ရိုက်တာသတင်းထောက်နှစ်ဦး သတင်းလွတ်လပ်ခွင့်ဆုရရှိ

ရိုက်တာသတင်းထောက်နှစ်ဦး သတင်းလွတ်လပ်ခွင့်ဆုရရှိ

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး ကို ၀ါရှင်တန်အခြေစိုက် သတင်း ထောက်များအသင်း National Press Club က၂၀၁၈ သတင်း လွတ်လပ်ခွင့်ဆု (Aubuchon) ချီးမြှင့်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦး ကို ၀ါရှင်တန်အခြေစိုက် သတင်း ထောက်များအသင်း National Press Club က၂၀၁၈ သတင်း လွတ်လပ်ခွင့်ဆု (Aubuchon) ချီးမြှင့်ခဲ့သည်။

ရိုက်တာသတင်းထောက် ကို ၀လုံးနှင့် ကိုကျော်စိုးဦးတို့သည် သတင်းရယူရန် ရှေ့တန်းတွင် ရုန်းကန်ရမှုအတွက် ချီးမြှင့်ခြင်းဖြစ်ပြီး ယင်းဆုကို လာမည့် ဆောင်းဦးရာသီ၌ ကျင်းပမည့် National Press Club နှစ်ပတ် လည်အခမ်းအနားတွင် ချီးမြှင့် မည်ဖြစ်သည်။

National Press Club ဥက္ကဌ Andrea Edney က သ တင်းလွတ်လပ်ခွင့် ချိုးဖောက်မှု များသည် မြန်မာ၊ တူရကီနှင့် မက္ကဆီကို စသည့် နိုင်ငံများတွင် တွေ့ရှိရသည့် အပြင် မေရိကန် ပြည်ထောင်စုမှာပင် မမျှော်လင့် ဘဲတွေ့ရှိရကြောင်းနှင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများ ထိန်းသိမ်းနိုင်ရေး လက်ရှိအချိန်၌ ပိုမိုအရေးကြီးကြောင်း ပြောကြားသည်ဟု VOA မြန်မာပိုင်း သတင်းဌာနက ဖော်ပြထားသည်။

ထိုအပြင် ဖမ်းဆီးခံရိုက်တာ သတင်းထောက်နှစ်ဦးကို အမေရိ ကန်ပြည်ထောင်စု အခြေစိုက် သတင်းလွတ်လပ်ခွင့်ဆောင်ရွက် နေသော PEN America အဖွဲ့က ၂၀၁၈ PEN Barbey FreeDom to Write (လွတ်လပ်စွာရေးသားခွင့်) ဆုကိုပြီးခဲ့သည့်လက ချီးမြှင့်ထားသည်။

အဆိုပါဆုသည် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် တား မြစ်ခံရသော ဖမ်းဆီးခံသတင်း ထောက်များအား နှစ်စဉ်ပေးလေ့ရှိပြီး ၂၀၁၈ မေလ ၂၂ ရက်၌ နယူးယောက်မြို့ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်တွင် ကျင်း ပမည့်အခမ်းအနား၌ ဆုပေးအပ် မည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်က ရိုက်တာသတင်းထောက် နှစ်ဦးကို ရုံးထုတ်စစ်ဆေးထားပြီး နောက်တစ်ကြိမ်ရုံးချိန်းကို မတ်လ ၇ ရက်သို့ ရုံးထပ်မံ ချိန်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံ ရေးတာဝန် ထမ်းဆောင်ပြီး နောက် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင် များကို ချဉ်းကပ်စည်းရုံးဆက် သွယ်ပြီး အရေးကြီး လုံခြုံရေးစာ ရွက်စာတမ်း အထောက်အထား များကို ပြည်ပသတင်းဌာနများ သို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င်သတင်း ရယူ ဆောင် ရွက်ခဲ့သည်ဆိုကာ ရိုက်တာ သတင်းဌာနမှ မြန်မာသတင်း ထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ကို မြန်မာ နိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ညကဖမ်းဆီးခဲ့သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky