ကျောက်ဖြူအထူးစီးပွားရေးဇုန်စတင်ရန် မြန်မာနှင့်တရုတ် လက်မှတ်ရေးထိုး

ကျောက်ဖြူအထူးစီးပွားရေးဇုန်စတင်ရန် မြန်မာနှင့်တရုတ် လက်မှတ်ရေးထိုး



မြန်မာနိုင်ငံ၏ ဒုတိယမြောက်အထူးစီးပွားရေး ဇုန်ဖြစ်လာမည့် ကျောက်ဖြူစီမံ ကိန်း စတင်အကောင်အထည် ဖော်ရန် မြန်မာအစိုးရနှင့် တရုတ် ကုမ္ပဏီတို့ မူဘောင်သဘောတူ ညီမှုကို နိုဝင်ဘာ ၈ ရက်တွင် နေ ပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ၏ ဒုတိယမြောက်အထူးစီးပွားရေး ဇုန်ဖြစ်လာမည့် ကျောက်ဖြူစီမံ ကိန်း စတင်အကောင်အထည် ဖော်ရန် မြန်မာအစိုးရနှင့် တရုတ် ကုမ္ပဏီတို့ မူဘောင်သဘောတူ ညီမှုကို နိုဝင်ဘာ ၈ ရက်တွင် နေ ပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ သည်။

အစိုးရ အပြောင်းအလဲ ကြောင့် အချိန်ကြန့်ကြာခဲ့ပြီး ဒီ ချုပ်အစိုးရနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီတို့ကြား ၂ နှစ်ခွဲကြာ ညှိနှိုင်းပြီးနောက် ယခုကဲ့သို့ သ ဘောတူညီမှုရရှိခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ယခင်အစိုးရအကောင်အ ထည်ဖော်ရန် စီစဉ်ခဲ့သည့်အတိုင်း ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းဟူ၍ အပိုင်းသုံး ပိုင်းခွဲကာ အကောင်အထည်ဖော် မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။ မူဘောင် သဘောတူညီမှုသည် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန် ပထမအဆင့် စီမံကိန်းအတွက်သာဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

ကျန်ရှိသည့် စက်မှုဇုန်စီမံကိန်းနှင့် အိမ်ရာစီမံကိန်းများအတွက်လည်း မူဘောင်သဘောတူညီမှုများ ဆက်လက်ချုပ်ဆိုမည်ဟု ဦးအောင်ထူးက ဆက်လက်ပြောသည်။

အဆိုပါ စီမံကိန်းနှင့် ပတ် သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်ဦးညီပုက နောက်အစိုးရလက် ထက်တွင် ထိုသို့ အချိန်ကြာညှိ နှိုင်းမှုများထပ်မံမပြုလုပ်စေရန် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘(ရခိုင်) အများစုကတော့ ကျေနပ်အားရမှုဖြစ်ပြီး ဝမ်းသာ အားရလိမ့်မယ်လို့ ထင်ပါတယ်’’ ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟုန်လျန်ကလည်း အဆိုပါစီမံကိန်းသည် ရခိုင်ပြည် နယ်အတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများကို မြန်မာအစိုးရက ဖြေရှင်းရာတွင် အထောက်အကူ ပြုရန်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ယခုစီမံကိန်းသည် တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)စီမံကိန်းအတွက် အဓိက ကျသည့် စီမံကိန်းဖြစ်သည် ဆို သည်။

အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်း၏ ပထမ အဆင့်တွင် သင်္ဘောကျောက်ချရပ်နားစခန်း (ဆိပ်ခံတံတား) နှစ်ခု တည် ဆောက်မည်ဟု ထုတ်ပြန်သည်။ ထို့အတွက် ကုန်ကျစရိတ်ကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထက် မပိုစေရန် ဆောင်ရွက်မည်ဖြစ်ပြီး တတိယအဖွဲ့အစည်း တစ်ခုကို ငှားရမ်းစစ်ဆေး၍ တွက် ချက်ဆောင်ရွက်မည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောသည်။

တရုတ်ကုမ္ပဏီက ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်အပြည့်အ ဝလည်ပတ်နိုင်ပါက အလုပ်သ မားတစ်သိန်းအထိ အလုပ်အကိုင် ပေးနိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်း အုပ်ချုပ်ရေးစီမံခန့်ခွဲရာတွင် မြန် မာနိုင်ငံသားများကို ၉၀ ရာခိုင်နှုန်း အလုပ်ပေးနိုင်မည်ဟု ကတိပြုသည်။ ထို့အပြင် သက်တမ်း နှစ် ၅၀ အတွင်း ရေနက်ဆိပ်ကမ်းမှ ဒေါ်လာခြောက်ဘီလီယံခွဲ၊ စက်မှုဇုန်မှ ကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံရှာဖွေပေးနိုင်မည်ဟု ဆိုသည်။

‘‘နောက်ဆိုရင် ကျောက်ဖြူ ဒေသဟာ ဟောင်ကောင်နဲ့ စင် ကာပူလိုပဲ။ ဘင်္ဂလားပင်လယ် အော်အတွက် အရောင်တောက်ပ နေတဲ့ ပုလဲလိုပဲ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ နိုင်ငံတကာ ထွက်ကုန်ဈေးကွက်မှာ Made in Kyaukphyu ဆိုတဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ ထုတ်ကုန်အနေအ ထားဟာ မြန်မာနိုင်ငံရဲ့ အမှတ် လက္ခဏာ ဖြစ်သွားမှာပါ’’ ဟု CITIC ကုမ္ပဏီ(မြန်မာ)အုပ်ချုပ်မှု ဒါရိုက်တာ ယွမ်ရှောင်ပင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားဇုန် မှတစ်ဆင့် နေပြည်တော်-မန္တ လေး၊ ထိုမှတစ်ဆင့် တရုတ်ပြည် အထိ ချိတ်ဆက်ရန် လမ်းကြောင်း များရှိသည်။ ထို့အပြင် ဒုတိယလမ်းကြောင်းအနေဖြင့် ကျောက်ဖြူ- နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ထားဝယ်တို့သည် အရှေ့၊ အနောက် စီးပွားရေး စင်္ကြံနှင့် တောင်ပိုင်းစီးပွားရေး စင်္ကြံ တို့နှင့် ချိတ်ဆက်ပြီး ထိုင်း၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်တို့အထိ ဆက် သွယ်ရန် စီစဉ်ထားကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသည်။

‘‘ဆက်စပ်စီမံကိန်းကြီးများ ပါဝင်နိုင်မယ့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကိုလည်း အနှေး နဲ့ အမြန် ဖိတ်ခေါ်မှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ယခင်ဦးသိန်းစိန် အစိုးရသက်တမ်းကုန်ခါနီးတွင် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီကို တင်ဒါပေးခဲ့ပြီး မြန်မာက ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့်ရှိခဲ့သည်။ ထို့ကြောင့် ဒီချုပ်အစိုးရ လက်ထက်တွင် ပြန်လည်ညှိနှိုင်းပြီး မြန်မာဘက်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်သည်။

မြန်မာဘက်က ပိုင်ဆိုင် သည့် ရှယ်ယာ ၃၀ ရာခိုင်နှုန်းတွင် အစိုးရက ၁၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ၅၀ ကျော်က ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သီလဝါ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်ဟူ၍ အထူး စီးပွားရေးဇုန်သုံးခုရှိပြီး သီလဝါအထူးစီးပွားရေး ဇုန်သည် သာလုပ်ငန်းလည်ပတ်နိုင်သေးသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky