ဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိသော်လည်း စိုးရိမ်ရဆဲ ကျန်းမာရေးပြန်လည်ကောင်းလာစေရန် မြို့ကြီးအချို့တွင် ဆုတောင်းပွဲမျာ

  • News Code : 830601
  • Source : 7days
Brief


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) နာယကဦးတင်ဦး ၏ ကျန်းမာရေးတိုးတက်မှုရှိသော် လည်း စိုးရိမ်ရသည့်အဆင့်ကို ကျော်လွန်ခြင်းမရှိသေးကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာအေးကိုကို က မေလ ၁၈ရက်ညတွင် ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) နာယကဦးတင်ဦး ၏ ကျန်းမာရေးတိုးတက်မှုရှိသော် လည်း စိုးရိမ်ရသည့်အဆင့်ကို ကျော်လွန်ခြင်းမရှိသေးကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာအေးကိုကို က မေလ ၁၈ရက်ညတွင် ပြော ကြားသည်။

‘‘လန်းလန်းဆန်းဆန်းရှိပါ တယ်။ အများကြီးတိုးတက်ပါ တယ်။ အဲဒီအဆင့်(စိုးရိမ်ရသည့် အခြေအနေကို ကျော်လွန်နေ သည့်အဆင့်) ကိုတော့မရောက် သေးဘူး’’ ဟု ၎င်းကပြောသည်။

ဦးတင်ဦးတွင် ယခင်က နှလုံးရောဂါနှင့် သွေးတိုးရောဂါ ရှိနေသဖြင့် ကြိုးစားပြီးကုသနေ ကြောင်း ဒေါက်တာအေးကိုကိုက ဆက်လက်ပြောကြားသည်။

ဒေါက်တာအေးကိုကိုက ည ၈ နာရီ ၃၅ မိနစ်တွင် ‘‘အခြေအနေ နည်းနည်းတိုးတက်လာပါတယ်။ စိုးရိမ်ရတာကတော့ စိုးရိမ်ရတုန်း ပဲ’’ ဟု ပြောသည်။

အသက် (၉၁) နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဦးတင်ဦးသည် မေလ၁၇ ရက်ညကရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ် အိမ်သာ၊ ရေချိုးခန်းအ တွင်းသို့ဝင်သွားရာ အချိန်အတန် ကြာသည်အထိ ပြန်လည် ထွက် မလာ၍ မိသားစုဝင်များက လိုက် လံကြည့်ရှုစဉ်အခန်းတွင်း လဲနေ သည်ကို တွေ့ရှိခဲ့ကြောင်း ဒီချုပ်ပါတီ တာဝန်ရှိသူများက ပြောကြားသည်။

‘‘သူကနည်းနည်းလေးမူးဝေ ဝေနေတာ နှစ်ခါသုံးခါရှိပြီ။ ညက လည်း အိမ်သာဝင်ရင်းနဲ့ပေါ့။ သူ့ အမျိုသမီးက နင့်အဘဝင်သွား တာကြာပြီ၊ ထွက်မလာသေးဘူး သွားကြည့်ဆိုတော့မှ အခန်းထဲမှာ ခေါင်းမူးပြီးလဲတာ။ ဘာဒဏ်ရာမှ မရှိပါဘူး’’ဟု ဒီချုပ်ဗဟိုအလုပ်အ မှုဆောင် အဖွဲ့ဝင်ဦးအောင်စိုးက ပြောသည်။

ဦးတင်ဦးကို ရှေ့ဦးစွာရွှေဂုံ တိုင်အထူးကုဆေးရုံ (SSC) သို့ တင်ပို့ကုသခဲ့ပြီး ယင်းဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ ဦးနှောက်နှင့်အာရုံကြောဌာ နသို့ မေလ ၁၈ ရက်နံနက် ၃ နာရီခန့်၌ ရောက်ရှိကာ နံနက် ၈ နာရီခန့်တွင် ဆေးရုံကြီးရှိ အထူး ကြပ်မတ်ကုသဆောင်သို့ပြောင်း ရွှေ့ဆေးကုသမှု ခံယူခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ဦးတင်ဦးကိုဦး နှောက်နှင့်အာရုံကြော ခွဲစိတ်၊ ဦး နှောက်နှင့်အာရုံကြောအထူးကု၊ နှလုံးရောဂါအထူးကုနှင့် အထူး ကြပ်မတ်ကုသဆောင်မှ ဆရာဝန် ကြီးများ၊ ရန်ကုန်ဆေးရုံကြီးရှိ ဆရာဝန်များ ပါဝင်သော ဆေးကု သမှုအဖွဲ့ဖွဲ့စည်း၍ လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ခဲ့သည်။

ဦးတင်ဦး၏ ကျန်းမာရေးအ ခြေအနေ တိုးတက်ကောင်းမွန် လာရေး နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက် နေကြောင်း ဦးတင်ဦး နှင့်အတူ အမြဲတမ်းလိုက်ပါ၍တာဝန် ထမ်း ဆောင်နေသူ ဦးမြင့်ဦးက ပြော သည်။

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်)ကိုယ်တိုင် နေပြည်တော်ကနေကြီးကြပ်နေတာအားလုံးကို’’ ဟု ဦးမြင့်ဦးကမေလ ၁၈ ရက်ည တွင် ပြောသည်။ ဦးမြင့်ဦးသည် ဦးတင်ဦးဆေးရုံသို့စတင်ပို့ ဆောင် သည့် အချိန်ကစ၍ တောက် လျှောက်အနီးကပ် ပြုစုနေသူဖြစ် သည်။ဦးတင်ဦးသည် မေလ ၁၇ ရက် ညဖြစ်စဉ်ဖြစ်ပွားချိန်မှ ၁၈ ရက်နံ နက်အထိ သတိလစ်နေခဲ့ပြီး ကိုယ်တစ်ခြမ်းသေနေသည့် အနေအထားမျိုးဖြစ်ကြောင်း သတင်းရ ရှိသည်။

‘‘လူနာအခြေအနေက အ သက်ကြီးတာက တစ်ကြောင်း ရောဂါအခံရှိတာက တစ်ကြောင်း ပေါ။ အဲဒါကြောင့် နည်းနည်းတော့ ဆေးကုသမှု နှောင့်နှေးနေတာ ပေါ့’’ ဟု ဒေါက်တာအေးကိုကို က မေလ ၁၈ရက်နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။

အထူးကြပ်မတ်ကုသ ဆောင်၌ ဆေးကုသနေသည့် ဦး တင်ဦးကို ၎င်း၏ဆွေမျိုး၊ မိတ် ဆွေများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် ဒီချုပ်ဗ ဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များနှင့် ပါတီဝင်များ၊ နိုင်ငံရေးအ ဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ လာ ရောက်ကြည့်ရှုခဲ့သည်။

ဦးတင်ဦးအမြန်ဆုံးပြန်လည် ကျန်းမာစေရန် ရည်စူး၍ ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန် ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် မြို့နယ်အသီးသီးမှ ဒီချုပ်ပါတီဝင်များက မေလ ၁၈  ရက်မွန်းလွဲ  ၃ နာရီတွင် ဆု တောင်း မေတ္တာပို့သခြင်းနှင့် ပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ခြင်း ကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်စနေထောင့်တွင် ပြုလုပ်ခဲ့ သည်။

‘‘ကျွန်တော်တို့အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကမ ဏ္ဍိုင်ကြီးတစ်ခုပြိုလဲတော့မလို ဖြစ်နေတဲ့အချိန်မှာ ဒီအတွက် ကျွန် တော်တို့အားလုံး ဆုတောင်းပေးဖို့ လိုပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ယင်းဆုတောင်းပွဲ၌ပြောသည်။

ဆုတောင်းပွဲတွင် ပါဝင်ခဲ့ သည့်ဒါရိုက်တာကြည်ဖြူသျှင်က လည်း‘‘အစ်မတို့ကတော့ယုံကြည် ပါတယ်။ မျှော်လင့်ပါတယ် ဘဘ ပြန်လည်ကောင်းလာမှာပါ။ ဒါပေ မဲ့ ဘဘဖြစ်တဲ့ရောဂါက အရှေ့မှာလည်းအစ်မတို့ အနုပညာလော ကက လူတွေဖြစ်တာကြူံဖူးပါ တယ်၊ ဦးနှောက်သွေးခဲတာဆို တာ ဆေးထိုးပြီးဖျော်လို့ရတယ် ပေါ့။ ဒါပေမဲ့ ဘဘအသက်အရွယ် ကအရမ်းကြီးနေပြီ။ အဲဒီအတွက်  အရမ်းစိတ်ပူတယ်’’ ဟုဆိုသည်။

ဦးတင်ဦးကျန်းမာရေးပြန် လည်ကောင်းမွန်လာစေရေး  မန္တလေး၊ မော်လမြိုင်နှင့် မုံရွာမြို့ တို့တွင်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်များကဦးဆောင်၍ ဆု တောင်းပွဲများ အသီးသီးပြုလုပ်ခဲ့ သည်။

မေလ ၁၈ ရက်ညတွင်ဦးတင် ဦး၏ ကျန်းမာရေးအခြေအနေ ယ ခင်ကထက် တိုးတက်ကောင်းမွန် လာကြောင်း အထူးကြပ်မတ်ကု သဆောင်သို့ ရောက်ရှိနေသည့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်များက ပြောသည်။

‘‘လက်ရှိကတော့ မနက်တုန်းကထက်စာရင် တိုးတက်မှုတွေရှိ ပါတယ်။ ဧည့်သည်တွေကိုလည်း သူနှုတ်ဆက်နိုင်တယ်၊သိတယ်။ စကားပြောတာကတော့ သူအသံ မထွက်ဘူး’’ဟု ဒီချုပ်ဗဟိုအလုပ် အမှုဆောင်ဦးဉာဏ်ဝင်းကပြော သည်။

‘‘ဘဘရဲ့အရေးပါမှုအပိုင်း ကကျွန်တော်တို့ NLD အတွက်က တော့ဗျာ တကယ့်ဘဘရဲ့ ရိုးသားမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု နဲ့ တာဝန်ကျေပွန်မှုတို့က ကျွန် တော်တို့ NLD အတွက်ရော၊ နိုင်ငံ အတွက်ရော တပ်မတော်တစ်ခု လုံးအတွက်ပါလို့တောင် ကျွန် တော်တို့ပြောချင်ပါတယ်။ ဘဘ ကလည်း တပ်မတော်မှာ အမြင့် ဆုံးအထိ တာဝန်ထမ်းခဲ့တာလေ။ အဲဒါကြောင့်လည်း ဘဘကျန်းမာ ရေးကောင်းပြီး တစ်ရက်အသက်ပို ရှည်လေ ကျွန်တော်တို့အတွက် တန်ဖိုးရှိလေလို့ ကျွန်တော်တို့က သတ်မှတ်ပါတယ်’’ ဟု ဦးအောင် စိုးကပြောသည်။

===================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky