ဒေသပထ၀ီ၊ လူမှုဘ၀နှင့်ကိုက်ညီသည့် အထူးပြုပညာရပ်များ တက္ကသိုလ်များတွင် သင်ကြားရန်စီစဉ်နေဟုဆို

ဒေသပထ၀ီ၊ လူမှုဘ၀နှင့်ကိုက်ညီသည့် အထူးပြုပညာရပ်များ တက္ကသိုလ်များတွင် သင်ကြားရန်စီစဉ်နေဟုဆို


တိုင်းနှင့်ပြည်နယ်အသီး သီးရှိ တက္ကသိုလ်များတွင် ဒေသ ပထ၀ီဝင်အနေအထား၊ လူမှုဘ၀များနှင့် ကိုက်ညီသည့် အထူးပြုပညာရပ်များ သင်ကြားဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်နေ ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းနှင့်ပြည်နယ်အသီး သီးရှိ တက္ကသိုလ်များတွင် ဒေသ ပထ၀ီဝင်အနေအထား၊ လူမှုဘ၀များနှင့် ကိုက်ညီသည့် အထူးပြုပညာရပ်များ သင်ကြားဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်နေ ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

မတ်လ ၃ ရက်က ရှမ်းပြည် နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လုံဟေး ကျေးရွာ၌ ဂျပန်နိုင်ငံ နိပွန်ဖောင် ဒေးရှင်းစေတနာအဖွဲ့ကဆောက် လုပ်လှူဒါန်းသည့် လုံဟေးမူလွန် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြား သည်။

‘‘ဒီဒေသမှာဆို အင်းလေး ကန်ရှိတယ်။ တောတောင်တွေ၊ သဘာဝသယံဇာတတွေရှိတယ်။ မိုင်း၊ အင်ဂျင်နီယာ စတဲ့အထူးပြု ဘာသာရပ်တွေ အရေးကြီးပါ တယ်။ ပြီးရင် တိုင်းရင်းသားလူမျိုး တွေနေထိုင်တဲ့အတွက် တိုင်းရင်း သားတွေကို လေ့လာတဲ့ ဘာသာ ရပ်တွေကို တက္ကသိုလ်တွေမှာ ဖွင့်လှစ်ပေးနိုင်ဖို့ အင်မတန်အ ရေးကြီးပါတယ်’’ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

ထိုသို့ဖွင့်လှစ်သင်ကြားပေး ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ ၏ ဘာသာစကား၊ ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာတန်ဖိုးများ ကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၀၂ ကစ၍ ၂၀၁၈ အထိ ငြိမ်း ချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးအစီအစဉ်ဖြင့် နိပွန် ဖောင်ဒေးရှင်း စေတနာအဖွဲ့က ဆောက်လုပ် လှူဒါန်းသည့် ကျောင်းဆောင် ၃၀၀ ပြည့်အခမ်း အနားကို အဆိုပါကျေးရွာမူလွန် ကျောင်းဝင်းအတွင်းပြုလုပ်ပြီး အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နယ် စပ်ရေးရာကာကွယ်ရေး၊ ပညာ ရေး၊ လူကယ်ပြန် စသည့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများ၊ အရှေ့ပိုင်းတိုင်း မှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဂျပန်နိ ပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဂျပန်သံ ရုံးမှ ကိုယ်စားလှယ်များ၊ ကျေးရွာ အသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသူ၊ ရွာသားများ တက်ရောက် ခဲ့သည်။

ဂျပန်နိပွန်ဖောင်ဒေးရှင်းစေ တနာအဖွဲ့က ကျပ်သိန်း ၅၀၀ ကျော်ကုန်ကျသည့် (၉၀×၃၀)ပေ ရှိ၍ ကျောင်းသုံးပရိဘောဂအစုံပါ ၀င်သည့် လုံဟေးမူလွန်တစ်ထပ် ကျောင်းဆောင်ကို ရွာသားများ နှင့်ပူးပေါင်း၍ ရှစ်လကြာ တည် ဆောက်ခဲ့သည်။ ထို့ပြင် ကျောင်း ၀င်းအတွင်း ကျောင်းသား၊ ကျောင်းသူများ ကစားနိုင်ရန် ကစားကွင်းငယ်တစ်ခု ဆောက် လုပ်လှူဒါန်းခဲ့သည်။

ကျောင်းဆောင် ဆောက် လုပ်ရာတွင် အခမဲ့လုပ်အားပါဝင် သည့် ရွာသားများအား ၎င်းတို့ နေ့တွက်လုပ်အားခကို ပြန်လည် တွက်ချက်၍ နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့က ကျောင်းရန်ပုံ ငွေအဖြစ် ကျပ်သိန်း ၇၀ ကျော် ပေးအပ်ခဲ့သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky