ရွေးကောက်ပွဲနေ့တွင်ထားရှိခဲ့သော ပြည်သူများ၏မျှော်လင့်ချက်များကို ဒီချုပ်အစိုးရက ဖြည့်ဆည်းပေးသည်ကို မြင်တွေ့လိုကြောင်း USAID အုပ်

ရွေးကောက်ပွဲနေ့တွင်ထားရှိခဲ့သော ပြည်သူများ၏မျှော်လင့်ချက်များကို ဒီချုပ်အစိုးရက ဖြည့်ဆည်းပေးသည်ကို မြင်တွေ့လိုကြောင်း USAID အုပ်


ပြည်သူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပေါ် ထားရှိခဲ့သော မျှော် လင့်ချက်များအပေါ် ဖြည့်ဆည်း ပေးခြင်းကို မြင်တွေ့လိုကြောင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အုပ်ချုပ်ရေး မှူး မတ်ခ်ဂရင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်သူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပေါ် ထားရှိခဲ့သော မျှော် လင့်ချက်များအပေါ် ဖြည့်ဆည်း ပေးခြင်းကို မြင်တွေ့လိုကြောင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အုပ်ချုပ်ရေး မှူး မတ်ခ်ဂရင်းက ပြောသည်။

မတ်ခ်ဂရင်းသည် မေလ ၁၈ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ယင်းသို့ မှတ်ချက်စကားပြောကြားကြောင်း အမေ ရိကန်သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

‘‘ကျွန်တော် သူ့ကို (ဒေါ်အောင်ဆန်းစုကြည်) ပြောခဲ့ တာတွေက အင်မတန်ရိုးရှင်းပါ တယ်။ ရွေးကောက်ပွဲနေ့တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အစွမ်းကုန်မျှော်လင့် ချက်တွေ၊ ပျော်ရွှင်တက်ကြွတဲ့ ခံစားမှုတွေအကြောင်း၊ ကျွန် တော်တို့အားလုံး ပြန်လိုချင်တာ က အဲဒီတုန်းက မျှော်လင့်ချက် တွေ၊ ပျော်ရွှင်တက်ကြွမှုတွေနဲ့ အဲဒီမျှော်လင့်ချက်တွေကို ဖြည့် ဆည်းပေးတာကို မြင်တွေ့ချင် တာပါလို့’’ဟု USAID အုပ်ချုပ် ရေးမှူးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည် တကယ်ကောင်း မွန်ကြောင်းနှင့် ရင်းနှီးပွင့်လင်းမှုရှိ ကြောင်း မစ္စတာမတ်ခ်ဂရင်းက ပြောသည်။

တွေ့ဆုံမှု၏ နောက်ဆက်တွဲ များကို ဆက်လက်ဆောင်ရွက်ရန် မျှော်လင့်ထားပြီး ရှေ့ဆက်လုပ် ဆောင်သင့်သည့်အချက်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုထံ တင်ပြရန် မျှော်မှန်း ထားကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် USAID အုပ်ချုပ်ရေး မှူးတို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ရှိ လူမှုအသိုင်းအဝိုင်း နှစ်ရပ်စလုံး သဟဇာတဖြစ်ရေး၊ လုံခြုံစိတ်ချ စွာ နေထိုင်နိုင်ရေးနှင့် အသက် မွေးဝမ်းကျောင်းဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးတို့အတွက် USAID က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင် မည့် အစီအမံများနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ အသင့်ပြင်ဆင်ဆောင် ရွက်ထားမှု အခြေအနေများ၊ ကြုံ တွေ့နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထား သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky