ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချနိုင်မည့် ရွှေဈေးကွက် ထူထောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချနိုင်မည့် ရွှေဈေးကွက် ထူထောင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော


ရန်ကုန်၊ စက်တင်ဘာ ၂၄ ။ ။ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချနိုင်မည့် ရွှေနှင့်ကျောက်မျက်ဈေးကွက်တစ်ခု ထူထောင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလ ၂၄ ရက်က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ စက်တင်ဘာ ၂၄ ။              ။ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချနိုင်မည့် ရွှေနှင့်ကျောက်မျက်ဈေးကွက်တစ်ခု ထူထောင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလ ၂၄ ရက်က ပြောကြားလိုက်သည်။

"ရွှေနဲ့ပတ်သက်ပြီးသော်လည်းကောင်း ကျောက်မျက်နဲ့ပတ်သက်ပီးသော်လည်းကောင်း ကျွန်တော်တို့ ဈေးကွက်ကြီးတစ်ခု ထူထောင်နေပါတယ်။ ဒီဈေးကွက်ဟာ အရောင်းအ၀ယ်ကိစ္စရပ်တွေ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသော ကျွဲကူးရေပါ တိုးတက်လာမယ့်လုပ်ငန်းနယ်ပယ်အသီးသီးအတွက် များစွာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလုပ်ငန်းကို စနိုင်ဖို့အတွက် ပထမဦးဆုံးကတော့ ကျွန်တော်တို့ နိုင်ငံကို တင်သွင်းလာတဲ့ပစ္စည်းတွေကို အလွန် လွယ်လွယ်ကူကူ ရောင်းဝယ်ဖောက်ကားလို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံကနေ ပြည်ပကိုပစ္စည်းတွေထုတ်မယ်။ အကြိမ်ကြိမ် သယ်ကြပိုးကြမယ်ဆိုရင် တရားဝင် တကယ် မြန်မြန်ဆန်ဆန် လုပ်ဖို့အတွက် One Stop Service Centre (OSSC) က အရေးကြီးဆုံးကဏ္ဍတစ်ခု အနေနဲ့ ရှိနေလာမှာဖြစ်ပါတယ်" ဟု ရန်ကုန်ုတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရွှေ One Stop Service Centre (OSSC)  ဖွင့်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ တရားဝင် ရွှေကို တင်ပို့၊တင်သွင်းခြင်းမရှိဘဲ နယ်စပ်မှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် တင်သွင်းရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်း တို့အတွက် One Stop Service Centre (OSSC) ကို တရားဝင်ခြေလှမ်းအနေဖြင့် ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။

အဆိုပါစင်တာကို ရွှေနှင့်ပတ်သက်သည်များကို လွယ်ကူစွာ တင်သွင်း၊ တင်ပို့ရောင်းချနိုင်ရန် ဖြစ်ပြီး ရွှေဈေးကွက်နှင့်အတူ ပြပွဲအရောင်းပွဲများကို နိုင်ငံတကာသို့ ဖိတ်ခေါ်ပြီး ပြုလုပ်မည် ဖြစ်သည်။

"ရွှေအသုံးအဆောင်ပစ္စည်းတွေ ရွှေနဲ့ပတ်သတ်တဲ့ပစ္စည်းတွေအကြောင်း တင်ပို့ တင်သွင်းခြင်း စတင်တာ ဖြစ်ပါတယ်။ ဒီကနေ Practice စလုပ်ပြီးတော့ အားလုံးအဆင်ပြေသွားတဲ့အခါကြရင် နောင်တစ်ချိန်မှာ နိုင်ငံတကာမှာ ပွဲတွေ ကျင်းပကြသလို ထူထောင်ပြီးတော့ နိုင်ငံတကာနဲ့ အရောင်းအ၀ယ်ကိစ္စလေးတွေ ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ၊ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဟန် က ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှရွှေများ၏ စံချိန်စံနှုန်းကို ကမ္ဘာမှ အသိအမှတ်ပြုထားခြင်းမရှိဘဲ အသိမှတ်ပြု လက်မှတ်ရရှိရန် လုပ်ဆောင်နေသည်ဟု သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့စာရင်းများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၀၁၂,၀၀၀ ကျပ် နှင့် ၁၅ ပဲရည် တစ်ကျပ်သားကို ၉၅၂,၅၀၀ ကျပ် ဈေးနှုန်းရှိနေသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky