ဦးကိုနီလုပ်ကြံခံရကြောင်း သိရှိပြီးမှ ဘားအံသို့သွားရောက်ကြောင်း အောင်ဝင်းထွန်းထွက်ဆို

ဦးကိုနီလုပ်ကြံခံရကြောင်း သိရှိပြီးမှ ဘားအံသို့သွားရောက်ကြောင်း အောင်ဝင်းထွန်းထွက်ဆို


တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရ သည့် အောင်ဝင်းထွန်း၏ထွက် ဆိုချက်တွင် ၎င်း၏ညီ အောင်ဝင်း ဇော်နှင့်အတူ ဘားအံသို့မသွားမီ ဦးကိုနီလုပ်ကြံခံရမှုကို ၎င်းတို့သိ ရှိထားပြီဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း တရားလို ရှေ့နေဦးခင်မောင်ဌေးက ဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထားရ သည့် အောင်ဝင်းထွန်း၏ထွက် ဆိုချက်တွင် ၎င်း၏ညီ အောင်ဝင်း ဇော်နှင့်အတူ ဘားအံသို့မသွားမီ ဦးကိုနီလုပ်ကြံခံရမှုကို ၎င်းတို့သိ ရှိထားပြီဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း တရားလို ရှေ့နေဦးခင်မောင်ဌေးက ဆိုသည်။

စွပ်စွဲခံထားသူအောင်ဝင်း ထွန်းကို မြောက်ပိုင်းခရိုင်တရား ရုံးရှိ အထူးခုံရုံးတွင် စက်တင်ဘာ ၆ ရက်က စတင်စစ်ဆေးခဲ့ပြီး တရားခွင်အတွင်း အောင်ဝင်းထွန်းက အထက်ပါအတိုင်း ထွက်ဆိုထားကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘ဦးကိုနီနဲ့ပတ်သက်တဲ့ကိစ္စ တွေကို ဖေ့စ်ဘွတ်ခ်လည်း မ ကြည့်ဘူး။ ဘာမှလည်းမဖြစ်ဘူး။ တောကနေ တက်လာတာဘာမှ မသိဘူးလို့ အရင်ကပြောတယ်။ အခု အောင်ဝင်းထွန်းက ပြော တယ်။ ၂၉ ရက် ညနေ ၅ နာရီခွဲ ရန်ကုန်မလာခင်ကတည်းကိုက ဦးကိုနီလေဆိပ်မှာ အသတ်ခံထား ရတာ သူသိတယ်လို့ပြောသွားပြီ။ အဲဒီတော့ အရင်ပြောတာနဲ့ အခု ပြောတာနဲ့ ပြောချင်လွန်းအားကြီး လို့ပဲ သတိလက်လွတ်ဖြစ်ပြီး ပြောမိသလားတော့ ကျွန်တော် လည်း မသိဘူး။ သို့သော်လည်း သူတို့ဘားအံကို မသွားခင်က တည်းက အောင်ဝင်းထွန်းဟာ ဦးကိုနီလုပ်ကြံခံရတဲ့အကြောင်း ကို သူသိထားပြီးပြီ’’ဟု ဦးခင် မောင်ဌေးကဆိုသည်။

ထို့နောက် ညီဖြစ်သူ အောင် ၀င်းဇော်နှင့်အတူ ကရင်ပြည်နယ် သို့ သွားရောက်စဉ် ဘားအံတံ တားပေါ်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီး ခြင်းခံရပုံ၊ ဘားအံမြို့မရဲစခန်းက မှ ရန်ကုန်သို့ ခေါ်လာရာတွင် လည်း ၎င်းတို့ညီအစ်ကိုနှစ်ဦးအား ရဲတပ်ဖွဲ့က လက်ထိတ်၊ ခြေထိတ် များခတ်ကာ မျက်နှာကိုစည်း၍ ခေါ်ဆောင်လာခဲ့ပုံကို ထွက်ဆိုခဲ့ သည်။  ဦးကိုနီလုပ်ကြံခံရမှုတွင် သေနတ်သမားကြည်လင်းကို ကြို တင်ကြံရွယ်ချက်ဖြင့် လူသတ်မှု ကိုကျူးလွန်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ၊ အငှားယာဉ်မောင်း ဦးနေ၀င်းအား သေနတ်ဖြင့် ပစ် ခတ်ခဲ့သဖြင့် လူသတ်မှုပုဒ်မ ၃၀၂ (၂)ဖြင့်လည်းကောင်း၊ အောင် ၀င်းဇော်ကို လူသတ်မှုအား ပူး ပေါင်းကြံစည်ခဲ့သည့် ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးကိုလည်း လူသတ်မှု တွင် အားပေးကူညီမှုရှိခဲ့မှု ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့်လည်း ကောင်း အသီးသီးစွဲချက်တင်ခဲ့ သည်။ အောင်ဝင်းထွန်းကိုလည်း ပြစ်မှုကျူးလွန်သူအား လက်သင့် ခံသည့် ပုဒ်မ ၂၁၂ ဖြင့် စွဲချက် တင်ထားခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky