မြောက်ဦး၌ လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ်၂၀ ကျော် ပျက်စီး

  • News Code : 817555
  • Source : 7days
Brief

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်၂၅ လုံး ပျက်စီးခဲ့သည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စု၊ ရုပ် ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်၂၅ လုံး ပျက်စီးခဲ့သည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စု၊ ရုပ် ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ သည်။

မတ်လ ၁၂ ရက် နံနက်က တိုက်ခတ်ခဲ့သော လေဆင်နှာ မောင်းကြောင့် နေအိမ် ငါးလုံး လုံးဝပျက်စီးသွားကာ ကျန် နေ အိမ်အလုံးနှစ်ဆယ်မှာ ခေါင်မိုး လန်ခြင်း၊ ထရံများကွာကျခြင်း များ ဖြစ်ပွားခဲ့ကြောင်း မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

လေဆင်နှာမောင်း  တိုက် ခတ်မှုကြောင့် နေအိမ်များ ပျက် စီးခဲ့သော်လည်း လူနှင့်တိရစ္ဆာန် များ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်း ၎င်းက ပြောသည်။

လေဆင်နှာမောင်း  တိုက် ခတ်မှုကြောင့် နေအိမ်လုံးဝပျက် စီးသွားသူများသည် ယာယီတဲများ ဆောက်ကာ နေထိုင်လျက်ရှိပြီး တစ်ဝက်တစ်ပျက် ပျက်စီးခဲ့သည့် နေအိမ်များကို ပြန်လည်ပြုပြင်နေ ထိုင်လျက်ရှိသည်။

မတ်လ ၆ ရက်က ကျောက် တော်မြို့နယ် ရွှေပြည်ရွာမကျေး ရွာတွင် လေဆင်နှာမောင်း ၀င် ရောက်တိုက်ခတ်မှုကြောင့် အိမ်ခြေ ၄၅ လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။

===================
251/End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky