လူသတ်သမားကြည်လင်းအား ဝန်းရံအားပေးသူလေးဦးကို အရေးယူပေးရန် ရှေ့နေအဖွဲ့အစည်းများတောင်းဆို

လူသတ်သမားကြည်လင်းအား ဝန်းရံအားပေးသူလေးဦးကို အရေးယူပေးရန် ရှေ့နေအဖွဲ့အစည်းများတောင်းဆို



ဦးကိုနီကို လုပ်ကြံသူကြည်လင်းအား ‘မင်းတို့ ထမင်းဝအောင်စားထား’ဟူသော စာတန်းပါ အင်္ကျီဝတ်ဆင်ကာ တရားရုံးအထိ လာရောက်ဝန်းရံအားပေးသူ လေးဦးကို အရေးယူပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ရှေ့နေအဖွဲ့အစည်း များစုစည်း၍ တောင်းဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဦးကိုနီကို လုပ်ကြံသူကြည်လင်းအား ‘မင်းတို့ ထမင်းဝအောင်စားထား’ဟူသော စာတန်းပါ အင်္ကျီဝတ်ဆင်ကာ တရားရုံးအထိ လာရောက်ဝန်းရံအားပေးသူ လေးဦးကို အရေးယူပေးရန် သက်ဆိုင်ရာ    တာဝန်ရှိသူများထံ တောင်းဆိုကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ရှေ့နေအဖွဲ့အစည်း များစုစည်း၍ တောင်းဆိုခဲ့သည်။

‘‘ဒီစကားက ခြိမ်းခြောက်တဲ့ စကား။ ဘယ်သူ့ကို ခြိမ်းခြောက် တာလဲ။ တရားသူကြီးကို ခြိမ်း ခြောက်တယ်။ တရားသူကြီးဘက် က လိုက်တဲ့ ဥပဒေဝန်ထမ်းကို ခြိမ်းခြောက်တယ်။   တရားလို၊ တရားခံဘက်က လိုက်တဲ့ရှေ့နေ တွေကိုလည်း ခြိမ်းခြောက်တာ၊ သက်သေတွေကိုလည်း    ခြိမ်း ခြောက်တာ။  တရားစီရင်ရေးစနစ် ကြီးကို ခြိမ်းခြောက်တာ’’ဟု မြန်မာ မီဒီယာရှေ့နေများကွန်ရက်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ   ဦး အောင်စိုးက ပြောသည်။

ထို့ပြင် တရားဥပဒေစိုးမိုး ရေး၊ လွတ်လပ်စွာ တရားစီရင်ရေးတို့ကို ထိခိုက်ပျက်ပြားစေရန်နှင့် အမှန်တရားပျောက်ကွယ်ပြီး အမှု မှန်လမ်းကြောင်းလွဲကာ ပဋိပက္ခ အသွင်ကူးပြောင်းစေခြင်းအပေါ် ကန့်ကွက်ကြောင်း ကြေညာချက် ကို ရှေ့နေအသင်းအဖွဲ့များက ပူး ပေါင်းထုတ်ပြန်သည်။

တောင်းဆိုသည့်ရှေ့နေအ ဖွဲ့အစည်းများမှာ  မြန်မာနိုင်ငံရှေ့နေအသင်း၊ လွတ်လပ်သောရှေ့နေများအသင်း၊ ရန်ကုန်ရှေ့နေအသင်း၊  မြန်မာမီဒီယာရှေ့ နေများကွန်ရက်နှင့်  ဥပဒေဘွဲ့ရ သူများအသင်းတို့ဖြစ်သည်။

အဆိုပါကန့်ကွက်စာတွင် လူသတ်တရားခံအဖြစ် စွပ်စွဲခံရ သူများကို ဝန်းရံရုံမက လူသတ် ခြင်းကို အားပေးကြောင်းပြုမူခြင်း သည် လူသတ်မှုကို တရားရုံးရှေ့ ၌ ပြောင်ပြောင်တင်းတင်းအား ပေးခြင်း၊ လှုံ့ဆော်ခြင်း၊ ဖိအားပေး ခြင်းဖြစ်၍    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(က) အရ ဥပဒေ နှင့်အညီ လွတ်လပ်စွာတရားစီရင် ရေးကို အနှောင့်အယှက်အဟန့် အတားပြုရာ ရောက်၍ ၎င်းတို့ရှေ့ နေများက ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အ ရေးယူပေးရန် တောင်းဆိုကြောင်း ပါဝင်သည်။

‘‘ဒီလိုဥပဒေနဲ့မညီတဲ့ကိစ္စ မျိုးဟာ တရားရုံးပရိဝုဏ်အတွင်း မှာ ဖြစ်သွားတယ်။ တရားရုံးအ ဆောက်အအုံမှာ ဖြစ်သွားတယ်။ နေ့လယ်ကြောင်တောင်မှာ ဖြစ် သွားတယ်။ တရားဥပဒေအရ အ ရေးယူနိုင်တဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ ဖြစ်သွားတယ်။ ဒါဟာအင်မတန်မှ ကျွန်တော်တို့တိုင်း ပြည်အတွက် နစ်နာဆုံးရှုံးတယ်။ ကျွန်တော်တို့ ပြည်သူတွေအ တွက် ဒီအဆောက်အအုံထဲကနေ နောက်ဆုံး တရားခွင်ထဲထိ ရောက်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြော နိုင်ဘူး’’ဟု ဦးအောင်စိုးက ပြောသည်။ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်၍ ကြည်လင်း၊ အောင်ဝင်း ဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာ ဖြိုးတို့လေးဦးကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်  သေနတ်သမားကြည်လင်း အား လာရောက်ဝန်းရံသူ လေးဦးက ‘မင်းတို့ ထမင်းဝအောင်စား ထား’ဟုစာတန်းကို လက်ညှိုးထိုးသောပုံဖြင့် ဒီဇိုင်းလုပ်ထားသည့် တီရှပ်များကို  ၎င်းတို့ကိုယ်တိုင် ဝတ်ဆင်ထားပြီး စွပ်စွဲခံရသူလေး ဦးကိုလည်း ပေးအပ်ခဲ့သည်။

အဆိုပါရုံးချိန်းသည် စွပ်စွဲခံ ထားရသူလေးဦးကို စွဲချက်တင်  ရန် သင့်၊ မသင့် နှစ်ဖက်ရှေ့နေ များက လျှောက်လဲချက်ပေးရ သည့် ရုံးချိန်းဖြစ်သည်။ ဖေဖော် ဝါရီ ၉ ရက်ရုံးချိန်းတွင် စွဲချက်တင်ရန် သင့်၊ မသင့် အမိန့်ချမည် ဖြစ်သည်။

ကြည်လင်းအား လာရောက် ဝန်းရံသူလေးဦးထဲမှ မြတ်ဘုန်း မိုရ်နှင့် တင်ဌေးအောင်တို့သည် ၂၀၁၇ မေလ ၉ ရက်ညက မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၂ လမ်း ထောင့်ရှိ တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများရောက်ရှိနေ သည်ဆိုကာ ဝင်ရောက်စစ်ဆေးရာမှ ဖြစ်ပွားသည့် ပဋိပက္ခ၌ဦးဆောင်ပါဝင်သူများဖြစ်သည်။ မင်္ဂလာတောင်ညွန့်ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သဖြင့်    ထောင်ခြောက်လ   ကျခံခဲ့ရသော်လည်း ချုပ်ရက်မှ  ခံစားခွင့်ပြုပြီး  ပြန် လွတ်လာသူများဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသူ ကြည်လင်းသည် ၎င်းတို့အမြင်တွင် လုပ်သင့်၊ လုပ်ထိုက်သည့်ကိစ္စကို လုပ်ခဲ့ခြင်း ကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လေး စားမှုဖြင့် လာရောက်ဝန်းရံခြင်း ဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိ ကြောင်း မြတ်ဘုန်းမိုရ်က ပြော ကြားသည်။

သေနတ်သမားကြည်လင်း အား ဝန်းရံသူလေးဦးကို တရားစွဲ ဆိုပေးရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်    တရားသူကြီး ချုပ်အပါအဝင် ရန်ကုန်တိုင်းဝန် ကြီးချုပ်နှင့် သက်ဆိုင်ရာ တရားစွဲ ဆိုရေး အဖွဲ့အစည်းများထံ စာပို့ တောင်းဆိုမည်ဖြစ်ကြောင်း ရှေ့ နေများက ဆိုသည်။

‘‘ပြန်စဉ်းစားကြည့်မယ်ဆို ရင် ဦးကိုနီသည် အခုစွပ်စွဲခံထား ရသူ ကြည်လင်းနဲ့ စကားတောင်ပြောဖူးလိမ့်မယ်မထင်ဘူး။ ဘာ ရန်ငြိုးရန်စမှ မရှိဘဲနဲ့ လူမြင်ကွင်း အလယ်မှာ သေနတ်နဲ့ ပစ်ခတ် သွားတယ်ဆိုတာ အကြမ်းဖက်မှု သာဖြစ်တယ်။ ဒီလိုအကြမ်းဖက် တဲ့ လုပ်ရပ်တစ်ခုကို ထောက်ခံပါ တယ်။ အားပေးပါတယ်။ ဝန်းရံ ပါတယ်ဆိုတာ ဘာသာရေးအရပဲ ကြည့်ကြည့်၊ လူမှုရေးအရပဲ ကြည့်ကြည့်၊ ဥပဒေအရပဲ ကြည့် ကြည့်၊ ဘယ်ရှုထောင့်က ကြည့် ကြည့် လက်ခံနိုင်စရာမဟုတ်ဘူး’’ ဟု မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးစိန် ချမ်းဝင်းက ပြောသည်။

အဆိုပါဝန်းရံသူလေးဦး လုပ်ရပ်သည် ခြိမ်းခြောက်မှု၊ တရား ရုံးမထီမဲ့မြင်ပြုမှုတို့နှင့် ငြိစွန်း ကြောင်း ဦးကိုနီအမှု၏တရားလို ရှေ့နေ ဦးနေလက ပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီ၏ ဥပဒေအကြံ ပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန် လေဆိပ် Terminal−1 မှ အထွက် ကားပါကင်၌ လုပ်ကြံသတ်ဖြတ်ခံ ရသည်။ ၎င်းကို လုပ်ကြံသူအား အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ကာ ကူညီ၍ ဖမ်းပေးသူ တက္ကစီသမား ဦးနေဝင်းလည်း ကြည်လင်း၏ သေနတ်ပစ်ခတ်မှုကြောင့်  သေ ဆုံးခဲ့သည်။

========================
251 / End




လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky