အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်းအခမ်းအနားသို့ အိန္ဒိယနိုင်ငံရေတပ်သင်္ဘောနှစ်စီး လာရောက်မည်

အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်းအခမ်းအနားသို့ အိန္ဒိယနိုင်ငံရေတပ်သင်္ဘောနှစ်စီး လာရောက်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၃ ။ ။ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံကြားရှိ နှစ်နိုင်ငံဆိုင်ရာကဏ္ဍအလိုက်ပးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံရေတပ်သင်္ဘောနှစ်စီးဖြစ်သော Kulish နှင့် Battimalv တို့သည် အိန္ဒိယရေတပ်မှ Dornier ရဟတ်ယာဉ်နှင့်အတူ ရန်ကုန်မြို့သို့ လာမည့် စက်တင်ဘာလ ၂၄ ရက် မှ ၂၆ ရက်ထိ ၇ ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်း အခမ်းအနားဖွင့်ပွဲအတွက် လာရောက်မည်ဟု အိန္ဒိယသံရုံးမှ ထုတ်ပြန်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
ရန်ကုန်၊ စက်တင်ဘာ ၂၃ ။           ။ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံကြားရှိ နှစ်နိုင်ငံဆိုင်ရာကဏ္ဍအလိုက်ပးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံရေတပ်သင်္ဘောနှစ်စီးဖြစ်သော Kulish နှင့် Battimalv တို့သည် အိန္ဒိယရေတပ်မှ Dornier ရဟတ်ယာဉ်နှင့်အတူ ရန်ကုန်မြို့သို့ လာမည့် စက်တင်ဘာလ ၂၄ ရက် မှ ၂၆ ရက်ထိ ၇ ကြိမ်မြောက် အိန္ဒိယ-မြန်မာ ပူးတွဲကင်းလှည့်ခြင်း အခမ်းအနားဖွင့်ပွဲအတွက် လာရောက်မည်ဟု အိန္ဒိယသံရုံးမှ ထုတ်ပြန်လိုက်သည်။

INS Kulish သည် အိန္ဒိယနိုင်ငံပြည်တွင်းထုတ်လုပ်မှု၏တတိယမြောက် Kora Class Guided Missile Corvettes ဖြစ်ပြီး အိန္ဒိယရေတပ်သို့ ၂၀၀၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပို့ဘလဲတွင် အခြေပြု လျှက်ရှိသည်။ လက်နက်များနှင့်အာရုံခံကိရိယာများအများအပြားတပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံပြည်တွင်းထုတ်  Dhruv A lH သို့မဟုတ် Chetak ဟယ်လီကော်ပတာ တင်ဆောင်နိုင်သည့်ပုံစံ ထုတ်ပြီး တည်ဆောက်ထားသည်။  ပို့ဘလဲမှရေတပ်စခန်းတပ်မှူးဖြစ်သောCommodore Ashutosh Ridhorkar သည် INS Kulish ၏ အကြီးတန်း အရာရှိ အဖြစ် လိုက်ပါလာမည်ဖြစ်ပြီး Cdr Deepak Bali သည် Kulish ၏သင်္ဘောအရာရှိဖြစ်ကာ သင်္ဘောပေါ် တွင် ၀န်ထမ်းပေါင်း၁၂၀ကျော် အား ခေါင်းဆောင်လိုက်ပါလာမည် ဖြစ်သည်။

INS Battimalv သင်္ဘောသည် လျှင်မြန်စွာတိုက်ခိုက်နိုင်သော ရေယာဉ်ဖြစ်ပြီး အမြန်ဆုံးအရှိန် နှုန်း 28 knots ထက် ပိုနိုင်ပြီး အိန္ဒိယရေတပ်တွင် ၂၀၀၆ ခုနှစ်မှ စတင်အသုံးပြုခဲ့ပြီး ပုံမှန်ကင်းလှည့်ခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတာဝန်များကို အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများတွင် ထမ်းဆောင်နေသည့် သင်္ဘော ဖြစ်သည်။ Lieutenant Commander MC Chandeep သည် INS Battimalv သင်္ဘော၏ သင်္ဘောအရာရှိ ဖြစ်ပြီး သင်္ဘောပေါ်တွင် ၀န်ထမ်းပေါင်း ၅၀ကျော် ပါရှိသည်။

ရန်ကုန်မြို့တွင် ပူးတွဲကင်းလှည့်ခြင်းဖွင့်ပွဲအခမ်းအနား၊ ဂါရ၀ပြု တွေ့ဆုံခြင်းများ၊ အားကစားနှင့် လူမှုရေး ဆောင်ရွက်ခြင်းများ နှင့် စိတ်ဝင်စားဖွယ်နေရာများသို့ လည်ပတ်ခြင်းများ လုပ်ဆောင်သွားမည်ဟု အိန္ဒိယသံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ- မြန်မာ ပူးတွဲကင်းလှည့်ခြင်းသည် သက်ဆိုင်ရာနိုင်ငံဘက်၏ ပင်လယ်ရေကြောင်းနယ်နိမိတ်အတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးအား ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံရေတပ်များ အကြားပူးပေါင်း ဆောင်ရွက်ခြင်းမှ တဆင့် အပြန်အလှန်နားလည်မှု မြှင့်တင်ရန်ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky