အဆောင်အယောင်နှင့် ခံစားခွင့်အပေါ် သာယာပါက ပန်းတိုင်ရောက်မည်မဟုတ်ဟု သမ္မတ သတိပေး

အဆောင်အယောင်နှင့် ခံစားခွင့်အပေါ် သာယာပါက ပန်းတိုင်ရောက်မည်မဟုတ်ဟု သမ္မတ သတိပေး

လစာ၊ အဆောင်အ ယောင်၊ ခံစားခွင့်များကို ကြွားဝါ ရန်ပေးအပ်ထားခြင်း မဟုတ် ကြောင်းနှင့် ယင်းအပေါ်သာယာ ပျော်မွေ့ကာ မလုပ်၊ မရှုပ်၊မပြုတ် လုပ်နေပါက လက်ရှိအစိုးရသွား လိုသည့်ရည်ရွယ်ချက်၊ ပန်းတိုင် ကိုရောက်ရှိမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် သတိပေးပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လစာ၊ အဆောင်အ ယောင်၊ ခံစားခွင့်များကို ကြွားဝါ ရန်ပေးအပ်ထားခြင်း မဟုတ် ကြောင်းနှင့် ယင်းအပေါ်သာယာ ပျော်မွေ့ကာ မလုပ်၊ မရှုပ်၊မပြုတ် လုပ်နေပါက လက်ရှိအစိုးရသွား လိုသည့်ရည်ရွယ်ချက်၊ ပန်းတိုင် ကိုရောက်ရှိမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် သတိပေးပြောကြား သည်။

သမ္မတ ဦးဝင်းမြင့်သည် ပုသိမ်မြို့၌ မဏ္ဍိုင်သုံးရပ်နှင့်တွေ့ ဆုံပွဲတွင် ယင်းသို့ထည့်သွင်းပြော ကြားခြင်းဖြစ်ပြီး လက်ကျန်သက် တမ်းအတွင်း ပြည်သူလူထုအ တွက် ကြိုးစားကာ ပြုပြင်ပြောင်း လဲရန် တိုက်တွန်းသည်။

‘‘ကိုယ်မလုပ်နိုင်ရင် ရှင်းရှင်း ပဲနေလိုက်ပါ။ အချိန်မရွေး။ ကိုယ် လုပ်နိုင်မယ်ဆိုရင် တာဝန်ကျေ အောင်လုပ်ပါ။ ကိုယ့်အလုပ် ကိုယ်တာဝန်ယူတဲ့အချိန်မှာ တာ ၀န်ကျေအောင်လုပ်ခြင်းသည် ကိုယ့်ရဲ့မွန်မြတ်တဲ့အောင်မြင်မှု ပဲ’’ ဟု သမ္မတကပြောသည်။

ပြည်သူများခံစားနေရသည့် ဒုက္ခသုက္ခ၊ ဝေဒနာများကိုပြည် နယ်နှင့်တိုင်းဒေသကြီးအစိုးရအ ဖွဲ့များက ကုစားပေးနိုင်ရမည်ဖြစ် ပြီး အဲကွန်းအခန်းအောက်တွင် သက်သာအောင်နေခြင်းသည် ပြည်သူကို ၀န်ဆောင်မှုပေးခြင်း မဟုတ်ဘဲ မိမိအတ္တအတွက်မိမိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားသည်။

‘‘ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာ တရတွေမမေ့ပျောက်သေးပါဘူး။ အဲဒီလို အနာတရ၊ ဒုက္ခသုက္ခ တွေမမေ့ပျောက်သေးတဲ့ကာလ မှာ ကိုယ့်ကြောင့်ပြည်သူကို ဒုက္ခ၊ သုက္ခ၊ အနာတရတွေထပ်ပြီး မပေးပါနဲ့’’ ဟု ဦးဝင်းမြင့်က ဆို သည်။

ဒီမိုကရေစီ ကျင့်စဉ်တွင် ပြည်သူသာ အမိ၊ ပြည်သူသာ အဖဖြစ်ပြီး လုပ်ပိုင်ခွင့်ရှိလာချိန် တွင် ပြည်သူကိုအလုပ်အကျွေး မပြုဘဲ အာဏာရှင်ဆန်ဆန်ကျင့် သုံးမည်ဆိုပါက မိမိတို့ဖြတ်သန်း ခဲ့သည့် အတိတ်သမိုင်း၊ ဘ၀အ တွေ့အကြုံများကို ပြန်လည်စဉ်း စားကာ ကိုယ်ချင်းစာစိတ်ဖြင့် ပြည်သူကို ဆက်ဆံရန်လိုအပ် ကြောင်း သမ္မတက လမ်းညွှန် သည်။

‘‘ကိုယ်လုပ်ပိုင်ခွင့်ရှိတော့မှ ပြည်သူကို ပြည်သူမှန်းတောင် မမြင်တော့ဘူး။ ကိုယ်ဖြတ်သန်းခဲ့ တဲ့အတိတ်က ခက်ခဲကြမ်းတမ်း တဲ့ဘ၀ မေ့ပြီးတော့ ပြည်သူကို ဟိန်းမယ်၊ ဟောက်မယ်၊ မာန် မယ်၊ထန်မယ်ဆိုရင်တော့ခင်ဗျား တို့စဉ်းစားဖို့ကောင်းတယ်။ ဘာ စဉ်းစားဖို့ကောင်းလဲ။ ကိုယ်ကော ဘာမို့လို့လဲ။ အဲဒီတော့ ကိုယ်ဟာ ဒီမိုကရေစီသမားလား၊ အာဏာ ရှင်သမားလား’’ ဟု ဦးဝင်းမြင့်က မေးခွန်းထုတ်သည်။

ဆက်လက်၍ သမ္မတဦးဝင်း မြင့်က ‘‘ကိုယ်ဒီမိုကရေစီသမားမို့ လို့ ပြည်သူကိုသဘောထားကြီးရ မယ်။ သည်းခံရမယ်။ ခွင့်လွှတ်ရ မယ်။ ပြည်သူကို လွတ်လပ်မှုပေး ရမယ်။ လုံခြုံမှုပေးရမယ်။ ပျော် ရွှင်မှုပေးရမယ်’’ ဟု ပြောသည်။

နိုင်ငံတော်သမ္မတပြောကြားသကဲ့သို့ လက်ရှိအစိုးရသည်ပြည် သူကိုဗဟိုပြု၍ ဖွဲ့စည်းထားသော ကြောင့် ရာထူးနေရာအလိုက် သာယာယစ်မူးနေ၍ မရဘဲ သမ္မတ၏လမ်းညွှန်ချက်အတိုင်း တစ်သဝေမတိမ်းလိုက်နာကာ ပြည်သူကိုအလုပ်အကျွေးပြုရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေး ၀န်ကြီးဦးဝင်းဌေးကမှတ်ချက် ပြုသည်။

‘‘သမ္မတကြီးရဲ့ခရီးစဉ်က ကျွန်တော်တို့ကို သွန်သင်ညွှန် ပြတာဖြစ်တဲ့အတွက် အများကြီး အကျိုးရှိပါတယ်။ လွှတ်တော် ရော၊ အစိုးရရော၊ တရားစီရင်ရေး ပေါ့။ အဲဒါကို ကျွန်တော်တို့ လိုက်နာဆောင်ရွက်ကြဖို့လိုတာပေါ့’’ ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများသည် ပြည်ထောင်စုအ စိုးရအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်ပြီး မလိုက်နာ ခြင်းသည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ မူဝါဒကိုဆန့်ကျင်ခြင်း၊ ပြည်သူလူထုအကျိုးကို မကြည့် ဘဲ မိမိလုပ်ချင်သည်ကိုလုပ်နေ ခြင်းဖြစ်ကြောင်း၊ ယင်းသို့လုပ် ဆောင်၍ မရကြောင်း သမ္မတက သတိပေးသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့က စီမံခန့်ခွဲမှုညံ့ဖျင်း ပါက ဒီမိုကရေစီပျောက်သွားနိုင် သဖြင့် သတိထားရန်နှင့် အလေး အနက်ထားရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

‘‘တချို့ပြည်နယ်နဲ့တိုင်းဒေ သကြီးတွေမှာရှိပါတယ်။ ဘာလဲ ဆိုတော့ ကိုယ်လုပ်ချင်တာပဲစွတ် လုပ်နေသလား၊ လုပ်ချင်တာလား တော့မသိဘူး။ ဒီဥပဒေချုပ်တို့၊ စာရင်းစစ်ချုပ်တို့ကို သိပ်မတိုင် ပင်ဘူး’’ ဟု သမ္မတကဆိုသည်။

မဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲ၌ သမ္မတ၏လမ်းညွှန်ချက်သည် ကောင်းမွန်ကြောင်းနှင့် လက်ရှိ သွားနေသည့်ပြုပြင်ပြောင်းလဲ ရေးသည် ပိုမိုအားစိုက်ရန်၊ ထိ ရောက်ရန်လိုအပ်ပြီး အောင်မြင် သည့်ပြုပြင်ပြောင်းလဲရေးဖြစ်ရန် လိုအပ်ကြောင်း ဖျာပုံမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ၀င်းထွဋ်က မှတ်ချက်ပြုသည်။

‘‘လူဆိုတာပြောင်းလဲတတ် တဲ့သဘာဝတော့ရှိကြတာပေါ့။ ဒီ အပေါ်မှာ သမ္မတကြီးအနေနဲ့အစိုး ရအဖွဲ့ဝင်တွေရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ သက် ဆိုင်ရာဌာနဆိုင်ရာတွေရော အား လုံးကိုခြုံငုံပြီး သတိပေးသွားတာ ပါ’’ ဟု ၎င်းကဆိုသည်။

ဗဟိုက ချမှတ်သည့်မူဝါဒ များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများက အကောင်အ ထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ပြီး နားမလည်သည့်ကိစ္စရပ်များ ကို လေ့လာချင်စိတ်၊ သင်ယူချင် စိတ်ရှိရမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

‘‘ဒီလိုလေးပဲ အောက်က ဌာနဆိုင်ရာက တက်လာတဲ့အ ပေါ်မှာ ထပ်ပြီးလက်မှတ်ပဲထိုးပေး နေမယ်ဆိုရင်တော့ ဒုံရင်း ဒုံရင်း ပြန်ဖြစ်မှာပဲ။ ဒါမျိုးမဖြစ်စေချင် ဘူး’’ ဟု ၎င်းကဆိုသည်။

ဥပဒေပြုရေးနှင့်ပတ်သက် ၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စံနှုန်းများ၊ ဒေသအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်၍ ရေး ဆွဲစေချင်ကြောင်းနှင့် ပြည်သူလူ ထု၏ ဆန္ဒနှင့်အသံကို နားထောင် စေလိုကြောင်း ဦးဝင်းမြင့်က တိုက်တွန်းသည်။

ပြည်သူနှင့် ထိတွေ့မှသာ အောက်ခြေတွင် ဖြစ်နေသည့်အ ခြေအနေ၊ အပေါ်နှင့် ကွာဟနေ သည်ကို သိရှိမည်ဖြစ်ပြီး အချို့ ပြည်သူများသည် ဥပဒေပြုလွှတ် တော်ကိုယ်စားလှယ်များထက် ပိုမိုတတ်ကျွမ်းသည်ကို လက်ခံ ထားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအစိုးရသည် ဘက် လိုက်မှုကင်းသည့် တရားစီရင် ရေးကို သွားနေသဖြင့် ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေ၊ တရားမကျင့် ထုံးဥပဒေစသည့်တရားစီရင်ရေး နှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ ကျင့်စဉ်များကို လေးစားလိုက်နာရန် လိုအပ် ကြောင်း သမ္မတက တိုက်တွန်း သည်။

ကန့်သတ်ထားသည့်အမှုအ နည်းငယ်မှလွဲ၍ အမှုအများစုကို အများပြည်သူရှေ့တွင် ပွင့်လင်း မြင်သာမှုရှိသည့် တရားစီရင်ရေး ကို ဆောင်ရွက်ရန်လိုအပ်ပြီး တ ရားစီရင်ရေးတိမ်းစောင်းလာပါ က ဗဟိုမှ မြို့နယ်အထိသက်ဆိုင် ရာနေရာအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု ဦးဝင်း မြင့်က ပြောသည်။

‘‘ဒီလိုမှ သတ်သတ်မှတ် မှတ်မထားရင် သူလိုလို၊ ကိုယ်လို လို၊ ဟိုလူ့လိုလို၊ ဒီလူ့လိုလို ဘယ် သူ့ကိုအရေးယူရမှန်းမသိဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ကျန်အချိန်တွင် အ လုပ်လုပ်ကြရန် သမ္မတဦးဝင်းမြင့် က တိုက်တွန်းခြင်းသည် တိုင်း ဒေသကြီးအတွက် အကျိုးရှိ ကြောင်းနှင့် အစိုးရအဖွဲ့၊ လွှတ် တော်တို့ စွမ်းစွမ်းတမံဆောင် ရွက်သည်ကို မြင်တွေ့လိုသည့် သဘောတွေ့ရကြောင်း ပန်းတ နော်မြို့နယ် အမှတ်(၁)မဲဆန္ဒ နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်း မော်က သုံးသပ်သည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုသည် ရန်သူမဟုတ်ဘဲ မိတ်ဆွေ ကောင်းဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်နေ သည့်အရာဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က အခိုင်အမာဆို သည်။

‘‘ပြုပြင်ပြောင်းလဲမှုက စိုး ရိမ်စရာမဟုတ်ပါဘူး။ ပြုပြင် ပြောင်းလဲမှုဟာ ကြောက်ရွံ့နေရ မှာမဟုတ်ပါဘူး။ ပြုပြင်ပြောင်း လဲမှုဟာ ကျွန်တော်တို့နိုင်ငံသူ၊နိုင် ငံသားတွေအတွက် အခွင့်အလမ်း ကောင်းတွေဖြစ်ပါတယ်’’ ဟု ၎င်း က ပြောသည်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုတွင် လိုက်ပါလာခြင်းမရှိဘဲ တွန့်ဆုတ်နေခြင်း၊ ၀န်လေးနေ ခြင်း၊ ငြင်းဆန်နေခြင်း၊ ခုခံနေ ခြင်းများရှိပါက နိုင်ငံအတွက်၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းသာ ယာမှုတို့အတွက် များစွာအဟန့် အတားဖြစ်စေကြောင်း သမ္မတက ယုံကြည်သည်။

ဦးဝင်းမြင့်သည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရှိစဉ်က ဧရာဝတီတိုင်းသို့ ရောက်ရှိသည့် အခါ တိုးတက်ဖွံ့ဖြိုးမှုနှေးကွေး၍ စိတ်ဆင်းရဲမှုခံစားခဲ့ပြီး များစွာခံ ပြင်းခဲ့ရကြောင်း ယမန်နေ့တွင် ပြောကြားသည်။

လက်ရှိသမ္မတအနေဖြင့်ပြန် လည်ရောက်ရှိချိန်တွင် ယခင် ထက်တိုးတက်မှု အနည်းငယ်ရှိ လာ၍ ဖြေသိမ့်နိုင်သော်လည်း အားရကျေနပ်မှုမရှိသေးကြောင်း ဦးဝင်းမြင့်က မှတ်ချက်ပြုသည်။

မြစ်၊ချောင်းများ ပေါများ သည့် ဧရာဝတီတိုင်းတွင်လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး တံတားများ ထပ်မံတည်ဆောက် ရန် ကြိုးစားနေပြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကောင်း မွန်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ပုသိမ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံခဲ့ရပြီး သမ္မတရာထူးရယူ ပြီးနောက်တွင် ၎င်း၏မဲဆန္ဒနယ် ဟောင်းသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky