အမေရိကန် ကာကွယ်ရေးဝန်ကြီး အာဆီယံအစည်းအဝေးမှာ ရခိုင်ကိစ္စဆွေးနွေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး အာဆီယံအစည်းအဝေးမှာ ရခိုင်ကိစ္စဆွေးနွေး


ဇွန် ၂ ။ ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ဟာ အင်ဒို-ပစိဖိတ် မဟာဗျူဟာဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေးတစ်ရပ်မှာ မြန်မာနိုင်ငံက ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြားသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဇွန် ၂ ။                       ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ဟာ အင်ဒို-ပစိဖိတ် မဟာဗျူဟာဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေးတစ်ရပ်မှာ မြန်မာနိုင်ငံက ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ပြန်လည်ကြိုဆိုလက်ခံနေကြောင်း၊ မကြာမီကာလမှာ မုတ်သုန်အကြို ရာသီ ၀င်ရောက်တော့မှာ   ဖြစ်တဲ့အတွက်လည်း မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လက်ခံဖို့အတွက် အားထုတ်ဆောင်ရွက်နေပါတယ်ဆိုပြီး အဆိုပါ အစည်းအဝေးအတွင်း ဦးသောင်းထွန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ အာဆီယံဝန်ကြီးတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ယင်းအပြင် မြန်မာအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ တွေ့ကြုံခံစားခဲ့ရတယ်လို့လည်း ၎င်းက အစည်းအဝေးမှာ ပြောကြားခဲ့ပါသေးတယ်လို့ သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ စပ်လျင်းလို့ မြန်မာအစိုးရဘက်က မေလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်နှစ်ခုနဲ့ပတ်သက်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကြိုဆိုကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂ ရက်နေ့ စင်ကာပူ ပြုလုပ်တဲ့ အာရှ လုံခြုံရေး ထိပ်သီးအစည်းအဝေးမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက လက်ရှိ တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ရဲ့ စစ်ရေးတည်ဆောက်မှုတွေ၊ အဆင့်မြင့်လက်နက်စနစ်တွေ ဖြန့်ကျက်မှုတွေ ရှိနေခြင်းဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ခြိမ်းခြောက်အကျပ်ကိုင်နေသလိုဖြစ်နေတယ်ဆိုပြီးတော့လည်း စွပ်စွဲပြောကြားသွားတယ်လို့ သိရပါတယ်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky