်ကျင်ဆန္ဒပြပွဲအချို့ကို ခွင့်မပြုမှုများ ရှိနေဟု အသံအဖွဲ့ပြော


လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ပြောဆိုရာတွင် အစိုးရ ထောက်ခံပွဲများကို ခွင့်ပြုပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲများအား ခွင့်မပြုခြင်းများ ရှိနေကြောင်း အသံ (လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်) အဖွဲ့မှ မောင်ဆောင်း ခက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ပြောဆိုရာတွင် အစိုးရ ထောက်ခံပွဲများကို ခွင့်ပြုပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲများအား ခွင့်မပြုခြင်းများ ရှိနေကြောင်း အသံ (လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်) အဖွဲ့မှ မောင်ဆောင်း ခက ပြောသည်။

ရန်ကုန်တွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့် (အ စိုးရသက်တမ်းဝက် အစီရင်ခံစာ) မိတ်ဆက်ပွဲ၌ မောင်ဆောင်းခက ယင်းသို့ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာက ရိုက်တာသတင်းထောက် နှစ်ဦး ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခွင့်တင်ရာတွင် လမ်းလျှောက်ခွင့်မရဘဲ စုဝေးခွင့်သာခွင့်ပြုခြင်း၊ ICC ကို ထောက်ခံကြောင်း တစ်ကိုယ်တော်ဆန္ဒပြမှု ကို ကြိုတင်အသိပေးအကြောင်း ကြားသော်လည်း ခွင့်မပြုဘဲ ဖမ်း ဆီးခြင်းများရှိခဲ့သည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရနှင့်တပ်မတော် ထောက် ခံပွဲကို လူအင်အားသောင်းနှင့် ချီပြုလုပ်သည့်ပွဲကိုမူ အစိုးရကခွင့်ပြုခဲ့ကြောင်း မောင်ဆောင်းခက ရှင်းပြသည်။

‘‘အစိုးရကသူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုပြီး တော့ သူတို့ကို ကန့်ကွက်တဲ့သူ တွေကို ခွင့်မပြုဘူးဆိုတာကို တွေ့ရတယ်။ ဒါဟာ လွတ်လပ်စွာပြော ဆိုခွင့်အရ လုံးဝမဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ အစိုးရအနေနဲ့ကိုယ့်ကို ကောင်းတယ်ပြောပြော၊ဆိုးတယ် ပြောပြော၊ ဒါမှမဟုတ် မကောင်း ဘူးပဲပြောပြော ပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပေးရမယ်။ တန်းတူအခွင့်အရေး ပေးသင့်တယ်’’ဟု၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ် စွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်သည် အစိုးရအဆက် ဆက်၏ တားဆီးပိတ်ပင်ခြင်း ခံ နေရပြီး အသံ(လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်)အဖွဲ့က ကောက် ခံရရှိသော စာရင်းအရ လက်ရှိအစိုးရလက်ထက် ၂ နှစ်ခွဲအတွင်း ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခံရ သော အမှု ၃၉ မှုရှိပြီးတက်ကြွလှုပ်ရှားသူ ၁၄၂ ဦး တရားရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။

‘‘တကယ်တမ်းက ပြည်ထဲ ရေးက ဒီဟာတွေက ကန့်သတ် ထားတာ။ အခုချိန်ထိ ကျွန်မတို့ နိုင်ငံမှာ ဒီလိုကိစ္စတွေကို ကောင်း ကောင်းမကိုင်တွယ်နိုင်ဘူး။ အစိုး ရကို ကျွန်မတို့က အများကြီးမျှော် လင့်ထားတာ။ ဒီလိုကိစ္စတွေ ကြောင့် မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားသလို ခံစားရ တယ်’’ဟု နိုင်ငံရေးတက်ကြွလှုပ် ရှားသူ ဒေါ်နော်အုန်းလှက ပြော သည်။

ထို့အပြင် အစိုးရခေါင်း ဆောင်များနှင့် ပြည်သူ့ဝန်ထမ်း များအနေဖြင့် ပြည်သူ့အသံဖြစ် သော ဝေဖန်မှုများကို အလေး ထားနားထောင်၍ ပြင်းထန်သော ဥပဒေများဖြင့် တရားစွဲဆိုခြင်း မ ပြုလုပ်သင့်ကြောင်း အသံအဖွဲ့ အစီရင်ခံစာတွင်အကြံပြုသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky