ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှု သတင်းထောက်များ ကန့်ကွက်

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှု သတင်းထောက်များ ကန့်ကွက်

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် မီဒီယာများက ကန့်ကွက်ကြောင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ကမ်ပိန်းများပြု လုပ်၍ သဘောထားများ ထုတ်ဖော်နေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် မီဒီယာများက ကန့်ကွက်ကြောင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ကမ်ပိန်းများပြု လုပ်၍ သဘောထားများ ထုတ်ဖော်နေသည်။

အင်းဒင်ရွာလူသတ်မှု ဖော် ထုတ်ရေးသားသည့် သတင်း ထောက်နှစ်ယောက်ကို ယမန်နေ့ က ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ သဖြင့် ပြည်တွင်းသတင်းထောက် အသိုင်းအ၀ိုင်းနှင့်  လူမှုကွန်ရက် သုံးစွဲသူများက တရားစီရင်ရေးကို ဝေဖန်သည့်မှတ်ချက်များ၊ ကမ် ပိန်းများ ပြုလုပ်ခဲ့သည်။

အများစုမှာ ‘Free Wa Lone and Kyaw Soe Oo’ စာတန်းနှင့်ရိုက်တာသတင်းထောက်နှစ်ဦးပါပုံများကို Profile ပြောင်းလဲပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် Profile များလည်း ပြောင်းလဲခဲ့သည်။

ထို့အပြင် Free Walone and Kyaw Soe Oo #failed Law, # Journalism is not crime စသည့် စာသားများ ရေးသား၍  ကမ်ပိန်းပြုလုပ်ခဲ့သည်။ ထို့အပြင်  ကိုကျော်စိုးဦး၏ ဇနီး မချစ်စုဝင်း နှင့် သမီးငယ်၏ဓာတ်ပုံကို မျှဝေ ၍ တရားစီရင်ရေးကို ဝေဖန်ရေး သားသူ များပြားခဲ့သည်။

 ရိုက်တာသတင်းထောက် နှစ်ဦး ထောင်ချခံရမှုကို ‘ဒီနေ့က မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာ နေ့တစ်နေ့ပါ’ဟု အစပြု၍ ဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံမှ  Pen America စာပေအဖွဲ့က ရိုက်တာသတင်းထောက် နှစ်ဦး၏ပုံကို Cover Photo အဖြစ် ချိန်းခဲ့သည်။ စကော့လူမျိုး ကမ္ဘာကျော် သတင်းစာဆရာ အင်ဒရူးမာရှယ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရိုက်တာသတင်းထောက်များကို ထောင်ချခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ရေးသားခဲ့ သည်။

ပြည်တွင်းသတင်းဌာန တစ် ခုဖြစ်သည့် မြန်မာတိုင်းမ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘နောက်ဘယ်သူ့အလှည့် ဖြစ်မလဲ’ဆိုသည့် သတင်းစာပေါ်တွင် ဓားကို ထောက်ထားကာ ရိုက်တာ သတင်းထောက်များ ထောင်ကျ သွားသည်ဆိုသည့် သတင်းခေါင်း စဉ်နှင့်အတူ Who’s Next ဟူ၍ ဖော်ပြထားသည်။

ပြည်တွင်း သတင်းထောက် များ အသိုင်းအ၀ိုင်းကလည်း ရိုက် တာသတင်းထောက်များ ထောင် ချခံရသည်ကို လူမှုကွန်ရက်ပေါ် တွင် ပြင်းထန်စွာဝေဖန်ရေးသား ခဲ့သည်။

အဆိုပါအမှုအတွက် ညီညီ ညွတ်ညွတ် ပြန်လည်တုံ့ပြန်နိုင် ရန် အထူးအစည်းအဝေးတစ်ရပ် ကို သတင်းမီဒီယာသမားများက စက်တင်ဘာ ၄ ရက်တွင် ပြုလုပ် မည်ဖြစ်ကြောင်း ‘Myanmar Pressphoto Agency တည် ထောင်သူ ဓာတ်ပုံသတင်း ထောက် ဂျေပိုင်က ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။

ထို့အပြင် ရိုက်တာသတင်း ထောက်နှစ်ဦးကို ပြစ်ဒဏ်ချမှတ် ခဲ့သည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် လက်ရှိအစိုးရက ဦး ဆောင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြခြင်းမပြုဘဲ ဆန့်ကျင် သပိတ်မှောက်ကြောင်း စက်တင်ဘာ ၃ ရက် ညနေတွင် ရန်ကုန်ခေတ်သစ် သတင်းအေ ဂျင်စီက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ သည်။

‘‘အမှန်တကယ်တော့ ကျွန် တော်တို့ဆီမှာ ဒီမိုကရေစီအတွက်   ဘယ်ဒေါက်တိုင်မှ ရှင်သန်ခွင့်မရ သေးဘူး။ ရိုက်ချိုးခံထားရဆဲပဲ’’ ဟု ရေးသား၍ ဒီမိုကရေစီအတွက်   ဒေါက်တိုင်တစ်ခုဖြစ်သည့် သ တင်းမီဒီယာ ပြိုလဲနေသည့် ကာ တွန်းတစ်ကွက်နှင့်အတူ နိုင်ငံရေး   တက်ကြွလှုပ်ရှားသူ Aung Zaw က ရိုက်တာသတင်းထောက် နှစ် ဦး၏ကိစ္စအပေါ် ၎င်း၏အမြင်ကို ရေးသားထားသည်။

ထို့အပြင် တက်ကြွလှုပ်ရှား  သူ ပြည်သူများကလည်း တရားရုံးဆုံးဖြတ်ချက်အပေါ် ကန့်ကွက် ကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

‘‘ကြည်လင်းလို သေနတ် ကိုင် လူသတ်၊ သူရဲကောင်းလို မြှောက်စားခံရမယ်။ ကင်မရာ ကိုင်သတင်းလိုက်ပြီး အမှန်တရားကို မဖော်ထုတ်နဲ့၊ နိုင်ငံတော် သစ္စာဖောက် ဖြစ်လိမ့်မယ်။ ကိုဝ  လုံးနဲ့ ကိုကျော်စိုးဦးတို့ မိသားစုနဲ့  ထပ်တူစိတ်မကောင်းတာပါ။ ကိုယ်လည်း အခုအချိန်မှာ ဒီ လောက်ပဲ ပြောနိုင်တဲ့ စွမ်းအား ရှိတယ်’’ဟု ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦးက ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky