• နယူးယောက် ဗုံးခွဲမှုတွင် ဖိအားသုံးမီးဖိုကို ဖောက်ခွဲရေး ကိရိယာအဖြစ် အသုံးချထား
    အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ဖြစ်ပွားသော ဗုံးကွဲမှုတွင် ဖိအားသုံး မီးဖိုကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးချထားကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက အတည်ပြုခဲ့သည်။
    ဆက်ဖတ် ရန် ...
  • နယူးယောက်မြို့တွင် ပေါက်ကွဲမှုဖြစ်၍ ၂၉ ဦးဒဏ်ရာရ
    နယူးယောက်၊ စက်တင်ဘာ ၁၈ ။ ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ချယ်စီးအရပ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ အနည်းဆုံး လူ ၂၉ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်းက ဖြစ်ပွားသည့် ယင်းပေါက်ကွဲမှုဖြစ်စေသည့် အကြောင်းရင်းအား မသိရသေးပေ။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီရိုက မတော်တဆပေါက်ကွဲ မဟုတ်ပဲ တမင်ဖောက်ခွဲသည့် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ကြောင်း ပြောသော်လည်း အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ခြင်း ရှိမရှိကို မသိရသေးပေ။
    ဆက်ဖတ် ရန် ...
  • အိုဘားမား၏ မပြီးပြတ်သေးသော အာရှလုပ်ငန်းစဉ်
    သမ္မတအိုဘားမား၏ အာရှ သို့ (၁၁)ကြိမ်မြောက်ခရီးစဉ်အ တွက် လာအိုနိုင်ငံက အခွင့်အခါကောင်း ဖန်တီး ပေးခဲ့ပါသည်။ အမေရိကန်သမ္မတတစ်ဦး၏ လာအိုသို့ ပထမဆုံး ခရီးစဉ်တွင် ဗီယက်နမ်စစ်ပွဲ အတွင်း အမေရိကန် နိုင်ငံ၏ ဗုံးကြဲမှုများကြောင့် ဖြစ် ပေါ်ခဲ့သော ကြီးမားသည့် အပျက် အစီးများနှင့် မပေါက်ကွဲသေးသော ဗုံးဆန်သန်းပေါင်းများစွာ လာအို နိုင်ငံ၌ ကျန်ရှိနေခဲ့ခြင်းအတွက် အမေရိကန်က အသိအမှတ်ပြုခဲ့ ပါသည်။ လာအိုသို့ လည်ပတ်မှုနှင့် အာရှခရီးစဉ်မှာ အာရှဒေသမှ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုခိုင်မာ ရေး အိုဘားမား၏ ကျယ်ပြန့်သော ကြိုးပမ်းမှုများ၏ နောက်ဆုံးဖြစ် သည်။
    ဆက်ဖတ် ရန် ...
  • အီရတ်တွင် အမေရိကန်က စစ်အင်အား ထပ်တိုး
    IS အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရေး အီရတ်စစ်တပ်က အကြီးစား ထိုးစစ်ဆင်ရန် ဆောင်ရွက်နေစဉ် အမေရိကန်စစ်သား ၄၀၀ ကျော်ကို အီရတ်တွင် ထပ်တိုးချထားလိုက်သည်ဟု သိရသည်။
    ဆက်ဖတ် ရန် ...
  • ဆဲဆိုခဲ့သည့် ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံမည့်အစီအစဉ်ကို အိုဘားမား ဖျက်
    ဖိလစ်ပိုင်သမ္မတက အမေရိကန်သမ္မတ အိုဘားမားကို ရိုင်းရိုင်းပြပြ ဆဲဆိုခဲ့လို့ လာအိုမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ သူတို့ ၂ ဦး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို သမ္မတအိုဘားမားဘက်က ဖျက်လိုက်ပါတယ်။ သမ္မတ ဒူတာတေရဲ့ နိုင်ငံတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ၂ ဦး တွေ့ဆုံချိန်မှာ ဆွေးနွေးမယ်လို့ အိုဘားမားက ပြောဆိုခဲ့တာပါ။
    ဆက်ဖတ် ရန် ...
  • ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်ခရီးမတိုင်မီ ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ရန် အမေရိကန်အစိုးရ စဉ်းစားနေ
    ဆက်ဖတ် ရန် ...
  • အမေရိကန် ဒရုန်းလက်ချက်ကြောင့် အာဖဂန်တွင် စစ်သား ၂၂ ဦး သေဆုံး
    – အာဖဂန်နစ္စတန်တောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အမေရိကန်က ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွများ ဖမ်းဆီးထားသည့် အာဖဂန်စစ်သား ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးမှုစာရင်းကို ပြည်နယ်အာဏာပိုင်များ ယမန်နေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း နာဒေအလီခရိုင်တွင် တာလီဘန်အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း တာလီဘန်က အတည်ပြုခဲ့သည်။
    ဆက်ဖတ် ရန် ...
  • ရှိုင်တွန် အကြီးစား အမေရိကန် မှ ဆော်ဒီ အာရေဗျ အား အပြည့်အဝ အားပေး ထောက်ခံကြောင်း ထုတ်ပြန် / အိမ်ဖြူတော်
    အမေရိကန် နိုင်ငံ အိမ်ဖြူတော် ၏ ပြောရေး ဆိုခွင့် ရှိသူမှ ယီမင်နိုင်ငံ ဆိုင်ရာ တိုက်ခိုက်မှု စစ်တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဆော်ဒီ အာရေဗျ ဘက်မှ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီ အာရေဗျ သည် အမေရိကန် နိုင်ငံ ၏ အရေးကြီး မဟာမိတ် နိုင်ငံများ မှ တစ်နိုင်ငံ ဖြစ်ပြီး အမေရိကန် နိုင်ငံ အကျိုး အမြတ်ကို ထိန်းသိမ်းရာတွင် အရေးကြီး လှုပ်ရှားမှုကို ပြုနေသည့် နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် အပြည့်အဝ ထောက်ခံ အားပေး ရသည်ဟု ပြောကြားခဲ့ပါတယ်။
    ဆက်ဖတ် ရန် ...
  • အမေရိကန်က ဂျပန်တွင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်အုပ် ထားရှိမည်
    ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းရှိရာ ရာမဂုချိ စီရင်စုဒေသက အိုင်ဝါကူနီမြို့မှာ အမေရိကန်ပြည်ထောင်စုက F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၆ စီးကို လာမယ့် ဇန်န၀ါရီကနေ သြဂုတ်လအတွင်း ဖြန့်ကျက်မှာကို ဂျပန်အစိုးရက မြို့တာဝန်ရှိသူတွေကို စီမံကိန်းနဲ့ပတ်သက်လို့ အသိပေး အကြောင်းကြားပါတယ်။
    ဆက်ဖတ် ရန် ...
  • ကယ်လီဖိုးနီး တောမီးကြောင့် လူပေါင်း သောင်းနှင့်ချီ ရွှေ့ပြောင်းရ
    အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် တောမီးများ အရှိန်ပြင်းစွာ ကူးစက် လောင်ကျွမ်းနေသည့်နောက် လူပေါင်း သောင်းဂဏန်းမျှ ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရသည်။ ပြည်နယ်မြို့တော် လော့စ်အန်ဂျလိစ်၏ အရှေ့ဘက်ဒေသများတွင် နေထိုင်သူ ၈၂၀၀၀ မျှကို နေရပ်မှစွန့်ခွာကြရန် အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။ လက်ရှိ လောင်ကျွမ်းနေသည့် တောမီးသည် မူလခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်အားကောင်းပြီး ထိန်းချုပ်ရန်အလွန်ခက်ခဲနေဆဲဟု သိရသည်။
    ဆက်ဖတ် ရန် ...
  • နယူး ယောက် မြို့ တွင် လုပ်ကြံခံရသူ ရှေ့ဆောင် ဗလီ ဆရာ ၏ ဈာပန /photos
    အဗ်နာ။ ။ နယူးယောက် မြို့တွင် အစ္စလာမ်မုန်းတီးသူ အစွန်းရောက် သမား တစ်ဦး မှာ သေနတ်ဖြင့် ရှေ့ဆောင် ဗလီ ဆရာ တစ်ဦး အား ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ လုပ်ကြံခံရသူမှာ မောင်လာနာ အလာအိုလ်ဒီးန် အာကွန်ဂျီ ဖြစ်ပါတယ်။
    ဆက်ဖတ် ရန် ...
  • ရီပက်ဘလေကန်အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခြင်း
    ကလိဗ်လန်းမြို့မှာ ရီပက် ဘလေကန်ပါတီ ညီလာခံ ဇာတ်လမ်းနဲ့ အစပျိုးပြီးတော့ ထိခိုက် နစ်နာစေတဲ့ အငြင်းပွားစရာတွေ ရှိခဲ့တဲ့ ခက်ခဲတဲ့ သီတင်းနှစ်ပတ်ကို ဆက်လက် ဖြတ်သန်းခဲ့ရတဲ့ ဒေါ်နယ်ထရန့်ဟာ ခက်ခဲတဲ့ အနေအထားတစ်ခု ကြုံတွေ့ခဲ့ရပါ တယ်။
    ဆက်ဖတ် ရန် ...
  • နယူးယောက်ရှိ JKF လေဆိပ်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်
    အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ John F Kennedy (JFK) နိုင်ငံတကာ လေဆိပ်တွင် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း သိရသည်။ သို့သော် နယူးယောက် ရဲတပ်ဖွဲ့က လေဆိပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားသည်ဆိုသည့် အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားထားသည်။
    ဆက်ဖတ် ရန် ...
  • နယူးယောက်တွင် ဗလီဆရာနှင့်နောက်လိုက်တဦး ပစ်သတ်ခံရ
    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဗလီဆရာတဦးနဲ့ နောက်လိုက်တဦးတို့ သြဂုတ် ၁၃ ရက်နေ့က ဗလီတက်ပြီးအပြန် လမ်းမှာ သေနတ်ပစ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားပါတယ်။ လူတယောက် နောက်က လိုက်လာပြီး ၂ ယောက်လုံးရဲ့ ခေါင်းကိုပစ်သွားတာလို့ နယူးယောက်မြို့ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။
    ဆက်ဖတ် ရန် ...
  • လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး
    အမေရိကန်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့က အဆိုပါ လူငယ်သည် ရဲအရာရှိများကို စတင်၍ သေနတ်ဖြင့် ပစ်ခဲ့သောကြောင့် တုံ့ပြန်ခဲ့ရခြင်းဟု ဖြေရှင်းထားသည်။ ယခုသီတင်းပတ် အစောပိုင်းက လူငယ်နှစ်ဦးသည် အများပိုင် ပစ္စည်းများကို ရမ်းကား ဖျက်ဆီးနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတစ်ခု ရောက်ရှိလာသည့်နောက် ရဲအရာရှိများက ထိုနေရာသို့ သွားရောက်ခဲ့သည်။
    ဆက်ဖတ် ရန် ...
  • ဟီလာရီကလင်တန်၏ အသက်ကို ခြိမ်းခြောက်သည့် စကားများ ထရမ့်ပြော
    လာမည့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နယ်ထရမ့်က ၎င်း၏ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်အား လုပ်ကြံရန် သဘောသက်ရောက်သည့် မှတ်ချက်တစ်ခုကို ပြောကြားခဲ့ပြီး ၎င်း၏ မဲဆွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ အဓိပ္ပါယ်ကောက်လွဲခြင်းသာဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
    ဆက်ဖတ် ရန် ...
  • အိုင်အက်စ်၏ အင်အား ယုတ်လျော့သွားပြီ ဖြစ်သော်လည်း လျှော့တွက်၍ မရဟု အိုဘားမားဆို
    အိုင်အက်စ်တို့၏ အင်အားသည် သိသာစွာ ယုတ်လျော့ အားနည်းသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုကို လုံးဝ လျှော့မတွက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရပြီ ဖြစ်သလို အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များ၏ လပေါင်းများစွာ ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အိုင်အက်စ်တို့အတွက် ကြီးကြီးမားမား အကျပ်ရိုက်စရာများ ကြုံခဲ့ရသည်။ သို့သော် ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး စစ်သွေးကြွများ အနေဖြင့် အဆိုပါ အရှုံးများကို ခါးသီးစွာ တုံ့ပြန်ပြီး နိုင်ငံရပ်ခြား ဒေသများတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ပိုမို ပစ်မှတ် ထားလာနိုင်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။
    ဆက်ဖတ် ရန် ...
  • ကယ်လီဖိုးနီးယားမြောက်ပိုင်းဒေသတွင် မြေဧက ၄၀,၀၀၀ ကျော် တောမီးလောင်ကျွမ်း
    အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသ Big Sur အရပ်အနီး၌ သီတင်းတစ်ပတ်ကြာ လောင်ကျွမ်း နေသော တောမီးသည် မြေဧက ၄၀,၀၀၀ ကျော်ကို လောင်မြိုက် ဖျက်ဆီးခဲ့ရာ ယင်းမီးလောင်ကျွမ်း မှုအကျယ်အ၀န်းမှာ ဆန်ဖရန်စစ္စကိုမြို့အရွယ်အစားနီးပါး ရှိလာသည်ဟု ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ဌာနက ပြောကြားသည်။ တောမီးကို ဇူလိုင် ၃၁ ရက် တွင် အပြည့်အ၀ထိန်းချုပ်နိုင်မည် ဟု မူလက ခန့်မှန်းထားသော် လည်း လက်ရှိအချိန်အထိ အပြည့်အ၀ထိန်းချုပ်နိုင်ခြင်းမရှိပေ။
    ဆက်ဖတ် ရန် ...
  • တက္ကဆက်ပြည်နယ်တွင် မိုးပျံပူဖောင်း ပျက်ကျပြီး လူ ၁၆ ဦး သေဆုံး
    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က မိုးပျံပူဖောင်းတစ်လုံးပျက်ကျခဲ့ရာ လူ ၁၆ ဦးအထိ သေဆုံးခဲ့ကြောင်းနှင့် ယင်းမှာမိုးပျံပူဖောင်း မတော်တဆမှုဖြစ်ရပ်များတွင် လူအသေအပျောက်အများဆုံးဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန် သမ္မတသစ် နေရာအတွက် ကလင်တန်သာ အထိုက်တန်ဆုံးဟု အိုဘားမား ထောက်ခံ
    ဟီလာရီကလင်တန်သည် အမေရိကန်သမ္မတသစ်အဖြစ် အထိုက်တန်ဆုံးပုဂ္ဂိုလ်ဟု လက်ရှိအမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ထောက်ခံ ပြောကြားခဲ့သည်။ ဇူလိုင် ၂၇ ရက်တွင် အိုဘားမား၏ ဒီမိုကရက်ပါတီသည် လာမည့် နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကလင်တန်ကို တရားဝင် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ကလင်တန်သည် အိုဘားမား၏ ပထမသက်တမ်း ၄ နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သူမ၏ခင်ပွန်းသည် ဘီလ်ကလင်တန်မှာလည်း အမေရိကန်သမ္မတဟောင်းတစ်ဦး ဖြစ်သည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးပေါက်ကွဲ
    ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း လေ့ကျင့်ရေးပြုလုပ်စဉ် မျက်ရည်ယိုဗုံးစမ်းသပ်ဖောက်ခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၄ရက် ည ၇နာရီ ၄၅မိနစ်၌ တက္ကသိုလ်ရိပ်သာ လမ်းရှိ အမေရိကန်သံရုံးဝင်းအ တွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ်ပေါက် ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့များ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကပြောသည်။
    ဆက်ဖတ် ရန် ...
  • အိုင်အက်စ်ကို အပြီးသတ် ထိုးစစ်ဆင်နွှဲရန် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ ဆွေးနွေး
    အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်ဆင်ရေးများ လက်တွဲ ဆောင်ရွက်နေသည့် မဟာမိတ် အင်အားစုများ ပူးပေါင်းပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကြမ်းဖက် စစ်သွေးကြွများကို ဝန်းရံတိုက်ခိုက်ရန် မဟာဗျူဟာများ ချမှတ်နေကြောင်း ဆိုသည်။ ၎င်းက အိုင်အက်များကို ဆီးရီးယားရှိ ရက္ကာနှင့် အီရတ်ရှိ မိုဆူးလ်တို့တွင် စုရုံး ပိတ်ဆို့ထားရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ မြို့ကြီးများသည် သက်ဆိုင်ရာ နိုင်ငံများတွင် အိုင်အက်စ်က အဓိက ဗဟိုထိန်းချုပ်ရေး အခြေစိုက် စခန်းအဖြစ် သိမ်းပိုက်ထားသည့် နေရာများ ဖြစ်သည်။ အိုင်အက်စ်တို့အပေါ် စစ်ရေးအရ အသာစီး ရနေသော်လည်း ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများ အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် နည်းလမ်းများဖြင့် တုံ့ပြန် တိုက်ခိုက်လာနိုင်ခြေကို အလေးအနက် သတိထားရန် လိုကြောင်းလည်း ကာတာက ဝန်ခံခဲ့သည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် စစ်ရေး လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်တစ်ဦးကို ထောင်ဒဏ် ၄ နှစ်နီးပါးချမှတ်
    စစ်ရေး လျှို့ဝှက်ချက်များ၊ နည်းပညာများကို ခိုးယူမှုဖြင့် တရုတ် စီးပွားရေးသမား တစ်ဦးကို အမေရိကန်က ထောင်ဒဏ် ၄ နှစ်နီးပါး ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ ဆူဘင်းသည် ဟက်ကာများနှင့် ဆက်သွယ်ကာ ၂၀၀၈ မှ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီများကို ထိုးဖောက်ကာ သတင်းအချက်အလက်များကို တရုတ်စစ်တပ်အတွက် ခိုးယူပေးခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားသည်။ ၎င်းကို ကနေဒါ နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဖမ်းဆီးရမိပြီးနောက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ တရုတ်အစိုးရကမူ မိမိတို့သည် နိုင်ငံခြား ကုမ္ပဏီများ၊ အစိုးရများကို ဟက်ကာများက ထိုးဖောက်ခဲ့ရာ၌ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ လော့စ်အန်ဂျလိစ်မြို့ရှိ အမေရိကန် တရားရုံး တစ်ခုက ဆူကို ထောင်ဒဏ် ၄၆ လ ချမှတ်ခဲ့ပြီး ဒဏ်ကြေး ဒေါ်လာတစ်သောင်း ပေးဆောင်ရန်လည်း အမိန့်ချခဲ့သည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန် ဆန္ဒပြပွဲ တစ်ခုတွင် စနိုက်ပါဖြင့် ချောင်းပစ်မှုကြောင့် ရဲလေးဦး သေဆုံး
    အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ကြိုးစားရင်း စနိုက်ပါ သေနတ်သမားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။ အမေရိကန်တွင် ရဲတပ်ဖွဲ့က လူမည်းနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားစဉ် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဟု အာဏာပိုင်များက ဆိုသည်။ ဒဲလက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ယခုဖြစ်စဉ်အပြီးတွင် တရားခံများကို အစွမ်းကုန် ကြိုးစား ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ရဲနှင့် ဆန္ဒပြသူများ အခြေအတင် ဖြစ်နေစဉ် သေနတ်သံများ ပေါ်လာသဖြင့် လူအားလုံး ဘေးလွတ်ရာ ထွက်ပြေးပြီး ကျည်ကွယ်မျက်ကွယ်တွင် တိမ်းရှောင်ခဲ့ရသည်။ အဆိုပါ ဆန္ဒပြမှုများသည် ရဲများ၏ ပစ်ခတ်မှုကြောင့် မင်နီဆိုးတားတွင် သေဆုံးခဲ့သည့် ဖီလန်ဒို၊ ကက်စ်တီလီနှင့် လူဝီစီးယားနားမှ အယ်လ်တန် စတာလင်တို့အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။
    ဆက်ဖတ် ရန် ...
  • မဟာမိတ်လေတပ်၏ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်၏ အရေးပါသည့် တပ်မှူးနှစ်ဦး သေဆုံး
    အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်၏ တိုက်ခိုက်မှုများအတွင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့မှ အရေးပါသော တပ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့်လ နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အိုင်အက်စ်၏ စစ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အကြီးတန်း ဗျူဟာမှူးတစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာသည်။ အမေရိကန် ဦးဆောင်သော မဟာမိတ် လေတပ်သည် အီရတ်ပိုင်နက်တွင် အိုင်အက်စ် သိမ်းပိုက်ထားရာ နယ်မြေများမှ စစ်သွေးကြွများကို အစိုးရတပ်များက တွန်းလှန်တိုက်ထုတ်ရာ၌ ထဲထဲဝင်ဝင် ကူညီပေးလျက် ရှိသည်။ အယ်လ်ကိုင်ဒါ စစ်ဦးစီးဟောင်း တစ်ဦးဖြစ်ပြီး လတ်တလောတွင် အိုင်အက်စနှင့် ပူးပေါင်းထားသည့် ဘာဆင်မ် မူဟာမက် အာမက် ဆူလ်တန် အယ်လ်ဘာဂျာရာသည် လေတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ပင်တဂွန်၏ ဖော်ပြချက်တွင် ပါရှိသည်။ အိုင်အက်စ် စစ်ရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည့် အယ်ဘာဂျာရာသည် လက်လုပ်ဗုံးများ၊ ဖောက်ခွဲရေး ကိရိယာများ၊ အဆိပ်ဓာတ်ငွေ့ လက်နက်များ ဖန်တီးရာတွင် ထူးချွန်သူ တစ်ဦးအဖြစ် နာမည်ကြီးခဲ့သည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် ပြုလုပ်သော မီးနင်းပွဲ၌ ပါဝင်သူ ၄၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိ
    အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ်၌ စိတ်ဓာတ်တက်ကြွရေး လှုံ့ဆော်ဟောပြောသူ တိုနီရော်ဘင်ပြုလုပ်သော ဆွေးနွေးပွဲတွင် လူ ၄၀ ကျော်တို့ သည် ဆွေးနွေးပွဲအစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မီးနင်းပွဲ၌ ပါဝင်ခဲ့ပြီးနောက် မီးလောင်ဒဏ်ရာများရရှိခဲ့သည်ဟု အမေရိကန် အရာရှိများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ ဒါးလက်စ်မြို့၌ ပြုလုပ်ခဲ့သော ‘အတွင်းအားကို ဖွင့်ထုတ်ပါ’ (Unleash the Power Within) ပွဲသို့ တက်ရောက်ခဲ့သူများက ၎င်းတို့၏ ခြေလက်များ မီးလောင်ခဲ့သည်ဟု ဇွန်လ ၂၃ ရက် ည ၁၁ နာရီတွင် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြောင်း ဒါးလက်စ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရသူ ဂျွန်ဆန်အီဗန်က ပြောသည်။ ပွဲတက်ရောက်သူ အများအပြားသည် မီးခဲများပေါ်မှ လမ်း လျှောက်ရန် တိုက်တွန်းခံရပြီးနောက် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု အီဗန်က ပြောသည်။
    ဆက်ဖတ် ရန် ...
  • အမေရိကန် ဦးဆောင်သည့် ဆီးရီးယား တော်လှန်ရေးတပ်များကို အိုင်အက်စ် တန်ပြန်တိုက်စစ်ဆင်
    အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ကို ဖိအားပေး တိုက်ခိုက်နေသည့် အမေရိကန် လိုလားသော တော်လှန်ရေး အင်အားစုများကို တန်ပြန်တိုက်စစ် အစပြု တုံ့ပြန်နေကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်နှင့်ရော၊ ဆီးရီးယားစစ်တပ်၏ ရန်သူဖြစ်သည့် အမေရိကန်ဦးဆောင်သော သူပုန်တပ်များနှင့်ပါ စစ်ခင်းနေရာ သုံးပွင့်ဆိုင် ပဋိပက္ခအသွင်ကို ဆောင်နေသည်။ မကြာသေးမီ လပိုင်းအတွင်း အမေရိကန် အထောက်အပံ့ပေးသည့် ဆီးရီးယား သူပုန်တပ်များက အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဇွန် ၂၀ တွင် ဆီးရီးယားပိုင် မန်းဘစ်ဂ်ျမြို့အနီး၌ အိုင်အက်စ်တို့၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ကြေညာခဲ့သည်။
    ဆက်ဖတ် ရန် ...
  • ဓါတ်ပုံသတင်း/အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် တိုရွန်တိုများအတွက်စုပေါင်းဝါဖြေပွဲကျင်းပနေပုံ။
    အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် ကနေဒါနိုင်ငံမှ တိုရွန်တိုများအတွက် လမြတ်ရမ်သွာန်တွင် ရိုဇာ ထားသူများစုပေါင်းဝါဖြေပွဲကျင်းပနေပုံ။
    ဆက်ဖတ် ရန် ...
  • ဆီးရီးယားကို တိုက်ရန် အမေရိကန် အစိုးရကို သံအရာရှိများ စုပေါင်းတောင်းဆို
    ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူတိုက်ခိုက်ပေးပါရန် အမေရိကန်သံအရာရှိ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလယ်အလတ်နှင့် အမြင့်ပိုင်းရာထူးအဆင့်ရှိသူ အရာရှိ ၅၁ ဦးက အမေရိကန်အစိုးရအနေဖြင့် သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူပေးရန် တိုက်တွန်းခဲ့ကြကြောင်း အတည်ပြုခဲ့သည်။ သမ္မတဘာရတ်အိုဘားမား လက်ရှိကျင့်သုံးနေသည့် ဆီးရီးယားမူဝါဒများသည် အာဏာရှင် အာဆတ်ကို ရာထူးဆက်မြဲနေစေရန် အထောက်အကူ ပေးသကဲ့သို့ ရှိနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အစိုးရ၏ မူဝါဒပိုင်းကို ပါဝင်အကြံပေးမှုမျိုးသည် အမေရိကန်တွင် ရှားပါးသော အခြေအနေမျိုး မဟုတ်ချေ။ သို့သော် အိမ်ဖြူတော်၏ ရပ်တည်မှုကို သံအရာရှိများ စုပေါင်းပြီး တိုက်ရိုက်ဆန့်ကျင်သည့် အနေအထားကမူ ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။
    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ လက်ဝှေ့အကျော်အမော် မိုဟာမက် အလီ၏ ဈာပနအခမ်းအနားကျင်းပ၊ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများ တက်ရောက်
    ဇွန် ၁၁ ။ ။ ကမ္ဘာ့လက်ဝှေ့လောကတွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၀ ရက်က ၎င်း၏ မွေးရပ်မြေ Louisville တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး၊ အားကစား နှင့် အနုပညာ စသည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါအ၀င် အလီ၏ မိသားစုဝင်များ၊ ပရိသတ်များက တက်ရောက်လာခဲ့ကြသည်။ အလီသည် ပါကင်ဆန်ရောဂါ ကာလကြာ ခံစားခဲ့ရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် လက်ဝှေ့ကျော် အလီမှာ အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နာမည်ကျော် ပုဂ္ဂိုလ်များ၊ လက်ဝှေ့ချစ် ပရိသတ်များနှင့် မိုဟာမက်အလီကို ချစ်ခင်အားပေးကြသူများက ဇွန်လ ၁၀ ရက်တွင် ၎င်း၏ ဇာတိမြေ Louisville တွင် စုဝေးရောက်ရှိခဲ့ကြပြီး ၎င်း၏ ဈာပနအခမ်းအနားကျင်းပသည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။
    ဆက်ဖတ် ရန် ...
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky