ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဖြင့် လူထုသံသယကို ဒီချုပ်ချေဖျက်မည်ဟု ဒေါက်တာမျိုးညွန့်ပြော

ကြားဖြတ်ရွေးကောက်ပွဲရလဒ်ဖြင့် လူထုသံသယကို ဒီချုပ်ချေဖျက်မည်ဟု ဒေါက်တာမျိုးညွန့်ပြော


ဒီချုပ်ပါတီ၏ စွမ်း ဆောင်ရည်အပေါ် သံသယရှိနေ မှုများကို ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် အပြတ်အသတ်အ နိုင်ယူခြင်းရလဒ်များဖြင့် ချေဖျက် နိုင်မည်ဟု မျှော်လင့်ကြောင်း ဒီ ချုပ်ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌဒေါက်တာမျိုး ညွန့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီချုပ်ပါတီ၏ စွမ်း ဆောင်ရည်အပေါ် သံသယရှိနေ မှုများကို ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် အပြတ်အသတ်အ နိုင်ယူခြင်းရလဒ်များဖြင့် ချေဖျက် နိုင်မည်ဟု မျှော်လင့်ကြောင်း ဒီ ချုပ်ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌဒေါက်တာမျိုး ညွန့်က ပြောသည်။

‘‘ဒီရွေးကောက်ပွဲရလဒ်က အစိုးရ၊ လွှတ်တော်တစ်စုံတစ်ရာ သီးခြားပြောင်းလဲမှာမဟုတ်ပါ ဘူး။ သို့သော် အခုအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ရင်ဆိုင်နေရ တဲ့ ပြည်တွင်း၊ ပြည်ပကနေပြီး တော့ အဖွဲ့ချုပ်ရဲ့စွမ်းဆောင်ရည် အပေါ် သံသယရှိတာကိုဒီကြား ဖြတ်ရွေးကောက်ပွဲမှာ အပြတ်အ သတ်နိုင်ခြင်းအားဖြင့် ချေဖျက် နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ၎င်းကပြောသည်။

လွှတ်တော်အသီးသီး၏လစ် လပ် ၁၃ နေရာအတွက် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း၆၂ဦးနှင့် တစ်သီးပုဂ္ဂလခုနစ်ဦး စုစု ပေါင်း ၆၉ ဦး ယှဉ်ပြိုင်မည်ဖြစ် သည်။ နိုင်ငံရေးပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီတည်းသာ နေရာအ ပြည့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒီချုပ်ပါတီဗဟိုရွေးကောက် ပွဲကော်မတီသည် ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက် ပို ၍အာရုံစိုက်ထားကြောင်း ဒေါက် တာမျိုးညွန့်က ပြောသည်။

ဗဟိုအောင်နိုင်ရေးကော်မ တီအနေဖြင့် စည်းရုံးဟောပြောမှု ခရီးစဉ်ကို စက်တင်ဘာ ၂၆ ရက် က ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့ နယ်တွင်စတင်ခဲ့ကာ သပိတ် ကျင်း၊ လဲချား၊ ပြင်ဦးလွင်၊မြင်းခြံ၊ မင်းဘူး၊ ရသေ့တောင်၊ ကန်ပက် လက်၊ မတူပီ၊ မိုးကုတ်၊ မြစ်ကြီး နားမြို့နယ်များသို့ လှည့်လည် ကာ မဲဆွယ်စည်းရုံး ဟောပြောခဲ့ သည်။

‘‘ကျွန်တော်တို့ ရန်ကုန်မြို့ ပေါ်မှာလည်း မဲဆွယ်စည်းရုံး ဟောပြောမှုတွေကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လာမယ့် ၂၁ နဲ့ ၂၂ ရက်မှာတော့ တာမွေမြို့ နယ်မှာ ဟောပြောပွဲတွေလုပ် ဆောင်သွားပါမယ်’’ ဟု ဒီချုပ် ပါတီပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၇ ဧပြီ ၁ ရက်ကကျင်းပ သည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေ ရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုမှ  ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ခုနစ်ဦးစုစုပေါင်း ၉၅ ဦးဝင် ရောက်ယှဉ်ပြိုင်ရာ ဒီချုပ်က ကိုး နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်က ခြောက်နေ ရာ၊ ပြည်ခိုင်ဖြိုးက နှစ်နေရာ၊ ရခိုင်အမျိုးသားပါတီနှင့် လူမျိုး ပေါင်းစုံဒီမိုကရေစီပါတီ (ကယား ပြည်နယ်)တို့က တစ်နေရာစီ အ သီးသီး အနိုင်ရခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky