အောင်ဝင်းခိုင်ကို ထပ်တိုးဝရမ်းထုတ်ပေးရန် လျှောက်ထားမှု တိုင်းတရားရုံးတွင် ထပ်မံပယ်ချခံရ

  • News Code : 830869
  • Source : 7days
Brief


တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်ပြီး လွတ်မြောက်နေ သည့် တရားခံပြေး အောင်ဝင်းခိုင် ကို ဖမ်းဆီးရန် တရားလိုရှေ့နေက ၀ရမ်းအသစ်တစ်စောင်ထုတ်ပေး ရန် လျှောက်ထားမှုကို ခွင့်မပြု ကြောင်း မေလ ၁၉ ရက်တွင် တိုင်းတရားရုံးက အမိန့်ချမှတ်လိုက် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု နှင့် ပတ်သက်ပြီး လွတ်မြောက်နေ သည့် တရားခံပြေး အောင်ဝင်းခိုင် ကို ဖမ်းဆီးရန် တရားလိုရှေ့နေက ၀ရမ်းအသစ်တစ်စောင်ထုတ်ပေး ရန် လျှောက်ထားမှုကို ခွင့်မပြု ကြောင်း မေလ ၁၉ ရက်တွင် တိုင်းတရားရုံးက အမိန့်ချမှတ်လိုက် သည်။

‘‘အန်ကယ်တို့ ဖမ်းဝရမ်းအ သစ်တစ်စောင်လျှောက်ထားတာ ကို တရားရုံးက ပလပ်လိုက်တယ်။ ၀ရမ်းအသစ်ထပ်မထုတ်ပေးဘူး ပေါ့။ ပယ်တဲ့ဟာကလည်း ဘာ ကြောင့်ပယ်တယ်ဆိုတဲ့ အကျိုးအ ကြောင်းကို ကျွန်တော်တို့ မသိရ သေးဘူး။ သိရတဲ့အခါကျရင် ထပ်ပြောပါ့မယ်။ ဘာကြောင့် ပယ် တယ်ဆိုတာသိမှလည်း ဥပဒေ အရ ဘယ်လိုဆောင်ရွက်တယ်ဆို တဲ့ဟာပြောလို့ရမှာ။ အမိန့်အ ပြည့်အစုံကို တရားဝင်မိတ္တူကူးပြီး မှ သိရမှာပါ’’ဟု တရားလိုရှေ့နေ ဦးနေလက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေ သည့် အောင်ဝင်းခိုင်ကို ဖမ်းဆီး ရန် ကနဦးထုတ်ထားသည့် ၀ရမ်း သည် ပြည့်စုံမှုမရှိသောကြောင့် ၀ရမ်းအသစ်တစ်စောင်ထုတ်ပေးရန် မတ်လ ၁၇ ရက်က မြောက်ပိုင်းခရိုင်တရားရုံးကို တင်သွင်းခဲ့သော်လည်း ပယ်ချခံရသဖြင့် တိုင်း တရားရုံးသို့ ထပ်မံတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အောင်ဝင်းခိုင်ကို ဖမ်းဆီးရန် တရားရုံးက မတ်လ ၁၀ ရက်စွဲဖြင့် ထုတ်ထားသော ဖမ်းဆီးဝရမ်းသည် အောင်ဝင်းခိုင်နေထိုင်ရာ ဒေါပုံမြို့နယ်၊ ၀ါဆိုလမ်းအတွင်း၌သာ ရှာဖွေဖမ်းဆီးနိုင်သည့် ၀ရမ်းဖြစ်ပြီး တစ်နိုင်ငံလုံးဖမ်းဆီးနိုင်မည့်ဝရမ်းအသစ်တစ်စောင်ထုတ်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးနေလက ဆိုသည်။

‘‘ခရိုင် တရားရုံးမှာတော့ ရာဇ၀တ်ကြီးအမှုကို စစ်လို့မရ သေးဘူး။ တရားခံပြေးအမှုမှာပါ တဲ့အပိုင်းကို စစ်ဆေးဖို့ရှိတယ်။ လူသတ်မှုအမှုကြီးကို ဆက်လက် စစ်ဆေးဖို့ဆိုတဲ့အပိုင်းက အခုချိန်မှာမရောက်သေးဘူး’’ဟု ဦးနေလ က ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု တွင် ထွက်ပြေးတိမ်းရှောင်နေ သည့် တရားခံပြေးအောင်ဝင်းခိုင် ၏ ကိုယ်ရေးအချက်အလက် များကို တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပေးပို့ထားသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မတ်လ ၃၀ ရက် ည၌ သတင်းထုတ်ပြန်ထားသည်။

===================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky