ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံမည် တရုတ်၏ဖိအားကြောင့် ၂၁ ပင်လုံသို့ တက်ရောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံမည် တရုတ်၏ဖိအားကြောင့် ၂၁ ပင်လုံသို့ တက်ရောက်

နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် ဇူလိုင် ၁၂ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)အ ထွေထွေအတွင်းရေးမှူး ဦးကြည် မြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် ဇူလိုင် ၁၂ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)အ ထွေထွေအတွင်းရေးမှူး ဦးကြည် မြင့်က ပြောသည်။

‘‘၁၂ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိတယ်။ တပ်မတော်နဲ့ တွေ့ဖို့ဆိုတာ စီစဉ်နေတယ်’’ဟု ၎င်းက ဆိုသည်။

ထိုသို့တွေ့ဆုံရာတွင် အစိုးရ နှင့် တပ်မတော်က မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့၏ ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (FPNCC)ကို အသိအမှတ်မပြု သေး၍ တစ်ဖွဲ့ချင်း(သို့မဟုတ်) သုံးဖွဲ့၊ လေးဖွဲ့ခွဲ၍ တွေ့ဆုံမည် ဟု ဦးကြည်မြင့်က ပြောသည်။

တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးက ‘‘အရင်တစ်ခေါက်လိုပဲ ဒေါ်အောင် ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီး ချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ ခွဲပြီး တွေ့ကြလိမ့်မယ် ထင်ပါ တယ်။ ခွဲပြီး တွေ့မယ်ဆိုတာက အစိုးရနဲ့ တပ်မတော်ပိုင်းက ဒီ FPNCC ခုနစ်ဖွဲ့မဟာမိတ်ကို အသိအမှတ်ပြုထားတာမရှိသေး ဘူးလေ။ အဲဒီတော့ Bi Lateral ထိုးထားတဲ့ လေးဖွဲ့ကို သတ်သတ်၊ မထိုးရသေးတဲ့ သုံးဖွဲ့ကို သတ်သတ် အဲဒီလိုခွဲပြီးတော့ ဖွင့်ပွဲပြီး နောက်နေ့တွေမှာ တွေ့လိမ့်မယ် လို့ ထင်ပါတယ်’’ဟု ပြောသည်။

၂၀၁၇ မေလက ကျင်းပ သည့် ၂၁ ရာစုပင်လုံသို့ မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့တက် ရောက်ခဲ့သည်။ ထိုစဉ်က ဒေါ် အောင်ဆန်းစုကြည်သည် FPNCC အဖွဲ့ဝင်များဖြစ်သည့် ‘ဝ’အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP) စသည့် အစိုးရနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် လေးဖွဲ့ကို လည်းကောင်း၊ နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးထားခြင်း မရှိသေးသည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့(AA)တို့ကိုလည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်။

ယခု ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံစဉ် မိုင်းလားအ ဖွဲ့အနေဖြင့် တပ်မတော်နှင့်တိုက် ပွဲဖြစ်ပွားမှုမရှိ၍ ၎င်းတို့၏ဒေသ လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးကိစ္စ များကို တင်ပြမည်ဟု ဦးကြည်မြင့်က ဆိုသည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးသို့ မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့မှ ဒုဥက္ကဋ္ဌအဆင့် ပုဂ္ဂိုလ်များ တက်ရောက်ခြင်းဖြစ် ပြီး မိုင်းလားအဖွဲ့သည် ပြည်တွင်း လမ်းကြောင်းမှ လာရောက်ကာ ကျန်ခြောက်ဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံမှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီး ဖြင့် လာရောက်ခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံသို့ တက် ရောက်လာသည့် မြောက်ပိုင်းအ ဖွဲ့တာဝန်ရှိသူများကို ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။

မြောက်ပိုင်းအဖွဲ့များ ၂၁ ရာစုပင်လုံသို့ တက်ရောက်ခြင်း မှာ တရုတ်၏ဖိအားကြောင့် မဟုတ်ကြောင်း ဇူလိုင် ၁၀ ရက် တွင် နေပြည်တော်သို့ ရောက်ရှိ လာသည့် ကချင်အဖွဲ့(KIO/KIA)ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော် က မီဒီယာများ၏မေးမြန်းမှုအပေါ် တုံ့ပြန်ပြောကြားသည်။

‘‘တရုတ်ကတော့ ပထမအ ကြိမ်၊ ဒုတိယအကြိမ်၊ တတိယအ ကြိမ် ဒီသုံးကြိမ်မှာ ဒုတိယအကြိမ် ကနေ စပြီးတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို လုံခြုံရေးက အစ တာဝန်ယူပြီး ခေါ်ဆောင်လာ တာဖြစ်ပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

၂၁ ရာစုပင်လုံသို့ မြောက် ပိုင်းအဖွဲ့များ တက်ရောက်ရန် ဖိတ်ကြားမှုကို တရုတ်သံရုံးမှတစ် ဆင့် ဆောင်ရွက်ခဲ့သည်။

အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေးက ယခု ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးပါက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပိုမို လုပ်ဆောင်ရန်စီစဉ်ထားကြောင်း ဇူလိုင် ၉ ရက်တွင် ပြောဆိုထား သည်။

NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)တို့ကိုသာ ၂၁ ရာစုပင်လုံသို့ ဖိတ်ကြားခဲ့ သည်။ နာဂအဖွဲ့(NSCN-K)နှင့် ရခိုင်အမျိုးသားကောင်စီ(ANC) တို့ကိုမူ ဖိတ်ကြားခြင်းမပြုပေ။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky