ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ နိုဝင်ဘာ ဒုတိယပတ်တွင် သွားမည်

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ နိုဝင်ဘာ ဒုတိယပတ်တွင် သွားမည်


နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံထိပ်သီးအစည်း အဝေး တက်ရောက်ရန် နိုဝင်ဘာ ဒုတိယပတ်တွင် စင်ကာပူသို့သွား ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်ဇံက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံထိပ်သီးအစည်း အဝေး တက်ရောက်ရန် နိုဝင်ဘာ ဒုတိယပတ်တွင် စင်ကာပူသို့သွား ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်ဇံက ပြောသည်။

(၃၃)ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေးကို နိုဝင် ဘာ ၁၁ မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး၌ အခြားအာဆီယံ ထိပ်သီးခေါင်း ဆောင်များလည်း စင်ကာပူ၌ရှိနေ မည်ဖြစ်သည်။

‘‘စင်ကာပူမှာလုပ်တဲ့ ပထမ တစ်ခေါက်တုန်းကတော့ သမ္မတ ကြီးသွားတက်တာပေါ့။ အဲဒီတုန်း က ဖွဲ့စည်းပုံအတိုင်း တက်ရောက် ဖြစ်မယ်ထင်တယ်။ အခုတစ် ခေါက်က အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖြစ်မှာပေါ့’’ဟု အ ထက်ပါဒုတိယအမြဲတမ်းအတွင်း ၀န်က ရှင်းပြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် ၀န်ကြီးအချို့လိုက်ပါရန်ရှိကြောင်း

ဦးအောင်ကျော်ဇံက ဆိုသည်။

ပြီးခဲ့သည့် ဧပြီတွင် စင် ကာပူ၌ပြုလုပ်ခဲ့သော (၃၂)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်း မြင့်တက်ရောက်ခဲ့ပြီး ယင်းခရီး စဉ်သည် သမ္မတတာဝန်ယူပြီး နောက် ပထမဆုံးပြည်ပခရီးစဉ်  ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူဝန်ကြီးချုပ် လီရှန် လွန်း၏ ဖိတ်ကြားချက်အရ ပြီးခဲ့ သည့် သြဂုတ်တွင် လေးရက်ကြာသွားရောက်ပြီး ယင်းခရီးစဉ်အ တွင်း သမ္မတ ဟာလီမာယာ ကော့ဘ်၊ ၀န်ကြီးချုပ်လီရှန်လွန်း တို့နှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် ‘မြန်မာ့ဒီမိုကရေ စီအကူးအပြောင်း၏ စိန်ခေါ်မှုများနှင့် ရှေ့ခရီး’ခေါင်းစဉ်ဖြင့် GrandHyatt ဟိုတယ်၌ပြုလုပ်သည့် (၄၃)ကြိမ်မြောက် Singapore Lecture ဟောပြောပွဲ၌ မိန့်ခွန်း တစ်ရပ်ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသည် ၂၀၁၈ တွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌရာထူးတာဝန်ရယူထားပြီး ထိပ်သီးအစည်းအဝေးကာလအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ခေါင်းဆောင်များက ဒေသတွင်း နှင့် နိုင်ငံတကာကိစ္စရပ်များ ဆွေး နွေးမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် ဘင်္ဂါလီ ဒုက္ခသည်များအရေး ဆွေးနွေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့ သည် နိုဝင်ဘာပထမပတ်တွင် နေပြည်တော်သို့လာရောက်၍ မြန်မာအစိုးရအဖွဲ့ ၀န်ကြီးအချို့ နှင့် တွေ့ဆုံရန် ရှိနေသည်။

ထိုင်းနိုင်ငံသည် လာမည့် ၂၀၁၉ ဇန်န၀ါရီတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စင် ကာပူထံမှ လွှဲပြောင်းရယူမည်ဖြစ် သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky