ဧရာဝတီမြစ်ကြောင်းတလျှောက် တပ်မတော်ဆေးရုံယာဉ် ၂ စင်းဖြင့် ကုသပေးနေ

ဧရာဝတီမြစ်ကြောင်းတလျှောက် တပ်မတော်ဆေးရုံယာဉ် ၂ စင်းဖြင့် ကုသပေးနေ

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် ၂ စင်းဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို ဆေးကုသပေးဖို့ မနေ့က ထွက်ခွာသွားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် ၂ စင်းဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို ဆေးကုသပေးဖို့ မနေ့က ထွက်ခွာသွားတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ရွှေပုစွန်နဲ့ စကုလို့ ခေါ်တဲ့ ဆေးရုံရေယာဉ်တွေဟာ တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့က ပါရဂူများတွေ၊ ဆေးမှူးနဲ့ သူနာပြုတွေကို တင်ဆောင်ပြီး ရန်ကုန်မြို့၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ အမှတ် ၄ ရေတပ် ဗောတံတားကနေ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

နယ်လှည့်အထူးကုဆေးအဖွဲ့ဟာ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရှိတဲ့ ဒေသခံတွေကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နဲ့ ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်တာတွေ လုပ်မှာ ဖြစ်သလို X-Ray ရိုက်တာ၊ Ultrasound ရိုက်တာနဲ့ ခွဲစိတ်ရောဂါတွေ ရှာဖွေစမ်းသပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရေးပေါ် အခြေအနေဆိုရင် ဆေးရုံရေယာဉ်ပေါ်မှာ လူနာ အယောက် ၃ဝ အထိ တင်ဆောင်ကုသနိုင်တဲ့ ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနဲ့ အထူးကြပ်မတ် ကုသဆောင်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ တပ်မတော်(ရေ)က ဆင်ဖြူရှင်နဲ့ အင်းလေးရေယာဉ်တွေဟာ အိန္ဒိယနိုင်ငံ၊ ပေါ့ဘလဲယားမှာလုပ်မယ့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲကို တက်ရောက်ဖို့ ထွက်ခွာသွားပါတယ်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky