အိုင်စီအာစီ ဆောင်ရွက်ချက်များ ရခိုင်ပြည်နယ်အတွက် များစွာ အထောက်အကူဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အိုင်စီအာစီ ဆောင်ရွက်ချက်များ ရခိုင်ပြည်နယ်အတွက် များစွာ အထောက်အကူဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


နေပြည်တော်(အောက်တိုဘာ ၁၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်အတွက် များစွာအထောက်အကူဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်(အောက်တိုဘာ ၁၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်အတွက် များစွာအထောက်အကူဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ NRPC တွင် အောက်တိုဘာ ၁၈ရက်၊ ညနေပိုင်းက ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေး ၊ ပြန်လည်နေရာချထားရေးနှင့်ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမှာလည်း သံတမန်တွေလည်းရောက်နေတဲ့ အချိန်မှာ ကျွန်မအနေနဲ့ ICRCကိုလည်း ကျေးဇူးတင်တယ် ဆိုတာလေး ပြောချင်ပါတယ်။ အိုင်စီအာစီရဲ့ ဆောင်ရွက်ချက်တွေဟာလည်း ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ အထောက်အကူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကြိုးစားမှုတွေဟာ အိုင်စီအာစီ မပါဝင်ခဲ့လို့ရှိရင် ဒီလောက်ထိရောက်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအနေဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှ ဒေသခံများ အပါအဝင် ပဋိပက္ခနှင့် အကြမ်းဖက်မှုဒဏ်ခံရသူများကို ရေရှည်အကူအညီပေးမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ မစ္စတာ ပီတာမော်ရာက ဇွန်လအတွင်း မြန်မာနိုင်ငံခရီးစဉ်တွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး စသည့် စိန်ခေါ်မှုများအပေါ် စိတ်ဓာတ် ကျစရာမလိုဘဲ စိန်ခေါ်မှုများကို ကျော်လွှားပြီး နောက်ဆုံးတွင် အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်းလည်း UEHRD ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

"နောက်ဆုံးကျတော့ အောင်မြင်မှုရမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကို ကူညီ ပေးခဲ့ တဲ့ လုပ်ငန်းရှင်ကြီးများကော၊ သာမန်ပြည်သူများကောကနေပြီးတော့ ယုံယုံကြည်ကြည်နဲ့ တတ်နိုင်သမျှ ဝန်းရံ ပေးကြပါ” ဟုလည်း သူမက တိုက်တွန်းသည်။

UEHRD စီမံကိန်းကို ပြီးခဲ့သည့်နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စီမံကိန်းများအတွက် စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးက ကျပ် ၁၇ ဒသမ ၇ ဘီလီယံကို မတည် လှူဒါန်းခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်း ရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်ကို တာဝန်ပေးထားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky