မြန်မာလုပ်သား ၇၀ ကျော်ကို အလုပ်ထုတ်ခဲ့သည့် ထိုင်းသစ်သီးစက်ရုံ ဘတ်ငွေသုံးသန်းခန့် နစ်နာကြေးပေးဆောင်ရန် အမိန့်ချ

မြန်မာလုပ်သား ၇၀ ကျော်ကို အလုပ်ထုတ်ခဲ့သည့် ထိုင်းသစ်သီးစက်ရုံ ဘတ်ငွေသုံးသန်းခန့် နစ်နာကြေးပေးဆောင်ရန် အမိန့်ချ



မြန်မာလုပ်သား ၇၀ ကျော်ကို အလုပ်ထုတ်ပယ်သော ဒိုလီထိုင်းသစ်သီးစက်ရုံအနေဖြင့် နစ်နာကြေး ဘတ်ငွေသုံးသန်းခန့် (ကျပ်သိန်း ၁,၅၀၀ ခန့်) ပေးဆောင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်)က အမိန့်ချခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ် သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာလုပ်သား ၇၀ ကျော်ကို အလုပ်ထုတ်ပယ်သော ဒိုလီထိုင်းသစ်သီးစက်ရုံအနေဖြင့် နစ်နာကြေး ဘတ်ငွေသုံးသန်းခန့် (ကျပ်သိန်း ၁,၅၀၀ ခန့်) ပေးဆောင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်)က အမိန့်ချခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ် သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောသည်။

ထိုင်းနိုင်ငံ ဟွေ့ဟင်မြို့ရှိ ဒိုလီသစ်သီးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၇၉ ဦးကို ထိုင်း အလုပ်ရှင်က အလုပ်ထုတ်ပယ် မှုကြောင့် မြန်မာလုပ်သားများက ဆဝါဒီကန်ဌာနသို့ အောက်တို ဘာ ၈ ရက်တွင် တိုင်ကြားခဲ့သည်။

တိုင်ကြားမှုကို ဆဝါဒီကန် ဌာနက စစ်ဆေးပြီးနောက် ပြဋ္ဌာန်းထားသည့် ဥပဒေ ၁၂၄ ၏ လုပ် ပိုင်ခွင့်အာဏာကို အသုံးပြု၍ (အ လုပ်ရှင်က ကြိုတင်အသိပေးခြင်း မရှိဘဲ အလုပ်ထုတ်ပစ်ခြင်း) ပုဒ်မ ၁၁၈ အရ နစ်နာကြေး ဘတ်သုံးသန်းခန့် ပေးဆောင်ရန် အောက် တိုဘာ ၁၉ ရက်က အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၊ အလုပ်သမားသံအရာရှိရုံးက လည်း ဒိုလီသစ်သီးစက်ရုံသို့ အ မည်ပျက်စာရင်း သတ်မှတ်ထား ကြောင်း ဦးစန်းမောင်ဦးက ပြော သည်။

‘‘အလုပ်သမားတွေ အလုပ် ထုတ်ခံရတော့ ကျွန်တော်တို့သံ ရုံးကို တိုင်ကြားတယ်။ သံရုံးက လည်း သွားရောက်မေးမြန်းစစ် ဆေးပြီး ကိုယ့်အလုပ်သမားတွေ ရပိုင်ခွင့်အတိုင်း ရရှိအောင် ဆောင်ရွက်ပေးတာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီစက်ရုံမှာလုပ်တာ ၁၀ နှစ် ရှိပါပြီ။ မနှစ်ကမှ MoU လူဟောင်းအနေနဲ့ ပြန်ဝင်လုပ်တာပါ။ နှစ် တိုင်း ဒီအချိန်ဆို ရက် ၄၀ နားရ တဲ့အခါ အိမ်ပြန်နေကျပါ။ ပြဿ နာမရှိပါဘူး။ ဒီနှစ်တော့ ရက် ၄၀ နားရတာကို အလုပ်ထုတ်ပြီး ပြန် ခိုင်းလို့ ပြဿနာစဖြစ်တာပါ’’ဟု ဒိုလီသစ်သီးစက်ရုံတွင် အလုပ် လုပ်ကိုင်နေသော ကိုနိုင်နိုင်ထိုက် က ပြောသည်။

ယင်းသစ်သီးစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို အခြားစက်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် မြန်မာ သံရုံးက အလုပ်ရှာဖွေပေးနေ ကြောင်း ဦးစန်းမောင်ဦးက ပြော သည်။

ထိုင်းသစ်သီးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူ စာချုပ် (MoU) နှင့် သက်သေခံ လက်မှတ် (CI) ဖြင့် တရားဝင် လုပ်ကိုင်နေသူများဖြစ်သည်။

ယင်းစက်ရုံတွင် မြန်မာလုပ် သား ၁,၄၀၀ ကျော် လုပ်ကိုင် နေပြီး လုပ်သက်အနည်းဆုံး လေးနှစ်မှ ၁၀ နှစ်ရှိသည့် ဝါရင့် အလုပ်သမားအများစုဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky