၂၁ ရာစု ပင်လုံကို ပုံစံယူ၍ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပမည်

၂၁ ရာစု ပင်လုံကို ပုံစံယူ၍ တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပမည်


ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပသည့် ပုံစံအတိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကို မြန်မာ နိုင်ငံ တက္ကသိုလ်အသီးသီးမှ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများက ဦးစီး၍ နိုဝင်ဘာတွင် ခြောက်ရက် ကြာ ပြုလုပ်မည်ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပသည့် ပုံစံအတိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကို မြန်မာ နိုင်ငံ တက္ကသိုလ်အသီးသီးမှ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများက ဦးစီး၍ နိုဝင်ဘာတွင် ခြောက်ရက် ကြာ ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်သည့် Model UPC Myan-mar (ခ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္က သိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်တို့တွင် ပညာသင်ယူနေသည့် ငြိမ်းချမ်း ရေးလိုလားသူ ကျောင်းသား၊ ကျောင်းသူများက PLAN Inter-national Myanmar နှင့် မြန်မာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျုဒ် (MIPS) တို့ ပူးပေါင်း ကူညီမှုဖြင့် နိုဝင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း ကျင်းပရေးကော်မတီ တာဝန်ခံများက ပြောသည်။

‘‘တကယ့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပတဲ့အတိုင်းပဲ အစုအဖွဲ့ငါးခု ပုံစံအတိုင်းကျင်းပမှာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ လုပ်ငန်းစဉ်နဲ့တူတဲ့ ညီလာခံတစ် ခုကို ကျွန်တော်တို့ ဖန်တီးမယ်။ အ သွင်တူ ဆောင်ရွက်ခြင်းဖြစ်တဲ့အ တွက်ကြောင့်မို့လို့ ကျောင်းသား၊ ကျောင်းသူတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုမိုနားလည်နိုင်အောင် မတူညီတဲ့ဒေသက ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူမှာဖြစ် တဲ့အတွက် မတူကွဲပြားမှုတွေကနေ နားလည်မှုတွေ ရရှိနိုင်ရေးဆွေးနွေးတတ်လာပါလိမ့်မယ်’’ ဟု တာဝန်ခံ ကိုရောင်ခြည်စိုးနိုင် က အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထောက်အကူပြု လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ညှိနှိုင်းမှုဆိုင်ရာ သဘော တရားများ၊ မူဘောင်များရေးဆွဲ မှု၊ ဆွေးနွေးမှုပုံစံနှင့် အခြားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပါ သဘောတရားများကို ဆွေးနွေး အဖြေရှာနိုင်မည် ဖြစ်ကြောင်း ကိုရောင်ခြည်စိုးနိုင်က ရှင်းပြ သည်။

ညီလာခံသို့ တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတွင် ပညာ သင်ကြားနေသော အသက် (၁၇) နှစ်မှ (၂၄)နှစ်ရှိ ကျောင်းသား၊ ကျောင်းသူများက အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၂ ရက်အတွင်း Model UPC Myanmar ဝက်ဘ် ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင် ကာ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်၍ ဖိတ်ခေါ် မည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီကပြောသည်။ အရည်အချင်း သတ်မှတ်ချက်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်ပါဝင်စားမှု၊ ညီလာခံတွင် ကျရာ အခန်းကဏ္ဍမှ ကိုယ်စားပြုဆွေး နွေးနိုင်မှု စသည့်အချက်များပါဝင် ကြောင်း ထုတ်ပြန်သည်။

‘‘အကဲဖြတ် စိစစ်ရေးကော် မတီက အယောက် ၈၀ ရွေးချယ် မယ်။ အမျိုးသမီးနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဦးစားပေးရွေး ချယ်မယ်။ အမျိုးသမီး ၅၀ ရာခိုင် နှုန်းပါနိုင်အောင် ရွေးချယ်ဖို့ ရည် ရွယ်ပါတယ်။ ဘယ်ကဏ္ဍက ဘယ်ခေါင်းစဉ်တွေကို ဆွေးနွေး သွားမယ်ဆိုတာကတော့ ဆက် လက်ထုတ်ပြန်သွားမှာ ဖြစ်ပါ တယ်’’ဟု ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ကျောင်းသူ မသဇင်အောင်က ပြောသည်။

‘‘ငြိမ်းချမ်းရေးအတွက်ပေါ့။ ဒီလို အသွင်ယူ (ပုံစံတူ) ဆောင် ရွက်ခြင်း အခြေအနေတစ်ခုဖြစ် လာဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင် စဉ်းစားလို့တောင် မရခဲ့ပါဘူး။ ပံ့ပိုးခွင့်ရတဲ့အနေနဲ့ အထူးဝမ်း မြောက်မိသလို ဒီလူငယ်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အကျိုးပြုလာနိုင်ဖို့လည်း မျှော် လင့်ပါတယ်။ အခြေအနေအရပ် ရပ်ကို လက်တွေ့ဖြေရှင်းတဲ့နေ ရာမှာ ပါဝင်လာနိုင်မယ့်သူတွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်’’ဟု PLANInternational Myanmar မှ Country Director မစ္စတာ ကလယ်ဒီက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူငယ်များ ပါဝင်ဆောင်ရွက်လို စိတ်ရှိမှုကို ထောက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ရှိတတ်သည့် စိန်ခေါ်မှုများ၊ ဆွေး နွေးမှုများကို လူငယ်များ ဆွေးနွေး အဖြေရှာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျုဒ်(MIPS) ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး က ပြောသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky