ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရည်အသွေးရှိ အမျိုးသမီးများပိုမိုပါဝင်ရေး ဆွေးနွေး

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရည်အသွေးရှိ အမျိုးသမီးများပိုမိုပါဝင်ရေး ဆွေးနွေး


NCA လက်မှတ်ထိုး (၁၀)ဖွဲ့မှ အမျိုးသမီးကိုယ်စား လှယ်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ပြုလုပ်နေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


NCA လက်မှတ်ထိုး (၁၀)ဖွဲ့မှ အမျိုးသမီးကိုယ်စား လှယ်များပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ပြုလုပ်နေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အမျိုးသမီးများပါဝင်မှု နည်းပါးနေသည့်အခြေအနေ၌ အရည် အချင်းပြည့်မီသည့် အမျိုးသမီး များမွေးထုတ်ရန်ဦးတည်၍ အပစ်ရပ် (၁၀)ဖွဲ့မှ အမျိုးသမီးကိုယ်စား လှယ်များ ပထမဆုံးတွေ့ဆုံဆွေး နွေးခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတွင် အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်သော်လည်း အမျိုးသမီးများဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရန် တံခါးများစေ့ထားသည့် အနေအထားဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ ABSDF မှ မိဆူးပွင့်က ပြောသည်။

‘‘ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကစပြီးတော့ အမျိုးသမီးတွေ ပိုမို ပါဝင်လာပြီးတော့ အဓိပ္ပာယ်ပြည့် ၀တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုအ ဖြစ် ရှေ့ဆက်အင်အားတွေ ဖြည့် ဆည်းပေးနိုင်ဖို့အတွက် ဘယ်လို အစီအစဉ်တွေချမှတ်ဆောင်ရွက် ကြမလဲဆိုတာ တိုင်ပင်ရင်းနဲ့ အခု အစီအစဉ်ဖြစ်ပေါ်လာတာ ဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။

အဆိုပါဆွေးနွေးမှုကို ယခုနှစ်အတွင်း ငါးကြိမ်ပြုလုပ်ရန်စီစဉ်ထားကြောင်း၎င်းကဆိုသည်။

အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးမပေးသည့်ကိစ္စ လူ့အဖွဲ့အစည်း တိုင်း၌ တွေ့ရကြောင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန် မှုန်းက ပြောသည်။

‘‘အမျိုးသမီးပါဝင်မှုက စိန် ခေါ်မှုက တော်တော်ကြီးနေပါ သေးတယ်။ ကြီးနေလို့ နောက်မ ဆုတ်သင့်ဘူး။ ကျွန်တော်တို့ ကမ္ဘာ့လူဦးရေမှာပဲ ကြည့်ကြည့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေမှာပဲ ကြည့်ကြည့် လူဦးရေတစ်ဝက်ကျော် သော တိုင်းပြည်ရဲ့ လူအင်အားက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

နိုင်ငံရေးကဏ္ဍနှင့် ငြိမ်းချမ်း ရေးကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေးဥပဒေအရ အထူးအခွင့်အရေးများပေးရန်လိုအပ် သည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်ရန် အတား အဆီးဖြစ်နေသည့် ကိစ္စသည် အမျိုး သမီးများသည် အောက်ခြေသိမ်း အလုပ်များကိုသာ တာဝန်ယူရပြီး လက်နက်ကိုင်အဖွဲ့အစည်းများ ၏ ထိပ်ပိုင်း၌လည်း အမျိုးသမီးများတာဝန်ယူရမှု နည်းပါး ကြောင်း ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ဗဟိုအလုပ်အမှု ဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

‘‘အရမ်းတော်တဲ့ အမျိုးသမီး တွေ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီးတွေအတွက် အ ခွင့်အလမ်းတွေမရှိပြန်ဘူး။ အဲဒါ ကြောင့် အခွင့်အလမ်းဘယ်လိုရ မလဲဆိုတာကအစ စဉ်းစားရတာ။ ဒီလိုလုပ်လာတာက အခွင့်အ လမ်းကို ဖန်တီးတဲ့အချက်ဖြစ် တယ်’’ဟု ၎င်းကပြောသည်။

NCA စာချုပ်ရရှိရေး ညှိနှိုင်း စဉ်ကတည်းက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေး တိုင်းရင်းသားအဖွဲ့များက အဆိုပြုကာ အစိုးရကလက်ခံခဲ့သည်။ သို့သော် ပြီးခဲ့ သည့် ၂၁ ရာစုပင်လုံ တတိယအ စည်းအဝေးတွင် အမျိုးသမီးပါဝင် မှု ၂၂ ရာခိုင်နှုန်းသာရှိသည်ဟု ဒေါ်စောမြရာဇာလင်းက ပြော သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky