၂၀၁၉ ခုနှစ်အတွင်း ပင်လုံညီလာခံ သုံးကြိမ်လုပ်မည်ဟုဆို

၂၀၁၉ ခုနှစ်အတွင်း ပင်လုံညီလာခံ သုံးကြိမ်လုပ်မည်ဟုဆို


ရန်ကုန်၊ အောက်တိုဘာ ၆ ။ ။ တစ်နှစ်တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့သည့် ၂၁ - ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအစည်းအဝေးကို လာမည့် ၂၀၁၉ ခုနှစ် အတွင်း ၃ ကြိမ်ပြုလုပ်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်း သားအဖွဲ့များအကြား သဘောတူညီထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ အောက်တိုဘာ ၆ ။                 ။ တစ်နှစ်တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့သည့် ၂၁ - ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအစည်းအဝေးကို လာမည့် ၂၀၁၉ ခုနှစ် အတွင်း ၃ ကြိမ်ပြုလုပ်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်း သားအဖွဲ့များအကြား သဘောတူညီထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။

အောက်တိုဘာ ၅ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် အစိုးရနှင့် တပ်မတော်၏ဆက်ဆံရေးအခြေအနေနှင့်ပတ်သက်၍ ဦးဇော်ဌေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ၂၀၁၉ ခုနှစ်အတွင်းမှာ ညီလာခံ ၃ ကြိမ်လုပ်မယ်။ အဲ့ဒီ ၃ ကြိမ်မှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုင်ရာ အခြေခံမူတွေ ရအောင်လုပ်မယ်လို့ သဘောတူလိုက်တယ်” ဟု ဦးဇော်ဌေးကပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များသည် နေပြည်တော်ရှိ NRPC တွင်ဆွေးနွေးသဘောတူခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

ထို့အပြင် ညီလာခံ ၃ ကြိမ်တွင် တိုင်းပြည်အတွက်အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်သွားမည်ဟုလည်း သဘောတူညီထားကြောင်းသိရသည်။

အဆိုပါ ညီလာခံများတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်ဆို့နေသေးသည့် အချက်များ ကိုလည်းဆွေးနွေး အဖြေရှာသွားမည်ဟုလည်းဆိုသည်။

၂၁ - ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအစည်းအဝေးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပ ခဲ့ပြီး ဒုတိယအကြိမ်ညီလာခံကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့နှင့် ၂၀၁၈ ခုနှစ် တတိယအကြိမ်ညီလာခံကို ဇူလိုင် ၁၈ ရက်နေ့တို့တွင်အသီးသီး ကျင်းပခဲ့ပြီးဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky