ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ယနေ့သွားမည်

ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ယနေ့သွားမည်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့(မတ်လ ၁၆ ရက်) တွင် သြစတြေးလျနိုင်ငံသို့ သွား ရောက်မည်ဖြစ်ကြောင်း အတိုင် ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့(မတ်လ ၁၆ ရက်) တွင် သြစတြေးလျနိုင်ငံသို့ သွား ရောက်မည်ဖြစ်ကြောင်း အတိုင် ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သြစတြေးလျနိုင်ငံ၌ နှစ်ရက်တာကျင်းပမည့် အာဆီ ယံ-သြစတြေးလျအထူးထိပ်သီး အစည်းအဝေးသို့ တက်ရောက် မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်တို့လိုက်ပါ မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျဓနသဟာယ နိုင်ငံဝန်ကြီးချုပ် မဲလ်ကွန်တန် ဘူလ်၏ဖိတ်ကြားချက်အရ တရား ဝင်ချစ်ကြည်ရေးခရီးစဉ် သွား ရောက်ခြင်းဖြစ်ပြီး ခရီးစဉ်ကြာ မြင့်ချိန်ကိုမူ    ထုတ်ပြန်ခြင်းမရှိ သေးပေ။

အာဆီယံ-သြစတြေးလျအ ထူးထိပ်သီးအစည်းအဝေးသည် မတ်လ ၁၇ နှင့် ၁၈ ရက်တို့တွင်ကျင်းပမည်ဖြစ်သည်။

သြစတြေးလျခရီးစဉ် သွားရောက်ရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည်     ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့   ရောက်ရှိခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  သွားရောက်ကြိုဆိုခဲ့ ကြောင်း ဝန်ကြီးချုပ်၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ    တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky