• လူသတ်သမားဝတ်စုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့

    Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန် လူသတ်သမားကိုသိကြ ပါလိမ့်မယ်။ မျက်နှာလုံးစွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး

    သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို ဒုတိယတခေါက် ရောက်လာတဲ့အခါ မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိမယ့် သဘောထားမူဝါဒ၊ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အပေါ် အမြင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း မရှိတာနဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပေးချင်တဲ့ သတင်းစကား၊ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားအလာအပေါ် အမြင်၊ အာရှ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံရဲ့ အလားအလာနဲ့ အမေရိကန် မူဝါဒ ဖြစ်နိုင်ခြေ စတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနအတွက် သီးသန့် အင်တာဗျူးကို အမေရိကန်၊ ဝါရှင်တန် ဒီစီ အခြေစိုက် သတင်းထောက် လာလစ် ကေ ဂျာ (Lalit K. Jha) က ဆက်သွယ် မေးမြန်း ပေးပို့ထားပါတယ်။

    ဆက်ဖတ် ရန် ...
  • အိုဘားမား ရန်ကုန်ရောက်သည်နှင့် အတွင်းဝန်ရုံးတန်းသွား၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

    အမေရိကန်သမ္မတ အိုဘားမားသည် ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသည်။ Air Force One လေယာဉ်ဖြင့် နေပြည်တော်မှ ရောက်ရှိလာသော အိုဘားမားသည် ရန်ကုန်လေဆိပ်မှတစ်ဆင့် အတွင်းဝန်ရုံး (၀န်ကြီးများရုံး)သို့ သွားရောက်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် ရောက်ရှိကာ မိနစ် ၂၀ ခန့် လေ့လာကြည့်ရှုပြီးနောက် ၁၁ နာရီ ၂၀ တွင် ပြန်လည်ထွက်ခွာသွားသည်။

    ဆက်ဖတ် ရန် ...
  • မိမိသာမြန်မာသမ္မတဖြစ်လျှင် ၂၀၁၅ ရွေးကောက်ပွဲနှင့် အခြေခံဥပဒေပြင်ဆင်ရန် ဦးစားပေးလုပ်မည်ဟု အိုဘားမား ဆို

    ကျွန်တော်သာဆိုရင် လုပ် ချင်တဲ့ကိစ္စကတော့ မြန်မာပြည် သူတိုင်းလိုလိုလည်း ပြောနေကြ တဲ့ကိစ္စပါ။ နံပါတ်တစ်က နောက် နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးရမယ်။ နံပါတ်နှစ်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ အရပ်သားအစိုးရစစ်စစ် ဖြစ်သွား စေဖို့အတွက် ဒီဖွဲ့စည်းပုံပြင်ဆင် ရေးကို လုပ်ပါမယ်။ နံပါတ်သုံး ကတော့ သတင်းစာလွတ်လပ်ခွင့် နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရလွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်’’ ဟု ၎င်းက ပြောသည်။

    ဆက်ဖတ် ရန် ...
  • နေပြည်တော်အတွက် အိုဘားမားသယ်လာမည့် သတင်းစကား

    အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိုဘားမား နေပြည်တော်သို့ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ် မြန်မာနိုင်ငံသို့ သမိုင်းဝင် ခြောက်နာရီကြာ ခရီးစဉ်အပြီး ဒုတိယအကြိမ်လာရောက်မည့် သမ္မတအိုဘားမား ပြုပြင်ပြောင်းလဲရေးကာလ မြန်မာနိုင်ငံအတွက် ဘယ်လိုမိန့်ခွန်းမျိုး သယ်ဆောင်လာမလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်လည်း ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်တွင် ခရီးသည်တင်ကား တိမ်းမှောက်

    အမေရိကန် ပြည်ထောင်စု အတ္တလန်တာမြို့ကနေ ချီကာဂိုမြို့ဆီကို ပြေးဆွဲတဲ့ ခရီးသည်တင်လိုင်းကား ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့အစောပိုင်းမှာ မတော်တဆ လမ်းချော်တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၆ ယောက် ဒဏ်ရာရသွားပါတယ်။

    ဆက်ဖတ် ရန် ...
  • ပြင်သစ်နှင့်အမေရိကန် ရထားလိုင်းများကို ဗုံးခွဲတိုက်ခိုက်ရန် အစ္စလာမ့်ခုတုံးလုပ် အဖျက်သမားများ အိုင်အက်စ် စီစဉ်ဟုဆို

    အစ္စလာမ်ခုတုံးလုပ် ဒါအေရှ်(ခ) သက္က်ဖီးရီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်နဲ့ အမေရိကန်နိုင်ငံရှိ မြို့ကြီးတွေက မြေအောက်ရထားလိုင်းတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်လို့ အီရတ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ ပြောဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • အီရတ်အရေး ကုလလုံခြုံရေးကောင်စီတွင် အမေရိကန် ဦးဆောင် ဆွေးနွေး

    ဒီအတောအတွင်းမှာ အမေရိကန်က အိုင်အက် ဆွန်နီ သူပုန်တွေကို တိုက်ခိုက်ဖို့ ကိစ္စ နိုင်ငံတကာ စစ်ရေး မဟာမိတ်နဲ့ နိုင်ငံရေးမဟာမိတ်၊ နိုင်ငံတကာ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ စည်းရုံးနေပါတယ်။ ဒါပေမယ့် အီရန် အကြီးအကဲ အယာတိုလာ အလီ ခါမေနာအီ က ဒီတပတ်အတွင်းမှာပဲ အိုင်အက် သူပုန်တွေကို နှိမ်နင်းရေးမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ ကိစ္စကို ပယ်ချထားပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒသစ် အလုပ်ဖြစ်ရဲ့လား ????

    မြန်မာကို ဖိအားပေးခြင်းထက် စိန်ခေါ်မှုများကို လက်တွဲကူညီခြင်းဖြင့် ရှေ့ဆက်သွားမည်ဟု မြန်မာ-အမေရိကန်ဆက်ဆံရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပုံဖော်ပြောကြားသွားပြီဖြစ်သည်။ ထို့အပြင် ကန်ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော်ပိုင်ဟိုတယ်တွင် ဂျွန်ကယ်ရီတည်းခိုခဲ့သည်။ ဂျွန်ကယ်ရီမတိုင်မီ လာရောက်ခဲ့သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်းနောစကီးနှင့် ကန်ပိတ်ဆို့စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေပုံများက ကမ္ဘာ့သတင်းမီဒီယာများတွင် ထိပ်တန်းရောက်သတင်းများ ဖြစ်ခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကိုမွေးတဲ့ မျောက်တွေ ကိုယ့်ကို ပြန် ကြောက်နေ ပါပြီး .....

    ကိုမွေးတဲ့ မျောက်တွေ ကိုယ့်ကို ပြန် ကြောက်နေ ပါပြီး ..... ဆိုသည့်အခြေအနေပြ သတင်းလေး တစ်ခု ဖြစ်ပါသည်။ အသေအချာဖတ်၍ စဉ်းစားအဖြေထုတ်သင့်ပေသည်။ ကိုမွေးတဲ့ မျောက်တွေ ကိုယ့်ကို ပြန် ကြောက်နေ ဆိုတာ ဟုတ်မဟုတ် နိုင်ငံရေး အသိပညာကျွမ်းကျင်သူများ နှင့် အမှန်တရားကို မြင့်တတ်သူ၊သိသူများ သိရှိနေပါသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်သမ္မတ အိုဘားမား ၏ထင်ရှားပြတ်သားနေသည့် မုသားများ

    အမေရိကန်သမ္မတ အိုဘားမားရန်ကုန်တက္ကသိုလ်တွင်ပြောကြားခဲ့သော စကားများမှ တစ်ချို့ ကောက်နှုတ်ချက်များကိုတင်ပြထားပြီး ၎င်းအနေဖြင့် မုသားဆိုခဲ့ကြောင်း အောက်ပါ စကားသက်သေအထောက်အထားများနှင့်တွဲဖက် လေ့လာ စေလိုပါသည်။

    ဆက်ဖတ် ရန် ...
  • ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    - အီရတ်နိုင်ငံ မြောက်ပိုင်းရှိ သေအချို့ကို သိမ်းပိုက်ထားသည့် ISIS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ရမည်လားဆိုသည်ကို အမေရိကန် အစိုးရအနေဖြင့် ချိန်ဆနေစဉ် ထိုအဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်က ဂျော်ဒန်တွင် အမေရိကန် စစ်တပ်ကပ် လေ့ကျင့်ပေးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာလေ၏။

    ဆက်ဖတ် ရန် ...
  • ဂါဇာထိုးစစ်ရပ်တန့်ရေး အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြ

    အစ္စရေး-ပါလက်စတိုင်းစစ်ပွဲကို ဆန့်ကျင်တဲ့ အကြီးဆုံးဆန္ဒပြပွဲတရပ်ကို ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့က ၀ါရှင်တန်ဒီစီ အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဘက်မှာ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်က ဂါဇာမှာ ထိုးစစ်ဆင်နေတဲ့ အစ္စရေးနိုင်ငံကို လက်နက်အင်အား နဲ့ ငွေအင် အားထောက်ပံ့နေ မှုတွေကို ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ဂါဇာထိုးစစ်ကိုလည်း ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ “လူမျိုးတုံးသတ်ဖြတ်မှုတွေကို ချက်ချင်းရပ်”၊ “ဂါဇာကို ဖွင့်ပေး” စတဲ့ ဆိုင်းဘုတ်တွေ၊ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတဦးက “အမေရိကန်က ဒီစစ်ပွဲကို ရပ်ဖို့ကျတော့ မကြိုးစားပဲ၊ ငွေတွေ၊ လက်နက်တွေ ပုံအောပေးနေတယ်။ ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတဲ့စစ်ပွဲကို ထောက်ခံ အားပေးနေတာပါ” လို့ ပြောဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

    သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ “ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အဝတ်လျှော်ပြီ မီးပူပါ တစ်ခါတည်း တိုက်ပေးတဲ့ စက်

    The Swash လို့ အမည်ရတဲ့ စက် ဖြစ်ပြီး အမေရိကန် အခြေဆိုက် Whirlpool နဲ့ P&G တို့မှ ထုတ်လုပ်ထားတဲ့ စက် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ မိမိ အိပ်ခန်းထဲမှာ ထားရှိနိုင်မယ့် ဗီရို ပုံစံ အဝတ်လျှော်ပြီး မီးပူ တိုက်ပေးမယ့် စက် ဖြစ်ပါတယ်။ ဒီအတွက် ရေလည်း မလုပ်အပ် ပါဘူး။ စက်ထဲကနေ အဝတ်ကို သန့်ရှင်းစေမယ့် အငွေ့ တစ်ခု ဖြန်းပတ်ပေးပြီး အဝတ်အစားကို အရောင်မလွင့်၊ မပျက်စီး စေပြီး မီးပူပါ တစ်ခါတည်း တိုက်ပြီးတဲ့ အဝတ်ကို ပေးမှာ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • စစ်မြေပြင်သုံး ခွေးစက်ရုပ်ကို အမေရိကန်တွင် ပထမဆုံးအကြိမ် ကွင်းဆင်း စမ်းသပ်

    အနာဂတ် အမေရိကန် စစ်တပ် များတွင် အသုံးပြုသွားရန် ရည်ရွယ်ထားသည့် ခွေးစက်ရုပ်ကို ပထမဆုံး အကြိမ် လက်တွေ့ ကွင်းဆင်း စမ်းသပ်နေကြောင်း သိရှိရသည်။ Legged Squad Support System ခေါ် ခြေလေး ချောင်းတပ် စက်ရုပ်ကို Google က တီထွင် ထားခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့များက ကူဂျိုဟု ချစ်စနိုးအမည် ပေးထားသည်။ အဆိုပါ စက်ရုပ်ကို (၅)နှစ်ကြာ အချိန်ယူ သုတေသနပြု ဖန်တီးထားခဲ့ပြီး ယခုအခါ ဟာဝိုင်ယီရှိ ကာဟူကူ စစ်ရေးလေ့ကျင့်မှု ဧရိယာတွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်လျက် ရှိသည်။ ကြီးမားသော ခွေးကြီးတစ်ကောင်နှင့် သဏ္ဍန်တူသည့် ကူဂျိုသည် ပေါင်ချိန်(၄၀၀)မျှ အလေးချိန်ရှိသော လက်နက်ခဲယမ်းများ၊ အခြားသော စစ်ဘက်သုံး ပစ္စည်းများကို သယ်ပိုးကာ မရိန်း တပ်ဖွဲ့များနှင့် ထပ်ကြပ်မကွာ လိုက်ပါနိုင်သည်။ ကူဂျိုသည် ကြမ်းတမ်းပြီး ပြေပြစ်မှု မရှိသည့် မြေမျက်နှာပြင်များတွင်ပင် ခရီးတွင်စွာ သွားလာနိုင်အောင် ဒီဇိုင်းတည် ဆောက်ထားသည်။

    ဆက်ဖတ် ရန် ...
  • မိုးကြိုး အပစ်ခံရပေမယ့် အသက်ရှင်ခဲ့တဲ့ သားအမိ

    ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက သူ့အလိုအလျောက် ဆံပင် ထောင်နေခြင်း ဖြစ် ပါတယ်။ ယမန်နှစ် ဇူလိုင်လက မိခင် ဖြစ်သူဟာ သမီးငယ်ကို ကိုယ်ဝန် လွယ်ထားစဉ် အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီမြို့မှာ မိုးကြိုး အပစ်ခံရ ပါတယ်။ နေ့ခင်း မိုးကြီး မုန်တိုင်း တိုက်နေချိန် အပြင်မှာ ရှိနေတဲ့ ကိုယ်ဝန်သည်ကို မိုးကြိုး ပစ်ခဲ့ ပါတယ်။ ကံကောင်းထောက်မ စွာပဲ သူမဟာ အသက်ရှင်ခဲ့ ပါတယ်။ နောက်ထပ် ကြီးမားတဲ့ ကံကတော့ သူမ လွယ်ထားတဲ့ ကိုယ်ဝန် ထဲက ကလေးငယ်ဟာ လည်း အသက်ရှင်ခဲ့ ပါတယ်။ မွေးဖွား ပြီးတော့ ယနေ့ အချိန် အထိ ထူးခြား တာ ကတော့ ပုံမှာ မြင်တွေ့ ရသလိုပဲ ဆံပင်ထောင်နေခြင်း ဖြစ် ပါတယ်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ဖလားပြိုင်ပွဲ ဒါဝဟ် လှုပ်ရှားမှုအတွင်း အစ္စလာမ်ကို လက်ခံသူ ၁၉ ဦးအထိ ရှိလာ

    - ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးလ်ရှိ အစ္စလာမ်အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သော အစ္စလာမ် သာသနာအား မိတ်ဆက်ခြင်း (ဒါဝဟ်) လှုပ်ရှားမှုကြောင့် အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ခဲ့သည့် ဘောလုံးပရိတ်သတ် အရေအတွက်မှာ ၁၉ ဦးအထိ ရှိလာခဲ့ပြီဟု သိရသည်။ အဆိုပါ ဒါဝဟ်လှုပ်ရှားမှုကို အစ္စလာမ့်ရေးရာနှင့် ရှေ့ဆောင်အီမာန်များ ကောင်စီဌာနချုပ်မှ ပြုလုပ်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၃ ရက်အတွင်း ဗြိတိန်၊ စပိန်နှင့် ဘရာဇီးလ်တို့မှ ဘောလုံးပရိတ်သတ် ၃ ဦး အစ္စလာမ်ကို လက်ခံလာခဲ့ပြီးနောက် အစ္စလာမ်သို့ သက်ဝင်လာသည့် အရေအတွက်မှာ ၁၉ ဦး အထိရှိလာခဲ့ခြင်းဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ဘရာဇီးတွင် ခုံးကျော်တံတား ပြိုကျ၊ ၂ ဦးသေဆုံး

    ဘရာဇီးကမ္ဘာ့ဖလား လက်ခံကျင်းပတဲ့ မြို့တွေထဲက တခုဖြစ်တဲ့ ဘယ်လို ဟောရီဇွန်တဲမှာ ဆောက်လုပ်ရေး အဆုံးမသတ်သေးတဲ့ ခုံးကျော်တံတားတခုပြိုကျခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ မီနဲရိုး ကစားကွင်းနဲ့ ဆက်သွယ်ထားတဲ့ ၂ မိုင်အရှည်ရှိတဲ့ အမြန်လမ်းဟာ မြေပြင် မှာ သွားလာနေ တဲ့ မော်တော် ယာဉ်တွေအပေါ် ပြိုကျခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားတစီး ထိခိုက်ခဲ့ပြီး နောက်ထပ်ကားတစီးကတော့ အပျက်အစီးတွေကြားမှာ အတော်ကြာကြာပိတ်မိနေခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ကနေဒါ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား ဖမ်းမိပြီဟုဆို

    သေနတ်ကိုင်ဆောင်မှုဥပဒေ တင်းကျပ်တဲ့ ကနေဒါနိုင်ငံမှာ အခုလို ရဲတပ်ဖွဲ့တွေအပေါ် ပစ်ခတ်မှုမျိုးဟာ ရှားရှားပါးပါး ဖြစ်ပွားတာ ဖြစ်ပြီး အခု ပစ်ခတ်မှုဟာ ကနေဒါနိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • ကလေးများဖြင့် အပြာကားရိုက်သည့် ဟု သံသယရှိသူ ဂျူးဘုန်းကြီး အပါအဝင် လူ ၇၁ ဦး နယူးယောက်ရဲ ဖမ်းဆီး၊

    ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဗီဒီယို၊ ဓာတ်ပုံများကို ထုတ်လုပ်ဖြန့်ဝေသည့် ဂိုဏ်းတစ်ခုအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး အတွင်း လူပေါင်း ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲတွင် ရဲအရာရှိ၊ ဂျူးဘုန်းကြီး၊ သူနာပြုများ ပါဝင်သည်ဟု နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်က မြန်မာအပေါ် ကျန်ရှိနေသေးသော စီးပွားရေးပိတ်ဆို့မှု အချို့ကို သက်တမ်းထပ်တိုး

    မြန်မာနိုင်ငံ အပေါ်အမေရိကန် ပြည်ထောင်စုက ပိတ် ဆို့ထား ဆဲဖြစ်သော စီးပွားရေး ပိတ်ဆို့မှု အချို့ကို သမ္မတအိုဘား မားက ကြာသပတေးနေ့ (မေလ ၁၅ ရက်)တွင် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့် လိုက်သည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန် မှာ ဆေးခြောက် တရားဝင်ရောင်းချသုံးစွဲ ခွင့်ပြု

    အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းကက Colorado ပြည်နယ် မှာ ဆေးခြောက်ကို တရားဝင် ရောင်းချခွင့်၊ ဝယ်ယူ သုံးစွဲခွင့် ပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကမှာ အမြင့်ဆုံး ဈေးနဲ့ ရောင်းချခဲ့တဲ့ အိမ်

    ပုံမှာ မြင်တွေ့ နေရတဲ့ အိမ် တစ်လုံး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ Greenwich မြို့ နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ ရောင်းချစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရှိတာ ကြောင့် အမေရိက မှာ ဈေးအကြီးဆုံးနဲ့ ရောင်းချ ခဲ့ရတဲ့ အိမ် အဖြစ် စံချိန် တင်သွား ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဟန်ဆောင်မှု အပြည့် နှင့် ကမ္ဘာ့ ကိစ္စ မှန်သမျှ ကို ဝင်ရှုပ်ပြီး လူ့အခွင့်အရေး၊ဒီမိုကရေစီ အမည် ဖြင့် အလွဲသုံးစား လုပ်နေသည့် အမေရိကန်

    ဟန်ဆောင်မှု အပြည့် နှင့် ကမ္ဘာ့ ကိစ္စ မှန်သမျှ ကိုဝင်ရှုပ်၊ဆရာကြီးလုပ်ကာ လူ့အခွင့်အရေး၊ဒီမိုကရေစီ အမည် ဖြင့် အလွဲသုံးစား လုပ်နေသည့် အမေရိကန် မွေး တပည့်များ၏ နောက်ဆုံး ရလာဒ် ကို အထင်အရှား ပြသထား သည့် ဓာတ်ပုံ တစ်ပုံ ဖြစ်ပါသည်။တရားမျှတမျှ နှင့် အမှန်တရား ကို လက်ခံသူတိုင်း ၊ဖက်တော်သားတိုင်း ငြင်းမရသည့်အမှန်တရားတစ်ခု ဖြစ်ပါသည်။

    ဆက်ဖတ် ရန် ...
  • လူ နှစ်သောင်းကျော် ပါဝင်သော မွတ်စလင် ညီလာခံ တစ်ခု ကနေဒါတွင် ကျင်းပပြီးစီး

    ကနေဒါမွတ်စလင်များမှ ဦးဆောင်၍ Reviving Islamic Spirit ခေါင်းစဉ်ဖြင့် ညီလာခံတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြီးခဲ့သည့် သောကြာနေ့မှစ၍ တနင်္ဂနွေနေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • ကနေဒါမှ မွတ်စလင် ရဲမေများ ဟိဂျာ့ဗ် (ခေါင်းခြုံပုဝါ) ဆောင်းခွင့် ရရှိတော့မည်

    ယခုအခါ ကနေဒါနိုင်ငံ၊ အယ်ဘာတာ Alberta မှ အက်ဒ်မွန်တန် Edmoton ရှိ မွတ်စလင် ရဲမေများအား ယူနီဖောင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဟိဂျာ့ဗ်(အစ္စလာမ့် အမျိုးသမီး ခေါင်းခြုံပုဝါ)အား ဆင်ယင် ခွင့်ပြုတော့မည် ဖြစ်သည်။

    ဆက်ဖတ် ရန် ...
Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky