ကြားဖြတ်ရွေးကောက်ပွဲရှုံးနိမ့်မှု တိုင်းနှင့် ပြည်နယ်အစိုးရအားနည်းချက်ကြောင့်ဟု ဒေါက်တာဇော်မြင့်မောင် ပြောကြား ရှုံးနိမ့်မှု သုံးသပ

 ကြားဖြတ်ရွေးကောက်ပွဲရှုံးနိမ့်မှု တိုင်းနှင့် ပြည်နယ်အစိုးရအားနည်းချက်ကြောင့်ဟု ဒေါက်တာဇော်မြင့်မောင် ပြောကြား ရှုံးနိမ့်မှု သုံးသပ



ကြားဖြတ်ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ရသည့် အ ချက်များကို အဖွဲ့ဝင်ငါးဦးပါဝင် သည့် ပါတီအတွင်း သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းသုံးသပ်မည် ဖြစ်ပြီး ၂၀၂၀ အတွက် ပြင်ဆင် မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကြားဖြတ်ရွေး ကောက်ပွဲတွင် ရှုံးနိမ့်ရသည့် အ ချက်များကို အဖွဲ့ဝင်ငါးဦးပါဝင် သည့် ပါတီအတွင်း သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းသုံးသပ်မည် ဖြစ်ပြီး ၂၀၂၀ အတွက် ပြင်ဆင် မည်ဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

သုံးသပ်ရေးကော်မတီတွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါ်မေ ဝင်းမြင့်၊ ဒေါ်ကြူကြူသန်း၊ ဦး အောင်ကြည်ညွန့်နှင့် လူငယ်အဖွဲ့ ဝင်တစ်ဦးပါဝင်ကြောင်း ၎င်းက ပြောသည်။

‘‘ဘာကြောင့် မနိုင်ခဲ့တာလဲ ဆိုတော့ ကျွန်တော်ကတော့ သင် ခန်းစာလို့မြင်တယ်။ ၂၀၂၀ အ တွက် ကျွန်တော်တို့ ပြင်ဆင်ချိန် ရတာပေါ့’’ဟု ၎င်းက ယမန်နေ့တွင် နေပြည်တော်စည်ပင်ဧည့် ရိပ်သာ၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးအပြီး တွင် မီဒီယာများအား ပြောသည်။

၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲ မဲဆန္ဒနယ်ခြောက်နေ ရာတွင် ရှုံးနိမ့်မှုသည် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအားနည်း ချက်ကြောင့်ဖြစ်ပြီး ပြည်သူ့အသံ ကို နားမထောင်ခြင်းကြောင့်ဖြစ် ကြောင်း ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

‘‘သွားတဲ့အချိန်မှာ အဓိကက လူထုနဲ့တွေ့ဖို့။ အစိုးရဖြစ်နေတဲ့အချိန်မှာ ပြည်သူလူထုတွေရဲ့အ သံ ရွာတွေကို ဆင်းတဲ့အချိန်မှာ နားထောင်တာ နည်းတယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒါ ကြောင့် ရှုံးတာပေါ့၊ သုံးသပ်ချက် က’’ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်များသည် စည်းရုံးလှုပ်ရှားခွင့် ရှိပြီး ပြည်ထောင်စုဝန်ကြီးများသာ ပါဝင်ခွင့်မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ရှင်းပြသည်။

‘‘ကျွန်တော်တို့အစိုးရအဖွဲ့ က စည်းရုံးရေးလုပ်ရမယ့်အချိန် မှာ မလုပ်နိုင်ခဲ့တာရှိတာပေါ့နော်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားသည်။

ကြားဖြတ်ရှုံးနိမ့်မှုသည် ရပ် ကျေးအဆင့်တွင် စာရင်းသာရှိကာ စည်းရုံးရေးအဖွဲ့ မဖွဲ့စည်းနိုင်ခဲ့၍ Door to Door ဆင်းရန် အား နည်းချက်ကြောင့်ဖြစ်ပြီး မဲလာ ပေးသူနည်း၍ ရှုံးနိမ့်မှုသည် အ ကြောင်းပြချက်တစ်ခုသာဖြစ်ကာ မဲလာပေးရန် မစည်းရုံးနိုင်သည့် ပုဂ္ဂိုလ်များ၏ တာဝန်သာ ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ရပ်ကျေးအဆင့် ၌ စည်းရုံးရေးလူငယ်အဖွဲ့အ စည်းများကို ပြန်လည်ဖွဲ့စည်းပြီး မြို့နယ်တွင်လည်း အင်အားမရှိ ပါက ပြန်လည်အင်အားဖြည့်၍ လက်ရှိတွင် ပါတီကို ပြုပြင်ပြောင်းလဲရေးလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြော သည်။

ကြားဖြတ် ရွေးကောက်ပွဲ တွင် လူထုအနေဖြင့် အပြောင်း အလဲ ကြီးကြီးမားမားမရှိနိုင်၍ စိတ်ဝင်စားမှု လျော့နည်းခြင်း ကြောင့် မဲလာမပေးခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

‘‘တိုင်းရင်းသားဧရိယာတွေ မှာ တိုင်းရင်းသားတွေကို မဲပေး တဲ့လူ မြင့်လာတာတွေ့ရပါတယ်။ ဒီအချက်ကတော့ ၂၀၂၀ မှာ ဂရု ပြုပြီး အလေးထားရမယ့် အချက် လို့ မြင်ပါတယ်’’ဟု ၎င်းက ဆို သည်။

‘‘အောင်နိုင်ရေးကိစ္စတွေကို အချင်းချင်း အားမနာစတမ်းဝေ ဖန်ပြီးတော့ အမှားတွေ ဘယ်လို ပြင်မလဲ၊ ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ၊ တိုင်းနဲ့ပြည် နယ်အစိုးရအဆင့်ကနေ ဟိုး အောက်ရပ်ကျေးပါတီဝင်အထိ အကုန်ပါဝင်ဖို့ပါ’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၈ ကြားဖြတ်တွင် ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော် လစ်လပ်မဲဆန္ဒ နယ် ၁၃ နေရာအနက် အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ခုနစ်နေရာ၊ USDP က သုံးနေရာ၊ SNLD, CLD နှင့် တစ်သီးပုဂ္ဂလတို့က တစ်နေရာစီ အနိုင်ရခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky