အာလေ့ စအူးဒ်တရားရုံးမှ ကသီးဖ်နေ ရှီအာ လူငယ် ၃ဦးအား သေဒဏ် အမိန့်ချမှတ်

  • News Code : 795832
  • Source : ABNA
Brief


ဆော်ဒီ နိုင်ငံရှိ အာလေ့ စအူးဒ်၏ တရားရုံး မှ ရှီအာများနေထိုင်သည့် ကသီးဖ် ပြည်နယ်နေ လူငယ် ၃ဦး အားအစိုးရအားဆန့်ကျင်သည် ဆန္ဒပြပွဲများတွင်ပါဝင်သည့် ပြစ်မှု ဖြင့် သေဒဏ် ချမှတ်သည့် စာကို ထုတ်ပြန်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆော်ဒီ နိုင်ငံရှိ  အာလေ့ စအူးဒ်၏ တရားရုံး မှ ရှီအာများနေထိုင်သည့် ကသီးဖ် ပြည်နယ်နေ လူငယ် ၃ဦး အားအစိုးရအားဆန့်ကျင်သည် ဆန္ဒပြပွဲများတွင်ပါဝင်သည့် ပြစ်မှု ဖြင့် သေမိန့်ချမှတ်သည့် စာကို ထုတ်ပြန်ခဲ့ပါတယ်။   


အလ်အဟဒ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ  အာလေ့စအူးဒ် တရား ရုံးမှ အလ်ကသီးဖ်နေ ရှီအာ မွတ်စလင်မ် လူငယ် ၃ ဦး အား သေဒဏ် ချမှတ်ခဲ့ပါတယ်။ အခြားလူငယ် တစ်ဦးကိုလည်း ထောင်ဒဏ် ၁၂  နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။


ဤရှီအာမွတ်စလင်မ် လူငယ် ၃ဦးအား  အစိုးရ  အား လက်နက် ကိုင် ဆန့်ကျင် ဆန္ဒပြပြီး ဆော်ဒီလုံခြုံရေး တပ်သားများကို သေနတ်နှင့်ပစ်ခတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
သတင်းအထောက်အထားများအရ သေဒဏ် ချမှတ်ခံရသည် ရှီအာ လူငယ် ၃ဦးမှာ အဗ်ဒွလ္လာဟ် အာဒေလ် ၊မိုဟမ္မဒ် အလ်ခါသမ် ၊ဂျာဗေရ် ဇဟီးရ် အလ်မရ်ဟွန်န် တို့ ဖြစ်ပါတယ်။


ဆော်ဒီ အာရေဗျ နှင့်ပတ်သက်ပြီး လူအခွင့်အရေး အဖွဲ့အစည်းများ မှ ဆော်ဒီ ထောင်များ အတွင်း သေဒဏ် ချခံထားရသူ ၅၇ ရှိကြောင်း ၎င်း ၅၇ ဦးမှ ၂၅ဦး  မှာ အရှ်ရှရီကီယာ ဒေသမှ ဖြစ်ကြောာင်း ပြောကြားခဲ့ပါတယ်။
မှတ်သားရမည့်အချက်မှာ အာယာသွလ္လာဟ် ဘာကဲရ် အလ်နေမေရ် ရှဟီးဒ် ဖြစ်ခဲ့တာ တစ်နှစ်ပြည့်ရန် နီးလာသည့်နှင့်အမျှ အာလေ့စအူးဒ်အနေဖြင့် ရှီအာ မွတ်စလင်မ်များ နေထိုင်သည့် ဒေသများ တွင် လုံခြုံရေး တပ်များကို တင်းကြပ်စွာ ချလာပါတယ်။


လူငယ်များကိုလည်း အကြောင်း အမျိုးမျိုး ပြပြီး ဖမ်းချုပ်နေပါတယ်။


ဆော်ဒီအစိုးရ အနေဖြင့်  ၎င်းတို့ကို ဆန့်ကျင်သည့် လူငယ် မှန်သမျှ၏ မိသားစု အားလုံး၏ ဘဏ် အကောင့်များကို လည်း ပိတ်ထားပါတယ်။


သတင်းအထောက်အထားများအရ အာလေ့စအူးဒ်အနေဖြင့် မိမိတို့၏ ရက်စက်ယုတ်မာ လူမဆန် သည့် ပေါ်လစီများကို ကျင့်သုံးလျက်ရှိပြီး  အရှ်ရှရီကီယာ ဒေသရှိအကြီး အကဲများကို လည်း မိမိတို့၏ မတရားသည့် တရားရုံးများကို ပို့ဆောင်ပြီး မတရားသည့် စီရင် ချက် များ ချနေပါတယ်။


ပြီးခဲ့သည့် ဇန်နဝါရီလ ၂ရက်နေ့ကို ဆော်ဒီ အစိုးရ မှ အခြေအမြစ်မခိုင်လုံသည့် စွပ်စွဲချက်ဖြင့် အာယာသွလ္လာဟ် ဘာကဲရ် အလ်နေမေရ် နှင့် အခြားရှီအာအကြီးအကဲ ၄ဦးအား သေဒဏ်ဖြင့် ရက်စက်လူမဆန်စွာ သတ်ခဲ့ခြင်း ဖြစ်ပါတယ်။



==================
251 / end


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky