ယခင်အစိုးရလက်ထက်က သိမ်းဆည်းခံလယ်ယာမြေများအတွက် နစ်နာကြေးပေးအပ်

ယခင်အစိုးရလက်ထက်က သိမ်းဆည်းခံလယ်ယာမြေများအတွက် နစ်နာကြေးပေးအပ်

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သိမ်းဆည်းခံခဲ့ရတဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်းက လယ်ယာ မြေဧက ၅၀ နီးပါးအတွက် တောင်သူတွေကို နစ်နာကြေးပေးအပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သိမ်းဆည်းခံခဲ့ရတဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်းက လယ်ယာ မြေဧက ၅၀ နီးပါးအတွက်  တောင်သူတွေကို နစ်နာကြေးပေးအပ်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးမင်းသူက “အားလုံး ဧက ၅၀ နီးနီးရှိပါတယ်။ အတိအကျပြောရရင် ၄၉ ဧကခန့်လောက်ရှိတယ်။ အဲဒီမှာ လျော်ကြေးက အားလုံးပေါင်း သိန်း ၅၀၀ နီးပါးရှိတာပေါ့”လို့ ပြောပါတယ်။

လျော်ကြေးအနေနဲ့ လယ်တစ်ဧကကို ၃၀ သိန်း၊ ဒုတိယတန်းစား ၂၀ သိန်း၊ တတိယတန်းစား ၁၀ သိန်း၊ ယာ တစ်ဧက ၂၀ သိန်း၊ ၁၅ သိန်း၊ ၁၀ သိန်းနှုန်းပေးအပ်တာလို့ သိရပါတယ်။

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က “နေပြည်တော်မှာတော့ အမှုတွဲ ၃၃၀ လောက်ရှိတယ်။ ဗဟိုကနေ တိုက်ရိုက်စစ်ပေးပါ ဆိုပြီး ၂ နှစ်ကာလအ တွင်းမှာ ချထားပေးတာ အမှု ၈၀ ကျော်လောက်က စစ်ပြီးပြီ။ ကျန်တဲ့ ၂၀၀ ကျော်လောက်ကို စိစစ်နေဆဲဖြစ်ပါ တယ်။ အဲဒါကိုလည်း စိစစ်ပြီးလို့ရှိရင် ဗဟိုကို ပြန်တင်ပြမယ်” လို့ ဆိုပါတယ်။

သိမ်းဆည်းခံလယ်ယာမြေတွေအတွက် ယခုနှစ် နစ်နာကြေးပေးဖို့ သိန်း ၁၀၀၀၊ လာမယ့်နှစ်အတွက် သိန်း ၅၀၀၀ တောင်းထားတယ်လို့ ပြောပါတယ်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky