NLD အမတ်များ သက်သောင့်သက်သာ ဖြစ်ဖို့ မမျှော်လင့်နဲ့ဟု ဒေါက်တာမျိုးညွှန့် ဆို

NLD အမတ်များ သက်သောင့်သက်သာ ဖြစ်ဖို့ မမျှော်လင့်နဲ့ဟု ဒေါက်တာမျိုးညွှန့် ဆို


နေပြည်တော်(စက်တင်ဘာ ၂၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပါတီဝင် လွှတ်တော်အမတ်များအနေဖြင့် သက်သောင့် သက်သာနေရမည်ဟု မျှော်လင့်မထားရန်နှင့် ပါတီစည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောဆိုလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်(စက်တင်ဘာ ၂၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပါတီဝင် လွှတ်တော်အမတ်များအနေဖြင့် သက်သောင့် သက်သာနေရမည်ဟု မျှော်လင့်မထားရန်နှင့် ပါတီစည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောဆိုလိုက်သည်။

“ပါတီစည်းကမ်းကတော့ မဖြစ်မနေ တင်းတင်းကျပ်ကျပ် လုပ်ထားရမှာပါ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စား လှယ်တွေဟာ သက်သောင့်သက်သာနဲ့ လုပ်ရမယ်လို့ မမျှော်လင့်ပါနဲ့လို့ ကျွန်တော်တို့ ပြောထားပြီးပါပြီ။ အဲ့ဒီ အတိုင်းပဲ တိတိကျကျ ဆောင်ရွက်သွားမှာ” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် စက်တင်ဘာ ၂၃ရက်၊ ညနေပိုင်းက ကျင်းပပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့(စီအီးစီ)အစည်းအဝေးအပြီးတွင် မီဒီယာများကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ် ဖြစ်လို့ စီးပွားရေးအရ တွက်ခြေကိုက်လိမ့်မယ်၊ သက်သောင့်သက်သာ ဖြစ်လိမ့်မယ် ဆိုတာမျိုးကတော့ ခွင့်မပြုနိုင်ပါဘူး။ နိုင်ငံသားတွေ ဆင်းရဲကျပ်တည်းနေတာနဲ့အမျှ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ဖို့ လိုတယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပါတီစည်းကမ်းကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

ပါတီစည်းကမ်းများ တင်းကျပ်လွန်းသည်ဟုဆိုကာ ပါတီမှ နှုတ်ထွက်ခွင့်တောင်းထားသည့် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်နှင့် မကွေးတိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့ နှစ်ဦးအား ယနေ့ကျင်းပသည့် စီအီးစီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်းလည်း ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

“ပြစ်ချက်ရှိလို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ပါတီစည်းကမ်းတွေက တင်းကျပ်လွှန်းတယ်။ ပါတီကို အလှူငွေတွေ ထည့်ဝင်ရတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး ပါတီကို နုတ်ထွက်ခွင့် တောင်းတာ။ ဒါကို ဒီနေ့အစည်းအဝေးက အတည်ပြုလိုက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ လွှတ်တော်အမတ်နှစ်ဦးသည် နှုတ်ထွက်စာ မတင်မီက ပါတီစည်းကမ်းဖောက်ဖျက်၍ အရေးယူခဲ့ ရခြင်းမျိုး မရှိခဲ့ဘဲ ၎င်းတို့၏ သဘောဆန္ဒအလျောက် နှုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ အမှတ်(၅)မှ ဦးတင်အောင်ထွန်းက ၎င်းအနေဖြင့် ဇူလိုင်လ ၁၁ရက်တွင် နှုတ်ထွက်စာ တင်ထားခဲ့ကြောင်း၊ သို့သော် ဒေါက်တာမျိုးညွှန့် ပြောသကဲ့သို့ ပါတီ ရန်ပုံငွေထည့်ရပြီး စည်းကမ်းတင်းကျပ်လွန်းသောကြောင့် နှုတ်ထွက်ရခြင်း လုံးဝမဟုတ်ကြောင်း၊ နှုတ်ထွက် စာပါ အကြောင်းအရာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်အစီအစဉ်ရှိကြောင်း မဇ္ဈိမ၏ မေးမြန်း မှုကို ဖြေကြားသည်။

“ရန်ပုံငွေတွေ ပေးနေရလို့၊ စည်းကမ်းတွေက တင်းကျပ်လို့ ဆိုတဲ့ အကြောင်းပြချက် ကျွန်တော့်စာမှာ တစ်ခုမှ မပါပါဘူး။ အင်မတန်ကြီးတဲ့၊ လေးနက်တဲ့ အကြောင်းတရားတွေ ရှိပါတယ်” ဟု ဦးတင်အောင်ထွန်းက ပြောသည်။

ထို့အပြင် ပါတီမှနှုတ်ထွက်ရသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်အား မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

လက်ရှိတွင် အထက်ပါ လွှတ်တော်အမတ်နှစ်ဦးအပါအဝင် NLDပါတီမှ နှုတ်ထွက်သွားသူ လွှတ်တော်အမတ် လေးဦးနှင့် ပါတီစည်းကမ်းဖြင့် အရေးယူထားသူ လွှတ်တော်အမတ် ၄၅ဦး ရှိကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

မအူပင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းသည်လည်း ပြီးခဲ့သည့်နှစ်၊ ဇူလိုင်လအတွင်းက NLD ပါတီမှ နှုတ်ထွက်ခဲ့သေးသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky