ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖုန်းဆက်ပြီး မြန်မာအရေး ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖုန်းဆက်ပြီး မြန်မာအရေး ဆွေးနွေး

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့တယ်လို့ သိရပါတယ်။

ဂျွန်ဆင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဘင်္ဂါလီအရေး၊ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အရေးကို ဆွေးနွေးခဲ့ကြကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၁ ရက်က ဖုန်းနဲ့ ပြောဆို ဆွေးနွေးမှုမှာ ဂျွန်ဆင်က ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်လို့ ဘင်္ဂါလီ မျိုးနွယ်စုတွေ အကျပ်အတည်း တွေ့နေရတာကို အလေးအနက် စိုးရိမ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ပြသပြီး ရခိုင်က ကွဲပြားတဲ့ လူ့အသိုက်အဝန်းတွေကို စုစည်းပေးဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးတော့ ဒုက္ခသည်တွေ ရခိုင်ကို ပြန်လည် အခြေချနိုင်ရေးနဲ့ ပတ်သက်လို့ မြန်မာနဲ့ ကုလသမဂ္ဂကြားမှာ နားလည်မှု သဘောတူညီချက် ရရှိခဲ့တာ၊ ရခိုင်ဖြစ်စဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တာတွေကိုလည်း ကြိုဆိုကြောင်း ဂျွန်ဆင်က ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးတော့ ဘင်္ဂါလားဒေ့ရှ်မှာ တိမ်းရှောင်နေတဲ့ ဘင်္ဂါလီ မျိုးနွယ်စုတွေ ရခိုင်ကို ဘေးအန္တရာယ်ကင်းကင်း၊ လိုလိုလားလား ပြန်ခွင့်ရရေး အတွက်လည်း ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့တော့ စစ်ဘေး ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ သေသေချာချာ ပေးပို့နိုင်ရေး ကြပ်မတ် လုပ်ဆောင်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပြုသွားပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှရဲ့ တရားမဝင် သားရိုင်းတိရစ္ဆာန် အစိတ်အပိုင်း မှောင်ခို ဈေးကွက်ကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာ့ သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ဆင်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။
 
=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky