ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို သေဒဏ်အထိ ချမှတ်နိုင်သောပုဒ်မဖြင့် စွဲချက်တင် သေနတ်သမားနှင့်အပေါင်းပါများက အပြစ်မရ

ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို သေဒဏ်အထိ ချမှတ်နိုင်သောပုဒ်မဖြင့် စွဲချက်တင် သေနတ်သမားနှင့်အပေါင်းပါများက အပြစ်မရ


ဦးကိုနီလုပ်ကြံမှုတွင်ပါဝင်သည့် ကြည်လင်းအပါအဝင် အောင် ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ကြိုတင်ကြံစည်ပြီး လူသတ်မှုဖြင့် သေဒဏ် အထိချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ရန် မြောက်ပိုင်းခရိုင် တရားရုံးက ဖေဖော်ဝါရီ ၉ ရက်၌ အမိန့်ချခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဦးကိုနီလုပ်ကြံမှုတွင်ပါဝင်သည့် ကြည်လင်းအပါအဝင် အောင် ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ကြိုတင်ကြံစည်ပြီး လူသတ်မှုဖြင့် သေဒဏ် အထိချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်ရန် မြောက်ပိုင်းခရိုင် တရားရုံးက ဖေဖော်ဝါရီ ၉ ရက်၌ အမိန့်ချခဲ့သည်။

သို့သော် တရားခံအောင်ဝင်းထွန်းကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည့်တရားခံကို လွတ်မြောက်ရန်ကူညီမှု ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်နေသည့် အောင်ဝင်းခိုင်ကို ပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ် ရုံးတော်က ကြေညာရာ မည်သူမဆို ဖမ်းဆီးပိုင်ခွင့်ရှိပြီဖြစ်သည်။

သေဒဏ်ထိုက်စေသည့်ပုဒ်မအပါအဝင် ပုဒ်မအသီးသီးဖြင့် စွဲချက်တင်

အမှုတွင် တရားသူကြီးအဖြစ်ဆောင်ရွက်သော ခုံရုံးဥက္ကဋ္ဌ ခရိုင် တရားသူကြီး ဦးတင်ထွေးက ဦးကိုနီကို သေနတ်ဖြင့်ပစ်ခဲ့သူ ကြည်လင်း အား သေဒဏ်ထိုက်စေသည့်ပုဒ်မ ၃၀၂(၁)(ခ)/၃၄  ဖြင့် စွဲချက်တင်ပြီး တက္ကစီယာဉ်မောင်း ဦးနေဝင်းကို သတ်ခဲ့မှုကြောင့် လူသတ်မှု ၃၀၂(၂) ဖြင့်လည်း စွဲချက်တင်ရန် အမိန့်ချခဲ့သည်။ ထိုပြစ်မှုအတွက် တရားသူကြီးက တရားခံကြည်လင်းကို ‘‘အပြစ်ရှိသလား၊ မရှိဘူးလား’’ဟု မေးမြန်းရာ ကြည်လင်းက ‘‘အပြစ်မရှိပါ’’ဟု ဖြေဆိုသည်။

ထို့နောက် အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့ကို အလားတူပုဒ်မဖြင့် ပင် စွဲချက်တင်ခဲ့သည်။ တရားသူကြီးက ‘‘အပြစ်ရှိသလား၊ မရှိဘူးလား’’ ဟု မေးမြန်းရာ အောင်ဝင်းဇော်က ‘‘သတ်လည်းမသတ်ဘူး၊ ကြံလည်းမကြံစည်ဘူး။ ပူးပေါင်းပါဝင်တာလည်း မရှိဘူး။ တိမ်းရှောင်တာလည်း မရှိဘူး။ ကျွန်တော့်ကုမ္ပဏီမှာ ကား ၁၈၀ လောက်ရှိပါတယ်။ကျွန်တော် ပြေးချင်ပြေးရပါတယ်’’ဟု ပြန်လည်ဖြေကြားသည်။

အလားတူ ဇေယျာဖြိုးကို လည်း ‘‘အပြစ်ရှိသလား၊ မရှိဘူး လား’’ဟု မေးမြန်းရာ ဇေယျာဖြိုး က ‘‘ကျွန်တော့်မှာ အပြစ်မရှိပါ ဘူး’’ဟု ဒေါသတကြီး ပြောကြားခဲ့ သည်။ ‘‘ကျွန်တော် ပါဝင်တယ်ဆို တာ ဘယ်အချိန် ဘယ်နေရာမှာ ကျူးလွန်ပါတယ်လို့ ထင်ရှားပေါ် ပေါက်ခြင်းလည်း မရှိပါဘူး။ အခု လို စွဲချက်တင်တဲ့အတွက် ကျွန် တော့်မှာ အများကြီးနစ်နာရပါ တယ်။ နှိပ်စက်လည်း ခံခဲ့ရတယ်။ မသေရုံတမည်လည်း ဖြစ်ခဲ့ရ တယ်။ စီးပွားလည်း ပျက်ခဲ့ရပြီ။ အဓိပ္ပာယ်မရှိပါဘူး’’ဟု ပြောဆို ရာ တရားသူကြီးများက ဝင်ရောက်ဟန့်တားခဲ့သည်။ သို့သော် ဇေ ယျာဖြိုးက တရားခွင်အတွင်း မီဒီ ယာများဘက်သို့ လှည့်၍ ‘‘ကျွန် တော့်ကို စစစ်တုန်းကလည်း ဒီ အမှုမှာ ပါတယ်ပြောတာမဟုတ် ဘူး။ အစိုးရသက်သေအဖြစ် ထွက်ပေးပါ။ ပြီးရင် ပြန်လွှတ်ပေး မယ်ဆိုပြီး ဘလိုင်းကြီးဆွဲထည့်ခံ ရတယ်။ ကျွန်တော့်ဘဝမှာ လူ သတ်ဖို့မပြောနဲ့ ခြင်တောင် မသတ်ဖူးဘူး’’ဟု ပြောဆိုသဖြင့် ခုံရုံးတရားသူကြီးများက ရှေ့နေ များကို အမှုသည်အား ထိန်းသိမ်း ရန် သတိပေးခဲ့သည်။

အောင်ဝင်းထွန်းကိုမူ အောင်ဝင်းဇော်ကို ဘားအံသို့ ကားဖြင့် လိုက်ပို့၍ တရားခံအား လွတ် မြောက်ရန် ကူညီမှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခဲ့သည်။

ပုဒ်မ ၂၁၂ သည် ထောင်ဒဏ် ငါးနှစ်အထိ ထောင်ဒဏ်တစ်မျိုး မျိုးချမှတ်ရမည့်အပြင် ဒဏ်ငွေ လည်း ချမှတ်နိုင်ကြောင်း ရာဇ သတ်ကြီးတွင် ဖော်ပြထားသည်။

ထို့အပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်ကို လက်နက် ဥပဒေပုဒ်မများဖြင့် အသီးသီးစွဲ ချက်တင်ခဲ့သေးသည်။ ကြည် လင်းကို လက်နက်ကိုင်ဆောင်မှု ၁၉ (စ) နှင့် တရားမဝင်လက် နက်သယ်ဆောင်မှု ၁၉(ဃ)ဖြင့် စွဲချက်တင်ပြီး ‘‘အပြစ်ရှိသလား၊ မရှိဘူးလား’’ဟု မေးမြန်းရာ ကြည်လင်းက ‘‘ယူလည်း ယူမလာဘူး၊ သယ်လည်း သယ်မလာဘူး၊ ခိုင်း တဲ့လူကပေးတာ’’ဟု ပြောဆိုခဲ့ သည်။

အောင်ဝင်းဇော်ကိုလည်း အလားတူ ပုဒ်မဖြင့် စွဲချက်တင်ရာ အောင်ဝင်းဇော်က အဆိုပါ လက် နက်များကို ‘‘ကျွန်တော် မြင် တောင်မမြင်ဖူးပါဘူး’’ဟု ဆိုပြန် သည်။

ယခုအမှုအတွက် စွဲချက် တင်ပြီးဖြစ်ရာ တရားခံရှေ့နေများ က ပြန်ခေါ်သက်သေများ အသီး သီး ပြန်လည်ခေါ်ဆိုခဲ့သည်။ ပြန်ခေါ် သက်သေများသည် ကြည်လင်းရှေ့နေမှ သက်သေ ၂၃ ဦး၊ အောင်ဝင်းဇော်မှ ၂၇ ဦးနှင့် ဇေယျာဖြိုးမှ သက်သေ ၃၇ ဦး အသီးသီးတင်သွင်းခဲ့သည်။ ထို့အပြင် ယခု စွဲချက်တင် မှုအတွက် တိုင်းတရားလွှတ်တော် သို့ အယူခံဝင်မည်ဖြစ်ကြောင်း တရားခံရှေ့နေများက ပြော သည်။

အဆိုပါ ရုံးချိန်း ထွက်ပြေး တိမ်းရှောင်နေသော အောင်ဝင်း ခိုင်ကိုလည်း တရားရုံးတော်က ပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ်ကြေညာချက်ထုတ်ခဲ့သည်။ အဆိုပါ ပုဒ်မအရ ထွက်ပြေးတရားခံ အောင်ဝင်းခိုင်ကို ပြည်သူများက တွေ့သည့်နေရာတွင် ဖမ်းဆီးနိုင် ကာ ရုံးတော် (သို့မဟုတ်) ရဲတပ် ဖွဲ့ထံ အပ်နှံနိုင်သည်။ ထို့အပြင် ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကို ဝရမ်းကပ်၍ နိုင်ငံပိုင်သိမ်းယူမည် ဖြစ်သည်။

တရားခွင်အပြီး ပြောကြားချက်များ

ဖေဖော်ဝါရီ ၉ ရက် တရား ခွင်သည် ယခင်နေ့များက တရား ခွင်များထက် လုံခြုံရေးပိုမိုတင်းကျပ်ပြီး လာရောက်လေ့လာသူ များလည်း များပြားခဲ့သည်။ တရားခွင်အပြီးတွင် စွဲချက်တင်သည့် ကိစ္စအတွက် တရားခံရှေ့နေများ က ဝေဖန်သလို တရားလိုရှေ့နေများကလည်း အမှုသည် ခရီးရောက်ပြီဟု ဆိုကြသည်။

ထို့အပြင် ဇေယျာဖြိုးသည် တရားခွင်မှ အပြင်သို့ အထွက် တွင် တရားစီရင်ရေးသည် မမျှတ ကြောင်း၊ ၎င်းသည် တရားခံ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ‘‘ကျွန်တော်က တရားမျှတမယ် ထင်လို့ တစ်နှစ်ပတ်လုံး ဘာမှ မပြောဘဲ နေလာတာ။ ကျွန်တော် က ဒီအမှုမှာလည်း မပါခဲ့ဘူး။ ပါ တယ်လို့လည်း ရုံးတော်က စစ် ဆေးပေါ်ပေါက်တာမရှိဘူး’’ ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ထို့အ ပြင် ‘‘အောင်ဝင်းခိုင်ကလွဲပြီး ဒီ ကျန်တဲ့လူတွေ ကျွန်တော့်ဘဝ တစ်လျှောက်လုံး တွေ့တောင် မတွေ့ဖူးဘူး။ ဒီရုံးထုတ်ကျမှ တွေ့ဖူးတာ’’ဟု ပြောဆိုခဲ့သည်။

လမ်းတစ်လျှောက် ပြောဆို လာသော ဇေယျာဖြိုးသည် အ ချုပ်ကားပေါ်သို့ ရောက်သည့်တိုင် အော်ဟစ်ခဲ့ရာ ကားမောင်းထွက် သွားသည်အထိ ဖြစ်သည်။

တရားခံရှေ့နေများက လက်ရှိစွဲချက်တင်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ကြည်လင်း၏ ရှေ့နေ ဦးကျော် ကျော်ထိုက်က ယခုကဲ့သို့ ကြည် လင်း သေဒဏ်ထိုက်သည့် ပြစ်မှုဖြင့် စွဲချက်တင်ခံရ၍ ‘‘ခင်ဗျားတို့အားလုံး ကျေနပ်တယ်မလား’’ဟု သတင်းထောက်များကို မေးခွန်းထုတ်ခဲ့သည်။ ‘‘ဒီနေ့ကတော့ ခင်ဗျားတို့ အားလုံး ကျေနပ်သွားမယ်လို့ ယူဆပါတယ်’’ဟုဆိုရာသတင်း ထောက်များက ဘာကြောင့်လဲဟု မေးရာ ‘‘ဘာကြောင့်လဲဆိုတော့ အမြင့်ဆုံးပြစ်ဒဏ်နဲ့ စွဲချက်တင် ထားတာ။ အဲဒါကို ခင်ဗျားတို့က မကျေနပ်နိုင်သေးဘူးလား’’ဟု ပြောသည်။ ထို့နောက် သတင်း ထောက်များက ‘ခင်ဗျားတို့’ ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းကြောင်း မေးရာခင်ဗျားတို့ဆိုသည့်အသုံးအနှုန်းမှာ ပြည်သူများကို ရည်ရွယ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

‘‘ဒီနေ့သမိုင်းတရားခံတွေ အများကြီး တိုးသွားတယ်’’ဟု ဦးကျော်ကျော်ထိုက်က ပြောသည်။ သမိုင်းတရားခံမှာ ဘာကိုဆိုလိုသလဲဟု သတင်းထောက်များက ပြန်လည်မေးခဲ့ရာ ‘‘သမိုင်းတရားခံဆိုတာ ဒီနေ့ လုပ်ဆောင်ချက်အားလုံးက သမိုင်းမှာ တရားခံဖြစ်ပြီး ကျန်ခဲ့မှာချည်းပဲ။ ဒီနေ့ပဲ တရားခံလေး ယောက် စွဲချက်တင်တယ်လေ။ ခင်ဗျားတို့နားတွေများ မပါလို့လားဗျာ။ ကျွန်တော်ဆိုလိုတာ ဒါကိုဆိုလိုတာ။ ဒီနေ့ တရားခံလေးယောက်စွဲချက် မတင်လိုက်ဘူးလား။ သမိုင်းတရားခံဝင်သွား ပြီဆိုတာ ဒါကိုဆိုလိုချင်တာ။ အေး... ကျန်တဲ့လူတွေ သမိုင်း တရားခံဖြစ်တယ်၊ မဖြစ်ဘူး နောက်သမိုင်းက ဖြေရှင်းလိမ့်မယ်’’ဟု ပြန်လည်ပြောဆိုသည်။

သမိုင်းတရားခံများ ထပ်တိုးသွားပြီဟု ဦးကျော်ကျော်ထိုက်၏ ပြောကြားချက်ကို သတင်းထောက်များက ခွန်းတုံ့ပြန်ခဲ့သည်။

အောင်ဝင်းဇော်နှင့် အောင် ဝင်းထွန်းတို့၏ ရှေ့နေ ဦးအောင် ခိုင်က လက်ရှိ ပြီးခဲ့သည့် အမှု တောက်လျှောက်တွင် တိကျသည့်သက်သေမရှိဘဲ စွဲချက်တင်ခဲ့ သည်ဟု ပြောသည်။ ‘‘ဒီအမှုမှာ ရုံးမှာ ထွက်ဆိုတဲ့ ရုံးချိန်းတောက် လျှောက် သက်သေ ၇၂ ယောက် ထဲမှာ ဘယ်သက်သေကမှ အောင်ဝင်းဇော်နဲ့ ကြည်လင်းက အခင်း ဖြစ်တဲ့ရက်ကလွဲလို့ အခင်းဖြစ် ရက်မတိုင်ခင်က ဘယ်နေရာဆုံခဲ့ ကြတယ်၊ ဘယ်လိုပူးပေါင်းခဲ့ကြ တယ်၊ ဘယ်လို လုပ်ခဲ့ကြတယ် ဆိုတာ ထွက်ဆိုချက်မရှိပါဘူး’’ ဟု ပြောဆိုခဲ့သည်။ ‘‘ကျွန်တော် တို့ မြင်တာကတော့ တိကျတဲ့ သက်သေတစ်ဦးတစ်ယောက်မှ မရှိဘူး’’ဟု ထပ်လောင်းပြောဆိုခဲ့ သည်။

ထို့အပြင် ဇေယျာဖြိုး၏ ရှေ့ နေ ဒေါ်ပပဝင်းက အလားတူပင် ယခုရုံးချိန်း တောက်လျှောက် တွင် တိကျသည့် သက်သေများ မရှိဘဲနှင့် စွဲချက်တင်ခဲ့သည်ဟု ဆိုသည်။ ‘‘ဇေယျာဖြိုးကို စွဲတာ က ဒီအမှုအတွက် ငွေပေးတယ်ဆို တဲ့ဟာမျိုးနဲ့၊ ဒါပေမဲ့ ငွေပေးပါ တယ်လို့ တိကျတဲ့သက်သေ၊ လုပ်ကြံမှုအတွက် သူပါဝင်ကြောင်း သက်သေမရှိပါဘူး’’ဟု ပြော သည်။

အောင်ဝင်းထွန်းကို စွဲချက် တင်သည့် ပုဒ်မအတွက် အောင် ဝင်းထွန်း၏သား ဒေါက်တာ ကောင်းစံက ကျေနပ်မှုမရှိကြောင်း မီဒီယာများအား ပြောကြားသည်။ ၎င်းက အောင်ဝင်းထွန်းသည် လူ သတ်မှုတွင် ပါဝင်ကူညီခဲ့သည် မဟုတ်ဘဲ အောင်ဝင်းဇော်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီး၍ ဘားအံသို့ လိုက်ပို့ဆောင်ပေးခဲ့ကြောင်း ပြောသည်။ သို့သော် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် အောင်ဝင်း ခိုင်တို့သည် ညီအစ်ကိုအရင်းများ ဖြစ်သည်။

ဦးကိုနီဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဌေးနှင့် ဦးရောဘတ်စန်းအောင် တို့က ရုံးတော်၏ စွဲချက်တင်မှု သည် အမှုခရီးဆုံးအပြီးသတ်ရန် အထောက်အကူ တစ်ခုသာဖြစ် ကြောင်း ပြောသည်။ ‘‘ရုံးတော်က ဆုံးဖြတ်တာက ဒီသက်သေတွေ ကို သူစစ်ပြီးလို့ ရုံးတော်က ဒီအမှု ဟာ ဒီလိုဖြစ်သင့်တယ်ယူဆလို့ ဒီ ပုဒ်မတွေနဲ့ စွဲချက်တင်သင့်တာ ဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့ တရားလိုရှေ့နေတွေရဲ့ လုပ် ဆောင်မှု အတော်အသင့်ပြီး မြောက်သွားပြီး ရှေ့ဆက်တရားခံ ရှေ့နေတွေနဲ့ လျှောက်လဲမှုတွေ၊ ထုချေမှုတွေကို အများစုမြင်တွေ့ ရမှာပါ’’ ဟု ဦးခင်မောင်ဌေးက ပြောသည်။

‘‘တရားရုံးအနေနဲ့ ဒီလို ဆောင်ရွက်တာဟာ သူတို့ရှေ့မှာ ပေါ်ပေါက်နေတဲ့ သက်သေခံအ ချက်အလက်တွေ၊ ကနဦးမြင်သာ တဲ့အချက်တွေအရ ဒီလူတွေကို ဒါနဲ့ပဲ စစ်ဆေးရင်ရမယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် ဒီလိုအမိန့် ချတဲ့အတွက် တရားဥပဒေနဲ့အညီ မှန်မှန်ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းပဲ၊ ကျွန်တော်တို့ မြင် ပါတယ်’’ဟု ဦးခင်မောင်ဌေးက ယခုကဲ့သို့ စွဲချက်တင်ခဲ့သည့်အပေါ် သုံးသပ်ပြောကြားသည်။

လာမည့်ရုံးချိန်းကို ဖေဖော် ဝါရီ ၁၆ ရက်သို့ ပြန်လည်ချိန်းဆို ထားပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးမည်ဖြစ်သည်။ ပြန်ခေါ် သက်သေ စစ်ဆေးမှုသည် ငါးလ ခန့် ကြာမြင့်နိုင်ကြောင်း ရှေ့နေ များက ခန့်မှန်းပြောကြားသည်။

========================
251 / End




လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky