တောင်ကြီး စ၀်စံထွန်းဆေးရုံဝင်းအတွင်း ၀န်ထမ်းတန်းလျား မီးလောင်မှု ဖြစ်ပွား

တောင်ကြီး စ၀်စံထွန်းဆေးရုံဝင်းအတွင်း ၀န်ထမ်းတန်းလျား မီးလောင်မှု ဖြစ်ပွား

တောင်ကြီးမြို့ စ၀် စံထွန်းဆေးရုံဝင်း အနောက်ဘက် ရှိ ၀န်ထမ်းတန်းလျားအဆောင် သြဂုတ် ၉ ရက်မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တောင်ကြီးမြို့ စ၀် စံထွန်းဆေးရုံဝင်း အနောက်ဘက် ရှိ ၀န်ထမ်းတန်းလျားအဆောင် သြဂုတ် ၉ ရက်မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားသည်။

ယင်းအဆောင်ရှိလိုင်းခန်း အတွင်း လျှပ်စစ်သွယ်တန်းထား  သည့် လျှပ်စစ်မိန်းခလုတ်အပူ လွန်ကဲရာမှတစ်ဆင့်ဝိုင်ယာရှော့ခ် ဖြစ်ကာ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာန တာဝန်ရှိသူတစ်ဦးကပြော သည်။  ယင်းအဆောင်သည် ပျဉ် ကာဖြစ်ပြီး မီးသတ်ကားမ၀င်နိုင် သောလမ်းကျဉ်းအတွင်း တည် ရှိသောကြောင့် ၀န်ထမ်းတန်း လျားအဆောင်ကို ဖြိုဖျက်၍မီး ငြှိမ်းသတ်ခဲ့ရကြောင်း  ၎င်းက ပြောသည်။

မီးလောင်ကျွမ်းမှုစတင်ဖြစ် ပွားချိန်တွင် ဆေးရုံဝန် ထမ်းအချို့နှင့် စ၀်စံထွန်းရပ် ကွက်နေပြည်သူများ၊ အရန်မီး သတ်ရဲဘော်များကလည်း ရေပုံး များဖြင့် မီးငြှိမ်းသတ်နိုင်ရန်ကြိုး  စားပြီး မီးများသဖြင့် ငြှိမ်းသတ် နိုင်ခြင်းမရှိကြောင်း စ၀်စံထွန်းဆေးရုံမှ လူနာစောင့်အချို့က ပြောသည်။ မီးလောင်မှုသည် နာရီဝက် ခန့်ကြာမြင့်ပြီး မွန်းလွဲ ၁ နာရီခွဲ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာန တာ ၀န်ရှိတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ၀န် ထမ်းတန်းလျားအဆောင်သွပ်မိုး ပျဉ်ကာတစ်ထပ်အဆောက်အအုံမီးလောင်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန် ဖိုးကျပ် ၃၂ သိန်းရှိကြောင်းတောင် ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက  သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီးတောင်ကြီးမြို့နယ်မြေရဲ စခန်းတွင် ပုဒ်မ ၂၈၅ (မီးလောင် စေမှု) ဖြင့်အမှုဖွင့်စစ်ဆေးနေ သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky