ကြံ့ခိုင်ရေးပါတီ မောင်တော အမတ်ဟောင်းကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီး

ကြံ့ခိုင်ရေးပါတီ မောင်တော အမတ်ဟောင်းကို မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီး

လက်နက်မှု၊ မတရားအသင်းမှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်နက်မှု၊ မတရားအသင်းမှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းလေကြောင်းခရီးစဉ် TG-304 နဲ့ ရန်ကုန်မှ ဘန်ကောက်ကို လိုက်ပါမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြ ဖ.ဆ.ပ.လ ရပ်ကွက်နေ အောင်ဇော်ဝင်း (ခ)ဇော်ကိရ်အာမက် (၅၅-နှစ်)ကို သတင်းရဲတပ်ဖွဲ့မှ ရဲမှူးနေအောင်လင်းဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ် ၁ ရက်မှာ သတင်းထုတ်ပါတယ်။

အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ဟာ ငါးခူရနယ်မြေရဲစခန်း (ပ)၂၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၃၃/ ၃၀၇/၃၂၄/၃၄၊ (ပ)၂၉/၂၀၁၆၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ (ပ) ၃၀/ ၂၀၁၆ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(က)၊ (ပ)၃၈/၂၀၁၆ မတရားအသင်းအက်ပုဒ်မ ၁၇(၁) အမှုတို့မှ တရားခံပြေးအဖြစ် ရဲက အလိုရှိနေသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ဟာ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သလို ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky