• နီပေါတွင် ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး လူ ၅၃ ဦး သေဆုံး

    နီပေါနိုင်ငံမှာ မိုးသည်းထန်ပြီးနောက် ရေကြီး မြေပြိုမှုတွေဖြစ်ပြီး အနည်းဆုံး လူ ၅၃ ယောက် သေဆုံးသွားတယ်လို့ အစိုးရက သြဂုတ်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း နိုင်ငံ အစွန်အဖျား ဒေသတွေမှာ သဘာဝကပ်ဘေးနဲ့ ကြုံနေရတာပါ။

    ဆက်ဖတ် ရန် ...
  • အီရန် သမ္မတ နှင့် အပြည်ပြည်ဆိုင်ရာ နျူးကလီးယားအဖွဲ့ ဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေး

    ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ရူဟာနီ နှင့် အပြည်ပြည်ဆိုင်ရာ နျူးကလီးယားအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ယူကီယာ အာမာနူ တို့ ယနေ့ တီဟီရန် မြို့ တော်တွင်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်ဗိုလ်ချုပ် လုပ်ကြံပစ်ခတ်ခံရမှုကြောင့် သေဆုံး

    အာဖဂန်နစ္စတန်မှာ အာဖဂန်စစ်သားလို့ ယူဆရသူတဦးက လုပ်ကြံပစ်ခတ်ခဲ့လို့ အမေရိကန်ဗိုလ်ချုပ် ၁ ဦး သေဆုံးခဲ့ပြီး ဂျာမန်ဗိုလ်ချုပ် ၁ ဦးနဲ့ နေတိုး စစ်မဟာမိတ်အဖွဲ့က တပ်သား ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ အာဖဂန်အရာရှိတွေက သြဂုတ် ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ လုပ်ကြံခံလိုက်ရတဲ့ အမေရိကန်ဗိုလ်ချုပ်ဟာ ဟာရိုဒ်ဂရင်းနီ ဖြစ် ပြီး နိုင်ငံတကာ စစ်ဗျူဟာ (အိုင်အက်စ်အေအက်ဖ်) မှာ အကြီးတန်းအရာရှိ တဦးဖြစ်တယ်လို့ အမေရိကန်မီဒီ ယာတွေက အစီရင်ခံပါတယ်။

    ဆက်ဖတ် ရန် ...
  • တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အင်အားပြင်း ငလျင်လှုပ်၊ လူ ၄၀၀ ခန့် သေဆုံး

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ သြဂုတ် ညနေ ၄ နာရီခွဲက အင်အား ၆.၅ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့ တာကြောင့် လူအနည်းဆုံး ၃၈၁ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။ ယူနန်ပြည် နယ် ဇောင်တောင် (Zhaotong) မြို့အောက် ၆ မိုင်မှာအနက်မှာ ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့ တာလို့ အမေရိ ကန်မြေငလျင် တိုင်းတာရေးက ဆိုပါတယ်။ ဒီနေ့မှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အပူတပြင်းလုပ်ဆောင်နေကြပြီး တရုတ်စစ်သား ၂၅၀၀ ကျော်၊ ဒေသတွင်း မီးသတ်သမား ၉၀၀ ကျော်၊ မီးသတ်ကား ၁၄၁ စီး၊ အသက်ကယ်စုံစမ်းရေး ခေတ်မီကိရိယာတွေ၊ အနံ့ခံခွေးတွေနဲ့ ရှာဖွေနေကြပါတယ်။

    ဆက်ဖတ် ရန် ...
  • ထိုင်းအငှားကိုယ်ဝန်ဆောင် မွေးပေးခဲ့သည့်ကလေး ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းမှုကြောင့် မိဘအရင်းက စွန့်ပစ်

    ကိုယ်ဝန်လေးလမှာ အမွှာနှစ်ယောက်ထဲက ယောင်္ကျားလေးမှာ ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတဲ့ ရောဂါလက္ခဏာကို ဆရာဝန်တွေက စတင်တွေ့ရှိခဲ့ပါတယ်။ မနှစ် ဒီဇင်ဘာမှာ မီးဖွားတဲ့အခါမှာ သြစတြေးလျ ဇနီးမောင်နှံက သားဖြစ်တဲ့ ဂမ်မီကို ပစ်ထားခဲ့ပြီး ကျန်းမာတဲ့ သမီးကိုပဲ ယူသွားတယ်လို့ အငှားကိုယ်ဝန်ဆောင်တဲ့ ထိုင်းမိခင်က ပြောပြပါတယ်။ “ဒီကိစ္စက လူကြီးတွေရဲ့ အမှားပါ။ ကလေးက ဘာမှ နားမလည်ဘဲနဲ့ ဒုက္ခခံရတယ်။

    ဆက်ဖတ် ရန် ...
  • ထိုင်းတွင် အမျိုးသမီးနှင့် ခလေးတွေသာ စီနင်းခွင့်ရမည့် ရထားတွဲ စတင်ပြေးဆွဲ

    ထိုင်းရထားပို့ဆောင်ရေးလုပ်ငန်းက သောကြာနေ့က စတင်ပြီး အမျိုးသမီးတွေ နဲ့ ခလေးတွေပဲ လိုက်ပါစီးနင်းရမယ့် ရထားတွဲတတွဲကို ပုံမှန်ရထားတွေမှာ ပထမဆုံး စီစဉ်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက အသက် ၁၃ နှစ်အရွယ် မိန်းခလေးတဦး ညရထားပေါ်မှာ တွဲသန့်ရှင်းရေးရဲ့ အဓမ္မပြုကျင့်ပြီး ရထားပေါ်ကနေပစ်ချသေဆုံးခဲ့ပြီး အခုလို စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ရထားတွဲကို ပန်းရောင်ဆေးသုတ်ထားပြီး တွဲတံခါးမှာလည်း အမျိုးသမီးများနဲ့ ခလေးများသာ လို့ ရေးသားထားပါတယ်။ ရထားတွဲကိုလည်း အမျိုးသမီးတွဲလုံခြုံရေးတွေ နဲ့ တွဲဝန်ထမ်းတွေကိုပဲ ခန့်ထားပါတယ်။

    ဆက်ဖတ် ရန် ...
  • မလေးရှားတွင် မြန်မာတဦး အကြမ်းဖက် တိုက်ခိုက်ခံရ

    မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူနားက ကပုန်းမြိုနယ်မှာ မြန်မာနိုင်ငံသားတဦး ဇူလိုင် ၃၀ ရက်နေ့ညက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံသား ဦးထွန်းအောင်ဆိုသူဟာ အလုပ်ကနေအပြန် ကပုန်းမြို့နယ် တလာအံဘုန်းလမ်းမှာ ဆိုင်ကယ်စီးလူ ၄ ဦးကနေပြီး တိုက်ခိုက်ခဲ့တာလို့ ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။ “၃၀ ရက်နေ့ည ၁၁ နာရီခွဲလောက် အလုပ်ပြီးတဲ့အချိန်မှာ အိမ်ကို ပြန်တယ်။ အိမ်ကိုအပြန် လမ်းမှာ ပြန်နေစဉ်မှာ လူ ၄ ယောက် ဆိုင်ကယ် ၄ စင်းနဲ့ လိုက်လာတယ်။ သူ့ကိုဝိုင်းတယ်။ သူ့လည်ပင်းကို ဓားနဲ့ခုတ်တယ်။ သူက ရှောင်လိုက်တဲ့အခါမှာ နဖူးခုတ်မိတယ်။ နောက် ၁ ယောက်က ဆိုင်ကယ်မှာ အသင့်ပါလာတဲ့ တုတ်နဲ့ ရိုက်လိုက်လို့ နောက်စိ ထိသွားတယ်။ နောက် နီးစပ်ရာမှာ ရှိတဲ့ နိုင်ငံသားတွေ ပြေးလာတော့ သူတို့ ကြောက်ပြီး ထွက်ပြေးသွားတယ်။

    ဆက်ဖတ် ရန် ...
  • ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ သေဆုံးသူ ၂၄ ဦး ရှိပြီ

    ထိုင်ဝမ် ဂေါင်ရှောင်းမြို့မှာ မနေ့ညက ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၄ ဦး ရှိသွားပြီဖြစ်ပါတယ်။ နောက်ထပ်ပေါက်ပွဲ မှုတွေ ဖြစ်နိုင်သေး တာကြောင့် ဓာတ်ငွေ့ယိုစိမ့်နိုင် တဲ့နေရာတွေကို ဒီနေ့အထိ လိုက်လံရှာဖွေနေ ဆဲဖြစ်ပြီး ပေါက်ကွဲမှု အတွင်း ပိတ်မိနေသူတွေကိုလည်း လိုက်လံရှာဖွေနေကြပါ တယ်။ လူ ၁၀၀၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်ကိုင်နေကြပါတယ်။ ဒဏ်ရာရသူ အနည်းဆုံး ၂၇၁ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၃ ကီလိုမီတာပတ်လည် အကျယ်အ၀န်း မှာ ပေါက်ကွဲ မှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေး တယ်လို့ ထိုင်ဝမ်အာဏာ ပိုင်တွေ က ပြောဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • အိန္ဒိယက ခေါင်းကြီးတဲ့ ကလေး ခေါင်းပြန်သေး

    ခွဲစိတ်ထားပေမယ့် အချိန်မရွေး ပြန်ကြီးထွား တတ်သေးတာကြောင့် အမြစ်ပါ ရှင်းပြတ်အောင် ကုသဖို့ ကြိုးပမ်းလျက် ရှိကြကြောင်း သိရ ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဒရယ်ကို မြိုတဲ့ အိန္ဒိယ စပါးအုံ မြွေ

    အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်ရှိ Billa ရွာငယ်လေး မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ အန္ဒိယ ကျောက်တောင်နေ စပါးအုံမြွေ အမျိုးအစား ဟာ ဒရယ်ငယ် တစ်ကောင်ကို မြိုလျက် ရှိပါတယ်။ ဒရယ် တစ်ကောင်လုံးကို မြိုနိုင်စွမ်း ရှိလောက်အောင် ကြီးမားတဲ့ ယင်း စပါးအုံ မြွေဟာ ကိုးပေ ဝန်းကျန်လောက် ရှိပါတယ်။ အကောင်ကို အရင်ဆုံး အရိုးချေ ပြီးမှ မြိုတာပါ။ မြိုလို့ တစ်ဝက်တစ်ပျက် ဝင်နေချိန်မှ ရွာသားတို့ တွေ့ခဲ့ပြီး ကယ်ဆယ် ခဲ့ရာ ဒယ်ရဲ့ အသက်တော့ မမှီတော့ ပါဘူး။ အရိုးကြေနေတဲ့ ဒရယ်သာ တွေ့ရ ပါတော့တယ်။

    ဆက်ဖတ် ရန် ...
  • ထိုင်ဝမ် ခရီးသည်လေယာဉ် ပျက်ကျ၊ ၄၈ ဦး သေဆုံး

    ထိုင်ဝမ်တောင်ပိုင်း ကောင်းဆန်း (Kaohsiung) မြို့ကနေ အနောက်ဘက်က ဖိန်ဟူကျွန်း (Penghu)ကို ပျံသန်းစဉ် ရာသီဥတု ဆိုးဝါးပြီး ကျွန်းပေါ်က လူနေအိမ်တွေပေါ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်ထွက်ခွာချိန်ထက် နောက်ကျပြီး ထွက်ခွာခဲ့တယ်လို့ အသက်မသေ လွတ်မြောက်ခဲ့သူခရီးသည်တဦးက ဆိုပါတယ်။ အရေးပေါ်ဆင်းဖို့ ကြိုးစားရင်း လူနေအိမ်တွေပေါ် လေယာဉ်ဆင်းသက်ခဲ့ကြောင်း၊ ခရီးသည် ၅၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး စုစုပေါင်း ၅၈ ဦး လိုက်ပါခဲ့ကြပြီး ၄၈ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖိန်ဟူမြို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • ဒူဘိုင်းမှာလည်း ဆီလီကွန် ပန်းခြံ ဆောက်ပြီ

    Silicon Park လို့ အမည်ရတဲ့ ဥယျာဉ် အိမ်ရာ တစ်ခုကို ဒူဘိုင်းမှ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် အကုန်ကျခံမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ရှိတဲ့ ဆီလီကွန် တောင်ကြား ကတော့ ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္ပဏီများ စုဝေးရာ နေရာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ဆောက်မယ့် ပန်းခြံ အိမ်ရာ ကတော့ ကမ္ဘာ့ စမတ်အကျဆုံး မြို့တော် ဖြစ် ဒူဘိုင်းကို စံချိန် မှတ်တမ်း တင်စေဖို့ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • အာဖဂန်နစ္စတန် ဈေးတခုတွင် ကားဗုံးခွဲ၊ ၈၉ ဦး သေဆုံး

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။ အာဖဂန်နိုင်ငံတွင်းမှာတော့ တာလီဘန်တွေက နှောင့်ယှက်မယ်လို့ ကတိပြုထားတဲ့ သမ္မတရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ဖြစ်နေလို့ မဲတွေကို ပြန်ရေတွက်နေရပါတယ်။ စစ်ဖြစ်မှု အရှိန်မြင့်လာလို့ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အရပ်သား သေဆုံးနှုန်း ၄ ပုံ ၁ ပုံထိ ပိုမြင့်လာတယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ပြောခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • မြောက်ကိုးရီးယား၏ စစ်ရေးလေ့ကျင့်မှု အတွင်း တောင်ကိုရိးယား ရေပိုင်နက်သို့ ဒုံးကျည် ၁၀၀ ကျော်ပစ်လွှတ်

    အငြင်းပွားဖွယ် ရေပိုင်နက်အနီး မြောက်ကိုရီးယားက ယနေ့တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင်မှုအတွင်း ဒုံးကျည်ပေါင်း ၁၀၀ ကျော်ကို တောင်ကိုရီးယား ရေပိုင်နက် အနီး ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့သည်ဟု သိရသည်။ ကိုရီးယားကျွန်းဆွယ် စစ်မဲ့ဇုန်၏ အရှေ့စွန်းတွင် ယနေ့နေ့လည်မတိုင်ခင် ပြုလုပ်ခဲ့သည့် အဆိုပါ မြေပြင်စစ်ရေးလေ့ကျင့်မှုမှာ မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး ထိုလေ့ကျင့်မှုမှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်များမှာ ကီလိုမီတာ ၅၀ (မိုင် ၃၀) အထိ ရောက်ရှိနိုင်သော ဒုံးကျည်များဖြစ်သည်။ တောင်ကိုရီးယားကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူကမူ မည်သည့် ဒုံးကျည်မှ မိမိတို့ ရေပိုင်နက်အတွင်းသို့ ကျရောက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယားမှာ ယမန်နေ့ကလည်း ဂျပန်ပင်လယ်ပြင်သို့ စကဒ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့သေးသည

    ဆက်ဖတ် ရန် ...
  • အပစ်အခတ်ရပ်စဲရေး အီဂျစ်ကြားဝင် ကမ်းလှမ်းမှုအား အစ္စရေးသဘောတူ ၊ ဟားမက်စ် လက်မခံ

    ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါကမ်းလှမ်းမှုအား ကတ်ဘိနတ်က သဘောတူခဲ့ပြီးနောက် ဒေသစံတော်ချိန် ယနေ့ နံနက် ၉ နာရီတွင် အပစ်ရပ်ရေး စတင်သက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် ဟားမက်စ်အဖွဲ့ကမူ ထိုအပစ်ရပ်ရေး ကမ်းလှမ်းမှုအား လက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ နေတန်ယာဟုကမူ ဟားမက်စ်အနေဖြင့် ထိုကမ်းလှမ်းမှုအား လက်မခံပါက စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ထိုင်း စစ်အာဏာသိမ်းမှု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးမွမ်း

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ချစ်ကြည်ရေး ခရီး ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုင်းဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ၀ိုရာပေါင် က လေဆိပ်တွင် ကြိုဆိုရေး အခမ်း အနားနှင့်တကွ ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့သည်။

    ဆက်ဖတ် ရန် ...
  • သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်း ကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်

    သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်က အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

    ဆက်ဖတ် ရန် ...
  • ရွေးကောက်ပွဲမဝင်ရဘဲ ခန့်အပ်ကိုယ်စားလှယ်များကို လွှတ်တော်တွင် မဲပေးဆုံးဖြတ်ခွင့်များ မပေးရန် ဒေါ်စုပြော

    တပ်မတော်ကို မုန်းတီးလို့ ၄၃၆ကို ပြင်ချင်တာမဟုက်ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ မယူထားသင့်တဲ့ အခွင့်အရေးကို မယူစေချင်လို့။ တစ်နည်းအားဖြင့် တပ်မတော်ရဲ့ သိက္ခာကို ငဲ့ပြီးတော့ ကျွန်မတို့ ပြုပြင်ပြောင်းလဲချင်တာဖြစ်ပါတယ်လို့ ကျွန်မတို့ပြောချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    ဆက်ဖတ် ရန် ...
  • ပုဒ်မ ၄၃၆ပြင်ဆင်ရေး တောင်ကြီးတွင် ကားဖြင့်လှည့်လည် လက်မှတ်ကောက်ယူ

    ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် တောင်ကြီးမြို့တွင်း ကားဖြင့် လှည့်လည်ကာ လက်မှတ်ကောက်ခံမှုကို ဇွန်လ ၂၃ရက်တွင် စတင်နေပြီဟု တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးခွန်သန်းလွင်က မဇ္ဈိမကို ပြောသည်။

    ဆက်ဖတ် ရန် ...
  • မဟနကို မဘသ ဝေဖန်မည် မဟုတ်

    အမျိုး၊ ဘာသာ သာသနာ စောင့်ရှောက်ရေး( မဘသ ) အဖွဲ့(ဗဟို) အနေဖြင့် သံဃမဟာနာယက အဖွဲ့( မဟန ) ၏ သြ ၀ါဒကို ခံယူထားပြီးဖြစ်သည့်အတွက် မဟနအဖွဲ့နှင့် ပတ်သက်ပြီး ဝေဖန်ခြင်း၊ ထောက်ခံခြင်းမျိုးလုံးဝ ပြုလုပ်သွားမည် မဟုတ်ကြောင်း မဘသအဖွဲ့က တရားဝင်ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ

    မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတဲ့ မြန်မာအပါအ၀င် နိုင်ငံတကာ အလုပ်သမားသစ်တွေကို သက်ဆိုင်ရာအလုပ်ရှင်က ၂၄ နာရီအတွင်း လာရောက် ခေါ်ယူရမှာ ဖြစ်ပြီး လာမခေါ်တဲ့သူတွေကို တင်ဆောင်ခဲ့တဲ့ လေကြောင်းလိုင်းနဲ့ သက်ဆိုင်ရာ နိုင်ငံ ပြန်ပို့မယ်လို့ မလေးရှားအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။

    ဆက်ဖတ် ရန် ...
  • အာဖရန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ မဲပေးခဲ့တဲ့ လူ ၁၁ ဦးကို တာလီဘန်တွေ လက်ချောင်းဖြတ်

    အာဖရန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး အိမ်ပြန်သွားတဲ့ လူ ၁၁ ယောက်ကို တာလီဘန်တွေက ဖမ်းဆီးပြီး လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ထိုင်းနိုင်ငံတွင်း တရားမ၀င် နေထိုင်သူများ ဖမ်းဆီးမှုတွင် မြန်မာ အများဆုံးပါဝင်

    ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း တရားမ၀င် နေထိုင်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံသားများအား ဖမ်းဆီးလျက်ရှိရာ အဖမ်းခံရသူ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် လက်မှတ်

    ၂ ယောက်အိပ်ခန်း၊ ၁ ယောက်အိပ်ခန်း အစရှိသဖြင့်တို့ ပါဝင်ပြီး ဈေးနှုန်းက ကန်ဒေါ်လာ ၂၁၀၀၀ (၂သောင်း၁ထောင်) ကနေ အစားစား များ သွားခြင်း ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း နှစ်ရာ ကျော် ပါပဲ။ ကား ကောင်း တစ်စီး ဝန်လို့ရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ ခရီးစဉ် ဖြစ်နေတော့ ကမ္ဘာ့ လူချမ်းသာ များအတွက်သာ ရည်ရွယ်ထားတဲ့ လေယာဉ် ခရီးသည် လက်မှတ် ဖြစ်ကြောင်း သိရပါတယ်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်က မြန်မာအပေါ် ကျန်ရှိနေသေးသော စီးပွားရေးပိတ်ဆို့မှု အချို့ကို သက်တမ်းထပ်တိုး

    မြန်မာနိုင်ငံ အပေါ်အမေရိကန် ပြည်ထောင်စုက ပိတ် ဆို့ထား ဆဲဖြစ်သော စီးပွားရေး ပိတ်ဆို့မှု အချို့ကို သမ္မတအိုဘား မားက ကြာသပတေးနေ့ (မေလ ၁၅ ရက်)တွင် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့် လိုက်သည်။

    ဆက်ဖတ် ရန် ...
  • ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကြီး (ရန်ကုန်)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းပြီးဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ (ရန်ကုန်တိုင်း) အား ဗဟန်းမြိုနယ် ဗိုလ်စိန်မှန်ကွင်းတွင်ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၈: ၃၀ နာရီက ကျင်းပခဲ့သည်။

    ဆက်ဖတ် ရန် ...
  • မြန်မာနိုင်ငံဆိုင်ရာ OIC အထူး ကိုယ်စားလှယ်အဖြစ် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဟောင်းကို ခန့်အပ်

    မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း တန်ဆရီ ဆရဒ်အဟာမစ်အလ်ဘာအာ ခန့်အပ်လိုက်သည်ဟု OIC အထွေထွေအတွင်းရေးမှူး Iyad Amin Madani က မေလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ၁၄ ဦးသေဆုံးသော ရာဇာမင်းကား မှောက်မှု မှ ဒဏ်ရာရသူတချို့ အသက်အန္တရာယ် စိုးရိမ်ရ

    ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီး သည် တင်ယဉ် မေလ ၁၃ ရက်နေ့ ညပိုင်းက တိမ်းမှောက်ခဲ့ရာ ခရီးသည်၁၄ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများမှာ လည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း သတင်းရရှိသည်။

    ဆက်ဖတ် ရန် ...
  • အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် လူထုပါဝင်မှု အင်အား တိုးမြှင့်ရေး ဒေါ်အောင်ဆန်း စုကြည်နှင့် ၈၈ ဆွေးနွေး

    မြန်မာနိုင်ငံတ၀န်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နေသော်လည်း ယခုထက်ပိုမို၍ အခြေခံဥပဒေပြင်ဆင်ရေးတွင် လူထုအင်အားပိုမို တိုးမြှင့်ပါဝင်လာနိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအကြား ဆွေးနွေးကြကြောင်း သိရှိရသည်။

    ဆက်ဖတ် ရန် ...
We are All Zakzaky