အစိုးရနှင့် မြောက်ပိုင်းသုံးဖွဲ့ အောက်တိုဘာလဆန်းတွင် တွေ့ဆုံရန် ညှိနှိုင်းထား

အစိုးရနှင့် မြောက်ပိုင်းသုံးဖွဲ့ အောက်တိုဘာလဆန်းတွင် တွေ့ဆုံရန် ညှိနှိုင်းထား

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက် နက်ကိုင် သုံးဖွဲ့သည် အောက်တိုဘာလဆန်းတွင် တွေ့ဆုံရန် ချိန်းဆိုထားကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက် နက်ကိုင် သုံးဖွဲ့သည် အောက်တိုဘာလဆန်းတွင် တွေ့ဆုံရန် ချိန်းဆိုထားကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်း ဇော်၊ ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)တို့နှင့် TNLA ၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA) ဟူသည့် မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့မှ ခေါင်း ဆောင်ကိုယ်စားလှယ်များသည် စက်တင်ဘာ ၅ ရက်တွင် တရုတ် နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

‘‘နောက်ထပ်တွေ့ဆုံဖို့ လို အပ်တယ်။ ခဏခဏ တွေ့ဆုံမှပဲ ညှိနှိုင်းရေးနဲ့ ပတ်သက်ပြီးမှ ပိုမို ပြီးကောင်းမယ့် အလားအလာရှိ မယ်။ အဲဒါကြောင့်မို့ နောက်တစ် ကြိမ်ပြန်တွေ့ဖို့ သဘောတူထား တာ။ နှစ်ဖက်စလုံးအဆင်ပြေပြီ ဆိုရင်တွေ့ဖို့များပါတယ်’’ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က စက်တင် ဘာ ၂၂ ရက်တွင် ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းသုံးဖွဲ့ စက်တင်ဘာ လဆန်းက ကူမင်းတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ဆိုင်ရာကိစ္စ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်လျှော့ချနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့သော်လည်း အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်းမရှိပေ။ သို့ရာတွင် အဆိုပါ တွေ့ဆုံပွဲသည် တစ်ဆို့နေသည့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပွင့်စေပြီး အပြုသဘော ဆောင်သည့် ရလဒ်ရရှိခဲ့သည်ဟု မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ယူဆထားသည်။

NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များပါဝင် လက်မှတ်ထိုး နိုင်ရေး ဆွေးနွေးညှိနှိုင်ရာတွင် ငြိမ်း ချမ်းရေးကော်မရှင်နှင့် တပ်မ တော်နှစ်ပိုင်းခွဲ၍ ညှိနှိုင်းနေသည် ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်၌ စက်တင်ဘာအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆွေးနွေးမှုအခြေအနေကို အချိန်မတိုင်မီ လူထုနှင့် မီဒီယာသို့ ထုတ်ပြန်ပြောဆိုခြင်းမပြုသေးဟု ၎င်းက ရှင်းပြသည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးအပြီးတွင် တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် KIO ခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံပြီး သြဂုတ်လဆန်းတွင် တပ်မတော်မှ ဒုတိယ  ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန် လတို့ တရုတ်နိုင်ငံ၌ တွေ့ဆုံညှိ နှိုင်းခဲ့သည်။ ဆွေးနွေးပွဲရလဒ်များ ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန် ခြင်းမရှိပေ။

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့ ရှစ်ဖွဲ့တို့ ၂၀၁၅ အောက်တို ဘာတွင် NCA လက်မှတ်ရေးထိုး ခဲ့ပြီး သုံးနှစ်အတွင်းထပ်မံ လက်မှတ်ထိုးသည့် အဖွဲ့နှစ်ဖွဲ့သာရှိသေးသည်။ မွန်နှင့်လားဟူအဖွဲ့တို့ ယခုနှစ်ဖေဖော်ဝါရီတွင် ပါဝင်လက်မှတ်ထိုးခြင်းဖြစ်သည်။

NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များသည် ‘၀’အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIO) ၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ကိုးကန့်အဖွဲ့(MNDAA)၊တအာင်းအဖွဲ့ (TNLA) ၊ ရခိုင်အ ဖွဲ့ (AA) ဟူသည့် မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky