• အမေရိကန် ဦးဆောင်သည့် ဆီးရီးယား တော်လှန်ရေးတပ်များကို အိုင်အက်စ် တန်ပြန်တိုက်စစ်ဆင်

    အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ကို ဖိအားပေး တိုက်ခိုက်နေသည့် အမေရိကန် လိုလားသော တော်လှန်ရေး အင်အားစုများကို တန်ပြန်တိုက်စစ် အစပြု တုံ့ပြန်နေကြောင်း ဆီးရီးယား စစ်တပ်က ပြောကြားခဲ့သည်။ အိုင်အက်စ်သည် ဆီးရီးယားစစ်တပ်နှင့်ရော၊ ဆီးရီးယားစစ်တပ်၏ ရန်သူဖြစ်သည့် အမေရိကန်ဦးဆောင်သော သူပုန်တပ်များနှင့်ပါ စစ်ခင်းနေရာ သုံးပွင့်ဆိုင် ပဋိပက္ခအသွင်ကို ဆောင်နေသည်။ မကြာသေးမီ လပိုင်းအတွင်း အမေရိကန် အထောက်အပံ့ပေးသည့် ဆီးရီးယား သူပုန်တပ်များက အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပိုမိုထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ သို့သော် ဇွန် ၂၀ တွင် ဆီးရီးယားပိုင် မန်းဘစ်ဂ်ျမြို့အနီး၌ အိုင်အက်စ်တို့၏ မထင်မှတ်သော တန်ပြန်တိုက်စစ်ကြောင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း ဆီးရီးယားစစ်ဘက်က ကြေညာခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ဓါတ်ပုံသတင်း/အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် တိုရွန်တိုများအတွက်စုပေါင်းဝါဖြေပွဲကျင်းပနေပုံ။

    အစ္စလာမ်ဗဟိုအဖွဲ့ချုပ်ဟိုဒါတွင် ကနေဒါနိုင်ငံမှ တိုရွန်တိုများအတွက် လမြတ်ရမ်သွာန်တွင် ရိုဇာ ထားသူများစုပေါင်းဝါဖြေပွဲကျင်းပနေပုံ။

    ဆက်ဖတ် ရန် ...
  • ဆီးရီးယားကို တိုက်ရန် အမေရိကန် အစိုးရကို သံအရာရှိများ စုပေါင်းတောင်းဆို

    ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူတိုက်ခိုက်ပေးပါရန် အမေရိကန်သံအရာရှိ ၅၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလယ်အလတ်နှင့် အမြင့်ပိုင်းရာထူးအဆင့်ရှိသူ အရာရှိ ၅၁ ဦးက အမေရိကန်အစိုးရအနေဖြင့် သမ္မတ ဘာရှာအယ်လ် အာဆတ်၏ ဆီးရီးယားအစိုးရကို စစ်ရေးအရ အရေးယူပေးရန် တိုက်တွန်းခဲ့ကြကြောင်း အတည်ပြုခဲ့သည်။ သမ္မတဘာရတ်အိုဘားမား လက်ရှိကျင့်သုံးနေသည့် ဆီးရီးယားမူဝါဒများသည် အာဏာရှင် အာဆတ်ကို ရာထူးဆက်မြဲနေစေရန် အထောက်အကူ ပေးသကဲ့သို့ ရှိနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အစိုးရ၏ မူဝါဒပိုင်းကို ပါဝင်အကြံပေးမှုမျိုးသည် အမေရိကန်တွင် ရှားပါးသော အခြေအနေမျိုး မဟုတ်ချေ။ သို့သော် အိမ်ဖြူတော်၏ ရပ်တည်မှုကို သံအရာရှိများ စုပေါင်းပြီး တိုက်ရိုက်ဆန့်ကျင်သည့် အနေအထားကမူ ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ လက်ဝှေ့အကျော်အမော် မိုဟာမက် အလီ၏ ဈာပနအခမ်းအနားကျင်းပ၊ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများ တက်ရောက်

    ဇွန် ၁၁ ။ ။ ကမ္ဘာ့လက်ဝှေ့လောကတွင် အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် လက်ဝှေ့ကျော် မိုဟာမက် အလီ၏ ဈာပန အခမ်းအနားကို ဇွန်လ ၁၀ ရက်က ၎င်း၏ မွေးရပ်မြေ Louisville တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံရေး၊ အားကစား နှင့် အနုပညာ စသည့် နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပါအ၀င် အလီ၏ မိသားစုဝင်များ၊ ပရိသတ်များက တက်ရောက်လာခဲ့ကြသည်။ အလီသည် ပါကင်ဆန်ရောဂါ ကာလကြာ ခံစားခဲ့ရပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် လက်ဝှေ့ကျော် အလီမှာ အသက် ၇၄ နှစ် ရှိပြီဖြစ်သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နာမည်ကျော် ပုဂ္ဂိုလ်များ၊ လက်ဝှေ့ချစ် ပရိသတ်များနှင့် မိုဟာမက်အလီကို ချစ်ခင်အားပေးကြသူများက ဇွန်လ ၁၀ ရက်တွင် ၎င်း၏ ဇာတိမြေ Louisville တွင် စုဝေးရောက်ရှိခဲ့ကြပြီး ၎င်း၏ ဈာပနအခမ်းအနားကျင်းပသည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည်။

    ဆက်ဖတ် ရန် ...
  • တရုတ်ရေတပ်လှုပ်ရှားမှု အမေရိကန်စောင့်ကြည့်

    တရုတ်ရေတပ် ဖရီးဂိတ်ရေယာဉ်တစီးဟာ ဂျပန်နိုင်ငံက ထိန်းချုပ်တဲ့ ကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဂျပန်အစိုးရနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဇွန် ၉ ရက်နေ့ မနက် အရုဏ်မတက်ခင်က တရုတ်ဖရီးဂိတ်စစ်ရေယာဉ်ဟာ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ဆင်ကကုကျွန်းတွေအနီး ထိစပ်ဇုန်နားထိ ၀င်ရောက်လာပြီး ၂ နာရီနဲ့ မိနစ် ၂၀ ကြာ မောင်းနှင်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က်တွန်နာက ဒီဖြစ်ရပ်ကို ဂျပန်အစိုးရက အမေရိကန်အစိုးရကို အကြောင်းကြားတယ်လို့ မနေ့က ပြောပါတယ်။ မာ့က်တွန်နာက “ဒီလိုသတင်းတွေကြောင့် အမြဲတမ်း စိုရိမ်ပူပန်ရပါတယ်။ ဂျပန်အစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ်တိုင်ပင်သွားပါမယ်။ ဒီကျွန်းတွေဟာ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်-ဂျပန်လုံခြုံရေးစာချုပ်ရဲ့အ၀န်းအ၀ိုင်း အတွင်းမှာရှိတယ်” လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်၏ F-35 တိုက်လေယာဉ် နှစ်စင်း နယ်သာလန်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

    ဥရောပ လေကြောင်းပြပွဲတွင် ပွဲဦးထွက် မပြသမီ အမေရိကန်လုပ် F-35 တိုက်လေယာဉ် နှစ်စင်းသည် မေ ၂၃ ရက်က နယ်သာလန်သို့ ရောက်ရှိလာခဲ့သည်။ လော့ဟိမာတင် ကုမ္ပဏီက တည်ဆောက်သော ယင်းတိုက်လေယာဉ် နှစ်စင်းသည် လာမည့် နှစ် ၅၀ အတွင်း နယ်သာလန် တိုက်လေယာဉ် အုပ်စုတွင် အဓိက လေယာဉ်များ ဖြစ်လာမည် ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ကန်နိုင်ငံခြားရေးဝန်ကြီး ချီးကျူး

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက ပြုလုပ်နေသော နိုင်ငံအသွင်ကူးပြောင်းမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်ပြီး မိမိတို့အနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ထရမ့်သည် အမေရိကန် သမ္မတ ရာထူးအတွက် အရည်အချင်း ပြည့်မီသူ မဟုတ်ဟု ကလင်တန် ဝေဖန်

    ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသူ တစ်ဦးမဟုတ်ဟု ဟီလာရီ ကလင်တန်က တိုက်ခိုက် ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • တရုတ်တိုက်လေယာဉ်များ နှောင့်ယှက်ပျံသန်းမှုကို အမေရိကန် ဝေဖန်

    တောင်တရုတ်ပင်လယ်အထက်တွင် တရုတ်တိုက်လေယာဉ်များက အမေရိကန်ရေတပ်၏ ကင်းလှည့်လေယာဉ်တစ်စီးကို နှောင့်ယှက်ပျံသန်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်ဘက်က ဝေဖန်ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ဆက်ထားမယ့် အမေရိကန် ဆန်ရှင်က တချို့လွတ်ဖွယ်ရှိ

    အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဆက်လက်ထားရှိသွားရန် စီစဉ်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်လာရန် ရည်ရွယ်၍ အပြောင်းအလဲ အချို့ ပြုလုပ်သွားမည် ဖြစ် ကြောင်း အမေရိကန် အစိုးရနှင့် လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှာ လာမည့် အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဆက်ထားမယ့် အမေရိကန် ဆန်ရှင်က တချို့လွတ်ဖွယ်ရှိ

    အမေရိကန် နိုင်ငံက မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့ မှုများကို ဆက်လက်ထားရှိသွားရန် စီစဉ်နေ သော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်လာရန် ရည်ရွယ်၍ အပြောင်းအလဲ အချို့ ပြုလုပ်သွားမည် ဖြစ် ကြောင်း အမေရိကန် အစိုးရနှင့် လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှာ လာမည့် အပတ်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဗလီကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်သူ အမျိုးသားတစ်ဦးကို အမေရိကန်က ထောင်ချ

    ပဲရစ်မှာ နိုဝင်ဘာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး မကြာမီ ဗလီနှစ်လုံးကို ဗုံးခွဲကာ လာရောက်ဝတ်ပြုသူတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးကို ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက် အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးပါတီကို ခရစ်ယာန် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှုတ်ချ

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် လမ်းသူရဲဂိုဏ်းသား အယောက် ၁၂၀ ကို ဖမ်းဆီး

    အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး စီးနင်းမှုလို့ ယုံကြည်ရတဲ့ စီးနင်းမှုအတွင်း ဘရွန့်စ်မြို့မှာ လမ်းသရဲဂိုဏ်းသား အယောက် ၁၂၀ ကို ရဲက ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရှေ့နေ ပရိထ် ဘာရာရာက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • တိုင်းမ်မဂ္ဂဇင်းပါ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အိုဘားမား ရေးသား

    နာမည်ကြီး အမေရိကန် သတင်းမဂ္ဂဇင်း တိုင်းမ်တွင် ကမ္ဘာပေါ်ရှိ ဩဇာအရှိဆုံး လူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ဖော်ပြလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွက် ရွေးချယ်မှုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကာ အမေရိကန်သမ္မတ အိုဘားမားက ရေးသားပေးထားသည်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်ဟု သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှုကို ကြိုဆိုပြီးမြန်မာအစိုးရအား ဆက်လက်ကူညီ ပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတအိုဘားမားက ဒေါ်အောင် ဆန်းစုကြည်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ပြောကြားခဲ့သည် ဟု အမေရိကန်သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်က ဧပြီ ၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် အကြီးဆုံးဖြစ်မည့် ဗလီဝတ်ကျောင်းတော်ကို လာမည့်စနေနေ့တွင် ဖွင့်လှစ်မည်

    တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်မှာ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဗလီဝတ်ကျောင်းတော် တစ်လုံးကို လာမည့် စနေနေ့တွင် လာရောက်ဖွင့်လှစ်ပေးမည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • “အမေရိကန်သံအမတ်သစ် ရောက်ရှိ”

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည့် သံအမတ်အသစ် မစ္စတာစကော့မာစီရယ်လ်နှင့်ဇနီးတို့သည့် မြန်မာနိုင်ငံသို့ ယနေ့(မတ်လ ၂၅ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ယင်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

    ဆက်ဖတ် ရန် ...
  • အီရတ်ရှိ အိုင်အက်စ် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ချေမှုန်းရန် အမေရိကန် အထူးတပ်ဖွဲ့များ ပြင်ဆင်

    အမေရိကန် စစ်တပ်၏ Delta Force အထူးတပ်ဖွဲ့များသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အိုင်အက်စ်မှ ခေါင်းဆောင်ပိုင်းများကို သုတ်သင်ရန်၊ သို့မဟုတ် လက်ရဖမ်းဆီးရန် အီရတ်တွင် ကွန်မန်ဒိုဆန်ဆန် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လေ့ကျင့်ပြင်ဆင်မှုများ သီတင်းပတ် အတော်ကြာ လုပ်ဆောင်နေသည်။ ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များကို အမေရိကန် စစ်တပ်၏ အဆင့်အမြင့်ဆုံး ထိပ်သီးပိုင်းကသာ သိရှိပြီး အထူးလျှို့ဝှက် ပြင်ဆင်နေခြင်းဟု စစ်ဘက် တာဝန်ရှိသူ တစ်ဦးက CNNသို့ ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    နယူးယောက်မှာရှိတဲ့ ဘက်ဖလိုမွတ်စလင်အစည်းအရုံးက ဒေသခံမွတ်စလင်တွေရဲ့ အနုပညာလက်ရာများ ထုတ်ဖော်ပြသတဲ့ ပြပွဲတစ်ခုကို စနေနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    ဆက်ဖတ် ရန် ...
  • နယူးယောက်မွတ်စလင်များရဲ့ အနုပညာလက်ရာများ ခင်းကျင်းပြသ

    နယူးယောက်မှာရှိတဲ့ ဘက်ဖလိုမွတ်စလင်အစည်းအရုံးက ဒေသခံမွတ်စလင်တွေရဲ့ အနုပညာလက်ရာများ ထုတ်ဖော်ပြသတဲ့ ပြပွဲတစ်ခုကို စနေနေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    ဆက်ဖတ် ရန် ...
  • အစ္စလာမ် ဘာသာဝင်ကို အကြမ်းဖက်သမား ဟု ကြိုးကိုင်နေသူ ? / cartoon

    ကာတွန်းဆရာ၏ အနုပညာ လက်စွမ်း ကြောင့် အစ္စလာမ် ဘာသာဝင်ကို အကြမ်းဖက်သမား ဟု ကြိုးကိုင်နေသူ ကို ထင်ရှား စွာ သိမြင် နိုင်ပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် တက္ကသိုလ်တစ်ခု စာသင်ခန်းများထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြု

    အမေရိကန်နိုင်ငံ၊ အော်စတင်ရှိ တက္ကဆက်စ် တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြုပေးလိုက်ကြောင်း သိရှိရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ဘာလဲ ဘယ်လဲ

    အမေရိကန် သမ္မတ အိုဘားမားက အရှေ့တောင်အာရှနိုင်ငံက ခေါင်းဆောင်တွေကို ကယ်လီဖိုးနီးယားမှာ ခေါ်ယူတွေ့ဆုံပြီး ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံအများစုက အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေ အာဏာကို သိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ပြည်သူတွေ မရွေးချယ်ဘဲ အစိုးရလုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ လာအို၊ ဗီယက်နမ်လို ကွန်မြူနစ် အစိုးရတွေ အုပ်ချုပ်ကြီးစိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ အိုဘားမား တွေ့တာ မဖြစ်သင့်ဘူးလို့ ဝေဖန်တဲ့ အသံတွေ ထွက်နေပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် လေတပ် ဗိုလ်ချုပ် သတင်းစာ ရှင်းလင်းပွဲ တွင် သတိလစ်

    အမေရိကန် လေတပ် ဗိုလ်ချုပ် ဂျိမ်းစ်မာတနန် သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် လေတပ်အကြောင်း ရှင်းလင်းပြောကြားရင် သတိလစ်သွားပါတယ်။

    ဆက်ဖတ် ရန် ...
  • “ရှင်တို့ပေါ့ Deash (IS) ကို ဖန်တီးခဲ့တာ”

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလို ဂျန်တီလိုနီတို့ ဒီတစ်ပတ်အတွင်း ရောမမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပရိတ်သတ်ထဲက အီတလီအမျိုးသမီးတစ်ဦး ဟစ်အော် ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပြုလုပ်ခဲ့တာပါ။

    ဆက်ဖတ် ရန် ...
  • အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ မွတ်စလင်တွေက မဟာမိတ်တွေပါပဲ (အမေရိကန်ရှေ့နေချုပ်)

    ဆန်ဘာရ်နာဒီနိုက မသန်စွမ်းကုသရေး ဆေးခန်းတစ်ခုမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ခဲ့ခြင်းက အမေရိကန်တွေကို အစွန်းရောက်အောင်၊ အကြမ်းဖက်လုပ်ရပ်တွေကို အားကျလာအောင် လုပ်နေတဲ့ နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အန္တရာယ်အတွက် သတိပေးသံချောင်းခေါက်လိုက်တာပဲ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် မြို့တစ်မြို့တွင် ရဲဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူထုအား အစ္စလာမ့်အသိပညာပေးမှု ပြုလုပ်

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ရောင်းရော့ခ်မြို့တွင် ဥပဒေစိုးမိုးရေးဌာနနှင့် မွတ်စလင်အဖွဲ့အစည်းတို့ ပူးပေါင်း၍ အစ္စလာမ်ဘာသာတရားနှင့် မွတ်စလင်တို့၏ ဓလေ့ထုံးများကို လူထုအား အသိပညာပေးသည့် အစီအစဉ်ကို မကြာသေးမီက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

    အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ခန်ဟာ ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၈ ရက်ထိ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

    ဆက်ဖတ် ရန် ...
Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky