ပြည်သူ့ဘဏ္ဍာ မလေလွင့်စေရန် စိစစ်ရေးအဆို ရန်ကုန်တိုင်းလွှတ်တော်တင်

  • News Code : 853819
  • Source : 7days
Brief



ပြည်သူ့ဘဏ္ဍာငွေများ ကို လေလွင့်ဆုံးရှုံးမှုမရှိစေရန် စိစစ်ထိန်းသိမ်းနိုင်ရေး အစိုးရအ ဖွဲ့က ဌာနအသီးသီးသို့ တိုက်တွန်းပေးရန်အဆိုကို ပြည်သူ့ငွေစာရင်း ကော်မတီက ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်သို့ တင်သွင်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်သူ့ဘဏ္ဍာငွေများ ကို လေလွင့်ဆုံးရှုံးမှုမရှိစေရန် စိစစ်ထိန်းသိမ်းနိုင်ရေး အစိုးရအ ဖွဲ့က ဌာနအသီးသီးသို့ တိုက်တွန်းပေးရန်အဆိုကို ပြည်သူ့ငွေစာရင်း ကော်မတီက ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်သို့ တင်သွင်းသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ လုပ်ငန်းများ၏ အ သေးစိတ်စာရင်းများ၊ ဘဏ္ဍာငွေ လျာထားမှုများကို အစိုးရအဖွဲ့ က တိုင်းလွှတ်တော်သို့ တင်သွင်း ခြင်းမပြုမီ ပြည်သူ့ငွေစာရင်း ကော်မတိသို့ အချိန်မီပေးပို့ရန် ယင်းကော်မတီက အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

တိုင်းအစိုးရက ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်နေသည့် စီမံကိန်း၊ စီမံချက်ပါ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းနှင့်ပတ်သက်သော လုပ်ငန်းတစ်ခုချင်း အသေးစိတ် တွက်ချက်မှုစာရင်း (Detailed Estimate)နှင့် (Drawing) များကိုဘဏ္ဍာငွေလျာထားချက် တင် သွင်းခြင်းနှင့်အတူ ပြည်သူ့ငွေစာ ရင်းကော်မတီသို့ အချိန်မီပေးပို့ နိုင်ရန် စက်တင်ဘာ ၁၁ ရက်တွင် ယင်းကော်မတီဝင် ဦးမိုးမြင့်က လွှတ်တော်သို့ တင်သွင်းခြင်းဖြစ် သည်။

 ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲရာတွင် ဘဏ္ဍာရေးစည်း မျဉ်း စည်းကမ်းနှင့်အညီ သုံးစွဲ၍ အလေအလွင့်မရှိ ထိရောက်စွာ အကျိုးရှိရှိ ဆောင်ရွက်ရန် လိုအပ်ခြင်းကြောင့် ယင်းအဆိုကို တင် သွင်းခြင်းဖြစ်ကြောင်း ဦးမိုးမြင့်က ပြောသည်။

‘‘အခု အန်ကယ်တို့ တင် သွင်းတဲ့အဆို အောင်မြင်ခဲ့ပြီး ဘီလီယံပေါင်းများစွာ ထပ်ပြီး ပြည်သူ့ငွေစာရင်းက လျှော့ချနိုင်ခဲ့ ရင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဒီထက်ပိုပြီး အစားထိုးလုပ်နိုင်မယ်။ တခြားဒေသန္တရဖွံ့ ဖြိုးရေးအတွက် သုံးစွဲနိုင်မယ်’’ဟု၎င်းက လွှတ်တော်အစည်းအဝေး အပြီး မီဒီယာများ၏ မေးမြန်းချက် ကိုဖြေကြားသည်။

  ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို နေ့စဉ်အ ချက်အလက်များ မရရှိခြင်း ကြောင့် ဌာနများက တင်ပြလာ သည့် ငွေစာရင်းအပေါ်တွင် အကြမ်းဖျင်းစစ်ဆေးနိုင်ခဲ့ပြီး ဖြည့်စွက်ဘဏ္ဍာငွေ (RE) ဘတ်ဂျက် တွင် မလိုအပ်သည့် ကျပ် ၁ ဒသမ ၄ ဘီလီယံလျှော့ချနိုင်သည်အထိ စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာဌာနအသီးသီး ၏ စီမံကိန်းလျာထားချက်နှင့် ရသုံးမှန်းခြေ စီမံကိန်းလျာထား ချက်များ၊ စုစည်းချက်များကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကသာ ကြီးကြပ်ရခြင်းဖြစ်၍ ပြည်သူ့ငွေစာရင်းကော်မတီအ နေဖြင့် စိစစ်သုံးသပ်ချက်များနှင့် ၎င်း၏ လုပ်ပိုင်ခွင့်အရ ပြန်လည် စိစစ်ရန် လိုအပ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့် သောင်းက ပြောကြားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်း ဥပဒေ၊ အခွန်အကောက်ဆိုင်ရာ ဥပဒေတို့သည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရကသာ တင်သွင်းရ သည့် ဥပဒေများဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီ က တင်သွင်းသည့် ယင်းအဆိုကို စက်တင်ဘာ ၁၉ ရက်တွင် ဆွေး နွေးမည်ဖြစ်သည်။

=====================
251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky