ပုဂ္ဂလိကဘဏ်အချို့ ငွေပြန်လည်ထုတ်ချေးရန် စီစဉ်

ပုဂ္ဂလိကဘဏ်အချို့ ငွေပြန်လည်ထုတ်ချေးရန် စီစဉ်

ဗဟိုဘဏ်စည်းမျဉ်း သတ်မှတ်ချက်များ ပြုပြင်ပြီးဖြစ်၍ ပုဂ္ဂလိကဘဏ်အချို့ ချေးငွေများ ပြန်လည်ထုတ်ချေးမည်ဟု ဘဏ်အကြီးတန်းအရာရှိအချို့ က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဗဟိုဘဏ်စည်းမျဉ်း သတ်မှတ်ချက်များ ပြုပြင်ပြီးဖြစ်၍ ပုဂ္ဂလိကဘဏ်အချို့ ချေးငွေများ ပြန်လည်ထုတ်ချေးမည်ဟု ဘဏ်အကြီးတန်းအရာရှိအချို့ က ပြောသည်။

ဘဏ်များတွင် ငွေကြေး ကျပ်တည်းနေသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဝေဖန်နေသော်လည်း အမှန်တကယ်အခြေအနေမှာ ဗဟိုဘဏ်က ထုတ်ပြန်သည့် ချေးငွေနှင့်ပတ်သက်သော စည်းမျဉ်းများ ပြန်လည်ပြုပြင်နေခြင်းကြောင့် ငွေထုတ်ချေးခြင်း ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။

အဓိကမတည်ငွေ၏ ၂၀ ရာ ခိုင်နှုန်း ကျော်လွန်ပြီး လူပုဂ္ဂိုလ် တစ်ဦး၊ အဖွဲ့အစည်းတစ်ခုသို့ ထုတ်ချေးထားသော ကြွေးမြီများ လျှော့ချရန် ဇန်န၀ါရီ ၈ ရက်တွင်ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ် ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်နှင့် ဆက် စပ်၍ ပြည်တွင်းဘဏ်များက ပမာဏကြီးမားသော ချေးငွေကို သုံးနှစ်သက်တမ်းအတွင်း ကာလတစ်ခုသတ်မှတ်ကာ လျှော့ချမည့် အစီအစဉ်ကို လာမည့် မတ်လ ၃၁ ရက် နောက်ဆုံးထား တင်ပြရမည်ဟု ဗဟိုဘဏ်ကဆိုထားသည်။

ပမာဏကြီးမားသော ချေး ငွေများ လျှော့ချရေးအစီအစဉ်နှင့် ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိက ဘဏ်အများစုက တင်ပြမှုများ ရှိသည်ဟု ဗဟိုဘဏ် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ် များသည် စည်းမျဉ်းကိုက်ညီရန်  မူလချေးငွေများ ပြန်လည်တောင်း ယူရခြင်း၊ ဘဏ်ပိုင်ရှင်များက ငွေကြေးထပ်မံဖြည့် ဆည်းခြင်းတို့ ပြုလုပ်ခဲ့၍ ယင်းကာလတွင် ချေးငွေအသစ်များ ထုတ်ချေးခြင်းကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အ စည်းတစ်ခုကို ပမာဏများစွာငွေ ချေးခြင်းသည် သက်ဆိုင်ရာဘဏ် အတွက် စွန့်စားမှု ကြီးမားခြင်း ကြောင့် ယင်းအခြေအနေ လျှော့ချရန် ဗဟိုဘဏ်ကစီစဉ်ခြင်းဖြစ် ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ဘဏ်များက ပြည်သူများ အပ်ငွေကို ပြန်လည်ထုတ်ချေးခြင်းဖြစ်၍ ဗဟိုဘဏ်စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်သည် ပြည်တွင်းဘဏ်များအတွက် အကာအကွယ်ဖြစ်သည်ဟု ၎င်းကပြော ကြားသည်။

      ပုဂ္ဂလိကဘဏ်အများစုသည် ၂၀၀၃ ဘဏ်အကျပ်အတည်းအပြီး ငွေချေးရာတွင် ခိုင်မာသည့် အပေါင်ပစ္စည်းများမရှိဘဲ ငွေချေးမပေးကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ပြောသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky